ပါတေးရဲ့တွဲဖက်သစ် ဘယ်သူဖြစ်သင့်လဲ

ဒီရက်ပိုင်းအတွင်းရေပန်းအစားဆုံးမေးခွန်းများစွာထဲက တစ်ခုကတော့ အာဆင်နယ်ကွင်းလယ်မှာ ဘယ်လိုကစားသမားမျိုးလိုအပ်နေလဲ ၊ အာတီတာရှာဖွေနေတာ ဘယ်လိုအရည်အသွေးမျိုးလဲဆိုတာပါပဲ။ သောမတ်စ်ပါတေးကိုဗဟိုပြုကာ ရှာကာကိုဝန်းရံစေတဲ့ပုံစံနဲ့  ၂ ရာသီနီးပါးကျော်ဖြတ်လာပြီးတဲ့နောက်မှာတော့ အာဆင်နယ်ကွင်းလယ်အတွက် မေးစရာမေးခွန်းတွေလဲ ဆက်တိုက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ တစ်ကွင်းလုံးနီးပါး ပြေးလွှားကစားနေတဲ့  ၊ ဗီအဲရာကိုလွမ်းနေသူတွေကို အလွမ်းဖြေပေးနိုင်တဲ့  ပါတေးရဲ့စွမ်းဆောင်ရည်ဟာ သံသယဖြစ်စရာလုံးဝမရှိပါဘူး။  ပါတေးဘယ်လိုဆိုတာ အခုရက်ပိုင်းတွေမှာပိုပြီးသိသာနေတာပဲမဟုတ်လား။

ဘယ်လိုပဲပွဲထွက်လာပါစေ။ အာဆင်နယ်အသင်းကစားပုံက ကွင်းထဲရောက်တဲ့အခါ  ပါတေးနဲ့ ရှာခါတို့က Double Pivot ဖြစ်ပြီးတဖက်အသင်းကွင်းလယ်ကို ချုပ်ကိုင်သွားတာချည်းပါပဲ။ ဘောလုံးပိုင်ဆိုင်ထားချိန်မှာဆိုရင် ရှာခါရဲ့ အခန်းကဏ္ဏက ပိုကျယ်ပြန့်လာသလိုရှိပြီး  ပါတေးကတော့ No 6 Role မှာ Defensive Midfielder ဆန်ဆန်ကစားသွားတာကိုမြင်နေရပါတယ်။  ၄-၂-၃-၁ ၊  ၄-၁-၄-၁ ၊ ၄-၃-၃  ဘယ်လိုပဲကစားပါစေ ၊  တိုက်စစ်  Pattern ကတော့  ဒီပုံစံပါပဲ။ ရှင်းအောင် ပြောရရင် ရှာခါက  ခံစစ်ကစားချိန်မှာ ပါတေးနဲ့တွဲပြီး ၊ တိုက်စစ်ကစားချိန်မှာ ရှေ့တက်ပြီး အိုဒီဂတ်နဲ့တက်ပြီးတွဲလေ့ရှိပါတယ်။

ဆက်ပြီးဆွေးနွေးရမယ့်အချက်ကတော့  အသစ်ရောက်လာမယ့် ကွင်းလယ်ကစားသမားရဲ့ စွမ်းဆောင်ရည်နဲ့ပုံစံပါပဲ။  အာဆင်နယ်သွားနေတဲ့ဟန်က  စီနီယာအထိုင်နှစ်ယောက်ကို  ဖန်တီးမှုအားကောင်းတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်နဲ့ပေါင်းစပ်ပြီးကွင်းလယ်ကို ချယ်လှယ်တာပါ။  ဘယ်လိုကစားသမားမျိုးက ဒီအခြေအနေကို ပိုကောင်းစေမှာပါလဲ။  တကယ်လို့သာ ပါတေးက အခုလိုကွင်းလယ်အထိုင်မှာကစားရတာနှစ်သက်ပြီး ခံစစ်ကိုပဲအပြည့်အဝတာဝန်ယူသွားမယ်ဆိုရင် ဒေါက်ကလပ်စ်လူးဝစ်လိုကစားသမားမျိုးက လိုရောလိုအပ်သေးရဲ့လား။  ပါတေးနဲ့တူညီတဲ့ စွမ်းဆောင်ရည်တွေအာဆင်နယ်မှာ ထပ်ပြီးလိုသေးလို့လား။​ ဒီမေးခွန်းက စိတ်ဝင်စားစရာပါပဲ။

မီဒီယာတွေရဲ့ အာရုံက  မြောက်လန်ဒန်အရပ်ဆီကို ပြန်ပြီးအာရုံကျနေကြပါတယ်။  သူတို့က “ အာဆင်နယ်နဲ့ ချိတ်ဆက်နေတယ် “ ဆိုတဲ့သတင်းတွေနဲ့အတူ ကစားသမားတွေများစွာကို စာမျက်နှာထက် တင်သွင်းလာကြမယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ ငွေကြေးကို ဟန်ကျပန်ကျသုံးစွဲရပါလိမ့်မယ်။  ရှာခါထက်ပိုပြီး ငယ်ရွယ်လျှင်မြန်တဲ့ ပလေယာမျိုးကို  အာဆင်နယ်တို့ ဖြည့်တင်းရပါလိမ့်မယ်။  ဥပမာ ဖေဘီယန်ရုဇ်လို ကစားသမားမျိုးပေါ့။

ရုဇ်ဟာ  ရှာခါနဲ့ကစားဟန်အတော်ကလေးနီးစပ်သူဖြစ်ပါတယ်။ ဒါပေမယ့်ပိုပြီး ရွှေ့လျားနိုင်တယ်၊ လျင်မြန်တယ်၊ ဆွစ်ဇာလန်သားကြီးထက် တိုက်စစ်မှာလည်းပိုပြီးပါဝင်နိုင်သူဖြစ်ပါတယ်။  အာတီတာစိတ်ကြိုက်ဘယ်သန်လဲဖြစ်ပါတယ်။  နောက်ထပ်တစ်ဦးအကြောင်းဆိုရင်တော့ ရီနာတိုဆန်းချက်စ်ဖြစ်ပါတယ်။နိုင်ငံအသင်းနဲ့အတူထွန်းတောက်လာတဲ့ ပေါ်တူဂီသားဟာ အပြောင်းအရွေ့သတင်းစုံနဲ့အတူ ရာသီကုန်မှာ အပြောင်းအလဲတစ်ခုတော့မြင်ရဖို့များသူဖြစ်ပါတယ်။ သူကလည်းလဲ အာတီတာရဲ့ စိတ်ကြိုက်ကစားသမားပါပဲ။  သူရဲ့ကစားပုံကတော့ အလိမ်အလှည့်တွေနဲ့ တိုက်စစ်လိုက်ပါတဲ့ကစားသမားဖြစ်ပါတယ်။  နေရာစုံကနေလည်းထိုးဖောက်နိုင်ပါတယ်။ နှစ်ယောက်စလုံးက ပါတေးနဲ့တွဲဖက်ဖို့ အဆင်ပြေကြသလို ကစားသမားဘဝရဲ့အကောင်းဆုံးအချိန်တွေကိုလဲချည်းကပ်စပြုနေကြပါပြီ။ နောက်တစ်ချက်ကတော့ ပြောင်းရွှေ့ကြေးအများကြီးပေးစရာမလိုတဲ့အချက်ပဲဖြစ်ပါတယ်။

ဘယ်သူကို အမှတ်တကယ်ခေါ်ယူသွားမလဲဆိုတာကတော့  အီဒူးနဲ့အာတီတာတို့ကိုပဲစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: