Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (2Mar)

လိုင်လီအသင်း ဒေးဗစ်ကိုရောင်းချဖို့ရည်ရွယ်ထား

လိုင်လီအသင်းဟာ  သူတို့ရဲ့တိုက်စစ်မှုး ဂျိုနသန်ဒေးဗစ်ကို ရောင်းထုတ်ဖို့ပြင်ဆင်နေပြီး  ပြောင်းရွေ့ကြေးအဖြစ် ပေါင်သန်း ၅၀ ခန့်သတ်မှတ်ထားတယ်လို့ စပိန်သတင်းစာ Fichajes ကဖော်ပြလာပါတယ်။ ကစားသမားအတွက် လိုင်လီအသင်းနဲ့ အာဆင်နယ်အသင်းအကြားပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ဆွေးနွေးမှုတွေရှိထားပြီးဖြစ်ပေမယ့် ၊ လက်ရှိအနေအထားအရ နယူးကာဆယ်အသင်းက ကြားဖြတ်ဝင်လာတာကြောင့် ဂန်းနားတို့အနေနဲ့ အပြိုင်ကြိုးပမ်းရဖွယ်ရှိနေပါတယ်။

ဂွမ်ဒူဇီကို ရောင်းချဖို့သေချာသွားပြီဖြစ်

အာဆင်နယ်အသင်းဟာ  ကွင်းလယ်ကစားသမား ဂွမ်ဒူဇီကို မာဆေးလ်အသင်းထံ အပြီးသတ်ရောင်းချဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်တယ်လို့ RMC Sport ကအတည်ပြုလာပါတယ်။  ဒီအပြောင်းအရွေ့ကို မာဆေးလ် ဥက္ကဌဖက်က သတင်းဌာနနဲ့အတွေ့မှာပြောသွားခဲ့တာဖြစ်ပြီး ၊ ကစားသမားနဲ့  ၃ နှစ်စာချုပ်အတွက် ပေါင် ၉ သန်းခန့်ပေးချေရဖွယ်ရှိတယ်လို့ သိရပါတယ်။ ဂွမ်ဒူဇီဟာ ဒီရာသီမှာ  ပြင်သစ်ကလပ်အတွက် ၃၈ ပွဲကစားပေးထားခဲ့ပြီး  နည်းပြ ဂျော့ဆမ်ပါအိုလီ ရဲ့  အဓိကကစားသမားလဲဖြစ်နေပါတယ်။

တီယာနေဖွင့်ဟလာတဲ့ အာဆင်နယ်အသင်းရဲ့ အဝတ်လဲခန်းအခြေအနေ

ဝက်ဖို့ဒ်နဲ့ပွဲမကစားမှီ အာဆင်နယ်အသင်းရဲ့အခြေအနေကို  တီယာနေးကအခုလိုပဲဖွင့်ဟပြောဆိုလာပါတယ်။

“ အသင်းကလောလောဆယ်ဘယ်အဆင့်မှာရှိနေတယ် ၊ ဘာတွေလုပ်နေကြတယ် ၊ ဘယ်လောက်ခက်ခဲမယ်ဆိုတာကို ကျွန်တော်တို့အားလုံးသေသေချာချာနားလည်ကြပါတယ်။ ကျွန်တော်တို့ဟာ အကောင်းမြင်စိတ်နဲ့အတူ ယုံကြည်မှုလဲရှိနေကြပါတယ်။  အသင်းရဲ့လူစာရင်းက အတွေ့အကြုံနုနယ်ပေမယ့်  ယုံကြည်ချက်ပြင်းထန်နေကြပါတယ်။ ဒါကလဲ အရေးအကြီးဆုံးလို့ထင်ပါတယ် “ ဆိုပြီးပြောဆိုလာခဲ့တာဖြစ်ပါတယ်။

Advertisements

ဆာကာကို ငွေကြေးမြင့်မားစွာနဲ့ စာချုပ်ဖို့အာဆင်နယ်ဦးစားပေးလုပ်ဆောင်မယ်

လီဗာပူးလ်အပါအဝင် အသင်းကြီးပေါင်းများစွာက စောင့်ကြည့်နေကြတဲ့ လူငယ်လေးဆာကာကို  အာဆင်နယ်အသင်းဟာ ပေါင် ၄၅ သန်းခန့်တန်ကြေးရှိတဲ့စာချုပ်သစ်ကို ချုပ်ဆိုဖို့ ကြိုးစားမှာဖြစ်တယ်လို့ Daily Mail ကဖော်ပြလာပါတယ်။ ဆာကာကို စာချုပ်သစ်ချုပ်ဆိုရေးဟာ အာဆင်နယ်အသင်းရဲ့ ပထမဦးစားပေးလုပ်ငန်းစဥ်တစ်ခုဖြစ်ကြောင်းလဲသိရပါတယ်။ ဆွေးနွေးမှုတွေစတင်ထားပြီးဖြစ်တယ်လို့ သိရပြီး  လတ်တလောမှာတော့ ပြိုင်ပွဲကိုသာအာရုံစိုက်ထားတာဖြစ်လို့ ခေတ္တဆိုင်းငံ့ထားကြောင်း အတည်ပြုထားပါတယ်။

နိုအာလန်းကို အာဆင်နယ် အမှန်တကယ်ကမ်းလှမ်းတော့မယ်လို့  သတင်းများကဖော်ပြ

ပြင်သစ်သတင်းစာ  Jeunes Footeux   ရဲ့အဆိုအရ  အာဆင်နယ်အသင်းဟာ သူတို့ရဲ့ပစ်မှတ်ဟောင်းဖြစ်တဲ့ တောင်ပံကစားသမား နိုအာလန်း  ကို နွေရာသီမှာ အမှန်တကယ်ကမ်းလှမ်းဖွယ်ရှိကြောင်းသိရပါတယ်။  ဘရုဂေးအသင်းဖက်ကလည်း ပေါင် ၃၅ – ၄၀ ခန့်ရရင်ရောင်းချသွားဖွယ်ရှိတယ်လို့ အဆိုပါသတင်းမှာဖော်ပြထားပြီး လက်စတာအသင်းကလည်း အပြိုင် စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။  အသက် ၂၂ အရွယ်ကစားသမားဟာ ၂၀၂၅ ခုနှစ်အထိလက်ရှိအသင်းနဲ့စာချုပ်ရှိထားသူဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: