အာဆင်နယ်အသင်းရဲ့ အကောင်းဆုံး တကျော့ပြန်နိုင်ပွဲများ – အပိုင်း ၁

ပြီးခဲ့တဲ့ သီတင်းပတ်က ဝူဗာဟက်တန်ကို အိမ်ကွင်းအမ်းမရိတ်မှာ အာဆင်နယ်ဟာ တိုက်ပွဲ၀င်စိတ်ဓာတ်အပြည့်နဲ့ နောက်ဆုံးမိနစ်တွေအထိ ရင်ဆိုင်ပြီး နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။  တီယာနေရဲ့အဆိုအရတော့  “ နောက်ဆုံးမိနစ်နိုင်ပွဲတွေလောက် ကောင်းတာမရှိဘူး “  လို့ပဲဆိုပါစို့ဗျာ။

ဒီလိုမျိုး အာဆင်နယ်အသင်း နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ အကောင်းဆုံးပွဲစဉ်တွေကို ပရိသတ်တွေအမှတ်ရအောင် စုစည်း ဖော်ပြပေးလိုက်ရပါတယ်။ 

() အာဆင်နယ် တော့တင်ဟမ်ဟော့စပါး(၂၀၁၈) 

အူနိုင်းအမ်မရီရဲ့ ပထမဆုံး လန်ဒန်ဒါဘီပွဲစဉ်ဟာ စိတ်လှုပ်ရှားစရာအပြည့်နဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အူဘာမီယန်းရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အဲရစ်ဒိုင်ယာက ချေပဂိုး  သွင်းယူပြီး အာဆင်နယ် ပရိသတ်တွေရှေ့ အောင်ပွဲခံချိန်မှာတော့ ပွဲရဲ့ အရှိန်ဟာ မြင့်တက်လာခဲ့ပါတယ်။ 

ပထမပိုင်း ၃၄မိနစ်မှာ ရော့ဟိုးဒင်းက ဆွန်ဟောင်မင်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကနေ ရရှိခဲ့တဲ့ ပင်နယ်တီကို ဟယ်ရီကိန်းက သွင်းယူခဲ့ပါတယ်။ 

ဒုတိယပိုင်းအစမှာ အမ်မရီက အာရွန်ရမ်ဆေးလ်နဲ့ လာကာဇက် နှစ်ဦးကို ထည့်သွင်းခဲ့ပါတယ်။ အမ်မရီရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ခဲ့ပြီး ရမ်ဆေးက အူဘာမီယန်းရဲ့ ချေပဂိုးကို ဖန်တီပေးခဲ့သလို လာကာဇက်ကလည်း အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။အသင်းရဲ့ လေးဂိုးမြောက်သွင်းဂိုးကို တော်ရိုင်းရားက တန်ပြန်တိုက်စစ်ကနေ သွင်းယူခဲ့ပြီး မြောက်လန်ဒန်ဒါဘီပွဲစဉ်အတွက် အနိုင်ရလဒ်ကို ပြတ်သားစေခဲ့ပါတယ်။ 

() အာဆင်နယ် ၄ လက်စတာ   (၂၀၁၇-၁၈ ဘောလုံးရာသီ)

ဒီပွဲစဉ်ဟာ လာကာဇက်ရဲ့သွင်းဂိုးနဲ့အတူ အိမ်ရှင်အသင်းအတွက် အဖွင့်လှခဲ့ပေမယ့် သုံးမိနစ်အကြာမှာပဲ အိုကာဇာကီက လက်စတာအတွက်ချေပဂိုး သွင်းယူပေးခဲ့သလို ပွဲချိန်မိနစ်သုံးဆယ်မှာ ဗာဒီက ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြန်ပါတယ်။ ပထမပိုင်း အချိန်ပို မိနစ်မှာတော့ ဝဲဘတ်က အာဆင်နယ်အတွက် ချေပဂိုးကိုပြန်လည်သွင်းယူခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာ ဗာဒီရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုလိုက်ရပြီးနောက် ၀င်းဂါးက ဂျီရူး နဲ့ ရမ်ဆေးတို့ကို လူစားလဲထည့်သွင်းခဲ့ပါတယ်။ ရမ်ဆေးနဲ့ ဂျီရူး တို့နှစ်ဦးလုံးက ၈၃မိနစ်နဲ့ ၈၅မိနစ်မှာ အသင်းအတွက်ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကိုသွင်းယူပေးခဲ့ပြီး ချိုမြန်တဲ့ နိုင်ပွဲတစ်ပွဲကို ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။ 

Advertisements

() ၂၀၂၀ အက်ဖ်အေဖလားဖိုင်နယ် အာဆင်နယ် ချဲလ်ဆီး 

ဒီပွဲစဉ်လေးကိုတော့ ပရိသတ်တွေရင်ထဲမှာ ပူပူနွေးနွေးပဲ ရှိနေဦးမှာပါ။ ချဲလ်ဆီးက ပူလီဆစ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ‌ပွဲချိန်၂၈မိနစ်မှာတော့ အူဘာမီယန်းက သူ့ကြောင့်ရလာခဲ့တဲ့ ပင်နယ်တီကို သူကိုယ်တိုင်ပဲ ကန်သွင်းခဲ့ပြီး ချေပဂိုးရယူပေးနိုင်ခဲ့ပါတယ်။ 

ပွဲချိန်၆၇မိနစ်မှာ အူဘာမီယန်းက ချဲလ်ဆီးနောက်ခံလူ ဇူးမားကို ကျော်ဖြတ်ပြီး အသင်းကို ချန်ပီယံဖြစ်စေမယ့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ချဲလ်ဆီးဟာ ချေပဂိုးရဖို့ တိုက်စစ်ဆင်ခဲ့ပေမယ့် အာဆင်နယ်က ခံစစ်ကို အမှားအယွင်းမရှိအောင်ကစားနိုင်ခဲ့ပါတယ်။ ပွဲသိမ်းခရာမှုတ် ချိန်မှာတော့ အာတီတာရဲ့ အာဆင်နယ်ဟာ အသင်းအတွက် ၁၄ကြိမ်မြောက် အက်ဖ်အေဖလားကို ရယူပေးနိုင်ခဲ့ပါတယ်။ 

() ရီဒင်း အာဆင်နယ်   (၂၀၁၂- ၁၃ ဘောလုံးရာသီ)

ဒီပွဲစဉ်ဟာ အာဆင်နယ်အသင်းအတွက်သာမဟုတ်ပဲ ထိပ်တန်းဘောလုံးပြိုင်ပွဲတွေထဲမှာ  အိပ်မက်အဆန်ဆုံး၊အလှပဆုံး တကျော့ပြန်နိုင်ပွဲတွေထဲက တစ်ပွဲပဲဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ လိဂ်ဖလားပွဲစဉ်ဖြစ်တဲ့အတွက် ၀င်းဂါးဟာ အရံလူငယ်ကစားသမားတွေဖြစ်တဲ့ ဂျန်ကင်ဆန်၊ ဂျိုရူး ၊ဖရင်ပေါင်နဲ့ မီကွယ်တို့လို ကစားသမားတွေနဲ့ ရီဒင်းကို ရင်ဆိုင်လာဖို့ ပွဲထုတ်လာခဲ့ပါတယ်။ 

ပထမပိုင်း မပြီးဆုံးခင်မှာပဲ အာဆင်နယ်ဟာ ၄ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပြီး ပထမပိုင်းအချိန်ပိုမှာ ရရှိခဲ့တဲ့ ဝဲလ်ကော့ရဲ့ သွင်းဂိုးကြောင့် ၄-၁ဂိုးဆိုတဲ့ ရလဒ်နဲ့ ပထမပိုင်းကို ပြီးဆုံးခဲ့ရပါတယ်။

ဒုတိယပိုင်းကတော့ အာဆင်နယ်အတွက်ပဲ ဖြစ်ခဲ့ပါတယ်။ဂျီရူး ၊ကော့စီရယ်နီတို့က ချေပဂိုးတွေကို ဆက်လက်သွင်းယူပေးခဲ့ပြီး အချိန်ပို နောက်ဆုံးမိနစ်မှာ ဝဲလ်ကော့ဟာ နောက်ဆုံး ချေပဂိုးကို သွင်းယူပေးခဲ့တာကြောင့် ၄-၄ဆိုတဲ့ ဂိုးရလဒ်နဲ့ နောက်ထပ်အချိန်ပိုကစားဖို့ ဖြစ်လာခဲ့ပါတယ်။ 

အချိန်ပို ၁၀၃မိနစ်မှာ ချာမက်က အာဆင်နယ်အတွက် ပထမဆုံးချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့် ရီဒင်းကလည်း ချေပဂိုးပြန်လည်သွင်းယူခဲ့တာကြောင့် သရေရလဒ်ပြန်လည်ထွက်ပေါ်ခဲ့ပါတယ်။ ပင်နယ်တီအဆုံးအဖြတ်ခံယူရတော့မယ်လို့ အားလုံးက ‌တွေးနေတုန်းမှာပဲ ဝဲလ်ကော့က အသင်းအတွက် ဦးဆောင်ဂိုးထပ်သွင်းခဲ့သလို ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုမှာပဲ ချာမက်က နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အာဆင်နယ်အတွက် ပြီးပြည့်စုံတဲ့ တကျော့ပြန်အောင်ပွဲ၊သမိုင်း၀င်နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: