ခံစားချက်တွေရှုတ်ထွေးနေပုံရတဲ့တူချယ် (Press Con)

လူတန်အသင်းနဲ့ကစားရမယ့်ပွဲမတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တူချယ်ဟာ ကွင်းတွင်းကိစ္စရပ်တွေထက် ကွင်းပြင်ပက စစ်ရေးဆိုင်ရာ နဲ့အသင်းရဲ့ အုပ်ချုပ်မှုပိုင်းဆိုင်ရာမေးခွန်းတွေကိုပိုပြီးမေးမြန်းခြင်းခံခဲ့ရပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ချဲလ်ဆီးနဲ့မပတ်သတ်တော့ပဲ   တာဝန်လွှဲပေးပြီးတဲ့နောက်မှာ  ခင်ဗျားရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ  ဘာအပြောင်းအလဲတွေရှိလာခဲ့သလဲ?

“ ဒီဆုံးဖြတ်ချက်က ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းဖြစ်တည်ခဲ့တဲ့ကိစ္စတစ်ခုပါပဲ။ ပထမအသင်းကြီးကို ကိုင်တွယ်နေရတဲ့ နည်းပြတစ်ယောက်အတွက်တော့နေ့စဥ်လုပ်ငန်းဆောင်တာတွေအပေါ် သက်ရောက်မှု ကြီးကြီးမားမားမရှိလှပါဘူး။ ကျွန်တော် ပီတာချက်နဲ့ နေ့စဥ်ဆွေးနွေးတယ်။ လိုအပ်တာတွေအတွက် မာရီနာနဲ့တိုင်ပင်တယ်။  အသင်းအတွက်ပိုကောင်းမယ့်အရာတွေအတွက် လုပ်စရာရှိတာလုပ်နေပါတယ်။ ဒါကြောင့် အထွေအထူးပြောင်းလဲမှုမရှိဘူးလို့ ကျွန်တော်ထင်ပါတယ် “

လက်ရှိကမ္ဘာကြီးမှာဖြစ်နေတဲ့ကိစ္စတွေကို ခင်ဗျားသိမှာပါ။ အသင်းမှာ ရိုမန်ရှိနေခြင်းက ပြသနာတစ်ခုလို့ ခင်ဗျားထင်ပါသလား။

ဒီကိစ္စတစ်ခုလုံးကို ထင်မြင်ချက်ပေးဖို့ကတော့  ကျွန်တော့်အတွက် ကြီးကျယ်လွန်းပါတယ်။  ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတဲ့အသေးစိတ်ကိုလည်း ကျွန်တော်မသိထားပါဘူး။  ဒါပေမယ့် ကမ္ဘာကြီးပေါ်မှာ ဘောလုံးထက်အရေးကြီးတာတွေအများကြီးရှိနေတာကတော့ သေချာပါတယ်။  အခုဖြစ်နေတဲ့ စစ်ပွဲလဲ အပါအဝင်ပေါ့ဗျာ။  အေဘရာမိုဗစ်ချ်ရဲ့ ကိစ္စကတော့ ကျွန်တော့်အတွက် သက်ရောက်မှုမရှိတဲ့ကိစ္စပါ။ ဒါက ရှင်းလင်းတဲ့ကိစ္စတစ်ခုပါပဲ။

ဘောလုံးအကြောင်းထက်အသင်းရဲ့ ကိစ္စတွေကို အဓိကထားဖြေဆိုနေရတဲ့ တူချယ်အတွက် လီဗာပူးနဲ့ပွဲစဥ်တုန်းကအကြောင်းကိုမေးမြန်းခဲ့ရာမှာတော့ တူချယ်က

“  အသင်းကပုံစံကောင်းရခဲ့ပါတယ်။ ဒါပေမယ့် ဝန်ပိုတွေတအားထမ်းနေခဲ့ရပါတယ် “  

ဒဏ်ရာရကစားသမားတွေများပြားနေတဲ့အခြေအနေကို ရည်ညွန်းခဲ့တာဖြစ်ပြီး  လူတန်နဲ့ ကစားရမယ့်ပွဲအတွက်လည်း ရှိတဲ့ကစားသမားများထဲကပဲ ရွေးချယ်ရမှာဖြစ်ကြောင်းပြောသွားခဲ့တာပါ။

Advertisements

လက်ရှိဖြစ်နေတဲ့ကိစ္စတွေကြားကနေ ဘယ်လိုမျိုးအာရုံမပြန့်လွင့်အောင်ကြိုးစားနေရသလဲလို့မေးမြန်းချိန်မှာတော့ တူချယ်အနေနဲ့ ခံစားချက်ရောပြွမ်းတဲ့အဖြေကို  စိတ်ရှုတ်လာဟန်နဲ့ဖြေဆိုခဲ့ပါတယ်။

“ နားထောင်ဗျာ …. ကျွန်တော် ဘယ်နှကြိမ်ဖြေရမလဲ .. စစ်ပွဲဟာ ကြောက်စရာတကယ်ကောင်းပါတယ်။   ဒီအဖြေအပြင်တခြားဖြေစရာမရှိပါဘူး။  ဥရောပမှာရှိနေတဲ့လူတိုင်းဟာ  ဗုံးသံတွေကိုပဲနားထဲမှာ ကြားယောင်နေရတာပါ။ ဒါကိုဘယ်သူမှမကြိုက်ပါဘူး။ တချိန်ထဲမှာပဲ  ကိုယ့်အလုပ်တွေကိုယ်အကောင်းဆုံးလုပ်နေရတာပါပဲ။ ခင်ဗျားတို့ ကျွန်တော်တို့အားလုံးတူတူပါပဲ “

စစ်ပွဲအကြောင်းမေးဖို့ပြင်ဆင်လာတဲ့ သတင်းထောက်တစ်ယောက်ကို တူချယ်က ကြားဖြတ်ပြီးပြောဆိုခဲ့ပါတယ်။

“  ကျွန်တော့်ကို ထပ်မမေးပါနဲ့တော့ ။  ကျွန်တော်က နိုင်ငံရေးသမားတစ်ယောက်မဟုတ်ပါဘူး။  ကျွန်တော့်အနေနဲ့ ဝမ်းနည်းကြောင်းပဲပြောနိုင်တာပါ။ ကျွန်တော်လဲ စစ်ပွဲဆိုတာကို မကြုံဖူးပါဘူး။  ကျွန်တော်တို့က သိပ်ကံကောင်းပြီး အခွင့်ထူးခံစားခွင့်ကိုရနေကြသူတွေပါ။  ဒီနေရာမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့ထိုင်ပြီးလုပ်နိုင်သမျှကို အကောင်းဆုံးလုပ်ခွင့်ရနေကြပါတယ်။  ဒါပေမယ့် ဒီအကြောင်းတွေမေးတာကိုရပ်လိုက်ပါတော့။ ကျွန်တော့်မှာ အဖြေမရှိပါဘူး  “  လို့ ဒေါသနဲ့အတူပြန်ဖြေသွားခဲ့တာပါ။

သူနဲ့သူ့အသင်းသားတွေဟာ အားကစားဆိုင်ရာကိစ္စတွေကို အာရုံစိုက်ထားပြီး ပရိတ်သတ်တွေကို ဖျော်ဖြေဖို့ကိုသာလုပ်ဆောင်သွားမယ်လို့ ပြောဆိုရင်းအဆုံးသတ်ခဲ့ပါတယ်။  လတ်တလောမှာ အသင်းရဲ့  အခြေအနေတွေကတော့ရှုတ်ထွေးလာနေပြီး  ရိုမန်ကလည်းအသင်းကိုရောင်းချဖို့ ပြင်ဆင်နေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာနေပါတယ်။ ချဲလ်ဆီးအသင်းကို ဝယ်ယူလိုသူတွေအများကြီးရှိနေပေမယ့်  အသင်းရဲ့တန်ကြေးကအတော်လေး ကြီးမြင့်နေတယ်လို့သိရပါတယ်။  အသင်းရဲ့ ငွေစာရ​င်းထဲကနေ ရိုမန်ကို ပြန်ဆပ်ရမယ့် အကြွေးတင်  ဒေါ်လာ ၂ ဘီလီယံခန့်ရှိနေပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: