အသင်းဆီဝင်းဂါးပြန်လာဖို့ အမှန်တကယ်လိုအပ်ရဲ့လား

အမ်းမရိတ်ကို ကျောခိုင်းသွားပြီးကတည်းက ဝင်းဂါးတစ်ယောက်အသင်းဆီကိုပြန်မလာသေးပါဘူး။ ပြင်သစ်သားကြီးဟာ ၂၀၁၈ ခုနှစ်မှာအသင်းကို စွန့်ခွာသွားခဲ့တာဖြစ်ပါတယ်။ အသင်းကို  ဆယ်စုနှစ်  ၂ ခုကျော်နည်းပြပေးခဲ့တဲ့သူ ၊  တိတိကျကျပြောရရင် နည်းပြထက်များစွာပိုတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့သူ ဂန္တဝင်ကြီးဖြစ်ခဲ့ပါတယ်။  သူက အာဆင်နယ်ရဲ့ သမိုင်းမှာ အကောင်းတကာ့အကောင်းဆုံးတစ်ယောက်ပေါ့။ ဒါပေမယ့် အသင်းကနေ ထွက်ခွာသွားခဲ့ရပုံက သူဖြစ်ချင်သလိုပုံစံမျိုးတော့မဟုတ်ခဲ့တာအသေအချာပါ။ ဒီတော့ သူပြန်မလာခဲ့ဘူးပေါ့။ ဒါက ဖြစ်စဥ်တစ်ခုပါပဲ။  Thanks for the memories but it is time to say good-bye  ဆိုတဲ့စာသားဟာ သူ့နှလုံးသားကို ထိခဲ့ပုံရပါတယ်။

လက်ရှိနည်းပြအာတီတာဟာ  ဝင်းဂါးကိုယ်တိုင်ခေါ်ယူစာချုပ်ခဲ့တဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။  အာတီတာဟာ ဝင်းဂါးကို အသင်းမှာ ဘယ်လိုပုံစံနဲ့မဆိုရှိစေချင်တယ်ဆိုပြီး လူသိရှင်ကြားဝန်ခံထားခဲ့ပါတယ်။ ကလပ်ဖက်ကလည်း အားထုတ်မှုတွေရှိခဲ့တာ သိသာပါတယ်။ ဂျို့ရ်ခရွန်ကီဖက်က လည်း ဝင်းဂါးနဲ့ ဆွေးနွေးဖို့အတွက်ကြိုးပမ်းနေကြောင်းထုတ်ပြောခဲ့ပါတယ်။ ဒါပေမယ့် သဘောတူညီမှုတစ်စုံတစ်ရာတော့မရရှိနိုင်သေးပဲ ဂန္တဝင်ကြီးကအသင်းနဲ့အဝေးမှာပဲရှိနေဆဲဖြစ်ပါတယ်။

Standard Sports ရဲ့အဆိုအရတော့ ဝင်းဂါးဟာ FIFA မှာရာထူးတစ်ခုရယူထားပြီးလုပ်ငန်းတာဝန်များစွာကို ထမ်းဆောင်နေတာကြောင့်  အမ်းမရီတ်ဖက်ကို မလှည့်အားသေးဘူးလို့ဖော်ပြထားပါတယ်။

အာဆင်ဝင်းဂါးကို  အသင်းဖက်ကရော  အာတီတာဖက်ကပါ ပြန်လာဖို့ကြိုးစားနေပေမယ့်  Just Arsenal ရဲ့ ဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့  မာတင်ကတော့  မတူကွဲပြားတဲ့အမြင်ကိုရေးသားလာခဲ့ပါတယ်။

“  ဝင်းဂါးဟာ အာဆင်နယ်သမိုင်းကြောင်းမှာ မဖြစ်မနေအသိအမှတ်ပြုရမယ့် ကြီးကျယ်ခန်းနားသူတစ်ယောက်ဆိုတာအသေအချာပါပဲ။ ဒါကို ကျွန်တော်တို့ နှစ်နှစ်ကာကာ အလေးအနက်ထားပါတယ်။  ကျွန်တော်တို့တွေက ဝင်းဂါးနဲ့ကြီးပြင်းလာတာပါ။ သူ့ကြောင့်အာဆင်နယ်အသင်းကလည်းပရိတ်သတ်ပေါင်းများစွာကိုရရှိခဲ့ပါတယ်။  ဒါပေမယ့် ကျွန်တော်တို့တွေရှေ့ဆက်ရပါလိမ့်မယ်။  ဝင်းဂါးကို ပြန်လာစေချင်ကြတဲ့သတင်းတွေကိုဖတ်ရတာအလွန်ပင်ပန်းနေပါပြီ။  ဒါ့အပြင်  ကျွန်တော်တို့မှာ ကိုယ်ပိုင်သမိုင်းသစ် ၊ ကိုယ်ပိုင်ဂုဏ်သိက္ခာကိုဖန်တီးမယ့် မန်နေဂျာတစ်ယောက်လဲရှိနေပါပြီ။  သူ့ကိုအခွင့်အရေးတွေပေးနိုင်ဖို့က ပိုအရေးကြီးပါတယ်။ အာတီတာကို ကျွန်တော်တို့ အားပေးရပါမယ်။ သူဘယ်လောက်အထိ ကလပ်အသင်းနဲ့အတူတူ ခရီးဆက်နိုင်မယ်ဆိုတာကို ပဲစောင့်ကြည့်သွားရမှာဖြစ်ပါတယ် “  လို့ဆောင်းပါးမှာရေးသားခဲ့ပါတယ်။

ပရီတ်သတ်ဆိုတာတော့ သူတို့ချစ်ခင်နှစ်သက်သူတွေကို အမြဲတန်းအနားမှာထားချင်တဲ့သဘောရှိပါတယ်။ အသင်းရဲ့ ဂုဏ်သိက္ခာကိုလည်းမြင့်တက်စေမှာ အမှန်ပါ။ ဒါပေမယ့် အစစအရာရာမတူညီတော့တဲ့ ခေတ်သစ်ဘောလုံးလောကထဲကို အသင်းနဲ့အတူ မှတ်တိုင်စိုက်ထူးဖူးခဲ့သူတစ်ယောက်ကို ပြန်ဆွဲခေါ်တာဟာ အန္တရာယ်များလွန်းလှပါတယ်။  ကံမကောင်းရင် သူ့ရဲ့ ဂုဏ်သိက္ခာတွေထပ်မံဆုံးရှုံးသွားနိုင်ပါတယ်။  သာဓကများစွာလဲ မြင်ခဲ့ရပြီးပြီမဟုတ်လား၊ ဒါကြောင့် လက်ရှိရနေတဲ့အရှိန်ကိုဆက်ပြီး ထိန်းသိမ်းရင်း အနာဂတ်ကို  ခရီးဆက်သွားနိုင်ဖို့ကအရေးအကြီးဆုံးပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: