ချဲလ်ဆီးသတင်းမှတ်စု (1Mar)

ဆေးဗားလ်ရဲ့အစွမ်းကို အံ့သြကြောင်းထပ်မံပြောကြားလာတဲ့ဖာဒီနန်

မန်ယူအသင်း ဂန္တဝင် ဖာဒီနန်က  အသက် ၃၇ နှစ်အရွယ်နောက်ခံလူ သီယာဂိုဆေးဗားလ်ကို ထပ်ပြီး ထုတ်ဖော်ချီးကျူးလာခဲ့ပါတယ်။  ဆေးဗားလ်ဟာ  ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ မိနစ် ၁၂၀ လုံးပြေးလွှားကစားသွားခဲ့ပြီး ခြေစွမ်းလဲပြသနိုင်ခဲ့ပါတယ်။  “   အသက် ၃၇ အရွယ်မှာ သူလုပ်ပြနေတာတွေက ရူးလောက်စရာပါပဲဗျာ .. တည်ငြိမ်တယ်  သွေးအေးတယ်။  ဖိအားတွေအောက်မှာအကောင်းဆုံးတုန့်ပြန်နိုင်တယ်။  အသင်းဖော်တွေကို ကစားပွဲတစ်လျှောက် အော်ဟစ်ညွန်ကြားနေခဲ့တာကိုတွေ့နေရပါတယ်။ ဆေးဗားလ်က တကယ်အံ့သြစရာပါပဲ “  လို့ပြောဆိုသွားခဲ့တာပါ။  

အသင်းနဲ့တူတူရှိကြောင်းထုတ်ပြောလာတဲ့ မန်ဒီ

တစ်ပွဲလုံးလက်စွမ်းပြခဲ့ပြီး နောက်ဆုံးမိနစ်မှာ လူစားလဲခံခဲ့ရသလို ၊ လူစားဝင်ဂိုးသမားကလဲ​ အမှားပြုလုပ်ခဲ့ပေမယ်  မန်ဒီက “ အသင်းအနေနဲ့ အတူတူတိုက်ပွဲဝင်ရမှာဖြစ်ပြီး ၊  အားထုတ်မှုအားလုံးအတွက် ဂုဏ်ယူကြောင်း “ ပြောဆိုသွားခဲ့ပါတယ်။  သူ့ရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာစာမျက်နှာများမှတဆင့် မန်ဒီက

“ ကျွန်တော်တို့အားလုံး က နိုင်လဲတူတူ ၊ ရှုံးလဲတူတူပါပဲ။  နောက်ဆုံးအချိန်အထိကြိုးစားကစားသွားကြတဲ့အသင်းသားတွေအတွက် ဂုဏ်ယူမိပါတယ်။ ဘာပဲဖြစ်ဖြစ်ရှေ့ဆက်လိုက်ကြစို့  “  ဆိုပြီး ရေးသားသွားခဲ့တာပါ။

လူကာကူနဲ့  ချယ်လ်ဆီးတိုက်စစ်မှုးများကို နှိုင်းယှဥ်လာခဲ့တဲ့  Weblog

ချဲလ်ဆီးအသင်းအကြောင်း သီးသန့်ရေးသားနေတဲ့ Chelsea News  Weblog မှ  တိုက်စစ်မှုးလူကာကူ နဲ့ အသင်းရဲ့ ကစားသမားဟောင်းများဖြစ်ကြတဲ့  အေဘရာဟမ်နဲ့ ဂျီရူးတို့ရဲ့ ယခုရာသီစွမ်းဆောင်ရည်တွေကို နှိုင်းယှဥ်ရေးသားလာပါတယ်။​  ရိုးမားတိုက်စစ်မှုး အေဘရာဟမ်က  ၁၉ ပွဲကစား ၃၅ ဂိုး ၊  မီလန်တိုက်စစ်မှုးဂျီရူးက  ၂၅ ပွဲကစား ၁၀ ဂိုးသွင်းထားနိုင်သော်လည်း  လူကာကူက  ၂၉ ပွဲထိကစားထားပြီးမှ  ၁၀​ဂိုးသာရ​ရှိထားတာဖြစ်ပါတယ်။  တိုက်စစ်မှုးလူကာကူမှာ အသင်းလိုက်ကစားပုံမှာလည်း အားနည်းချက်တွေရှိနေတာကြောင့် ပရီတ်သတ်များရဲ့ဝေဖန်မှုကိုလည်း ခံနေရသူဖြစ်ပါတယ်။

မန်ဒီဟာ ကစားသမားဘဝမှာအရာအားလုံးကို ပိုင်ဆိုင်မယ့်သူဖြစ်တယ်လို့ မာဆင်ချီးကျူး

ဘောလုံးပွဲသုံးသပ်သူ  ပေါလ်မာဆင်က  မန်ဒီကိုလူစားလဲလိုက်တဲ့ တူချယ်ရဲ့လုပ်ရပ်ကိုနားမလည်ကြောင်းထုတ်ပြောလာပါတယ်။​ မန်ဒီဟာ အကောင်းဆုံးကစားခဲ့ကြောင်း ၊  အရဲဝံ့ဆုံးကစားသွားခဲ့သူဖြစ်ပြီး  ဘာကြောင့်လူစားလဲခဲ့ရသလဲ ဆိုပြီးမေးခွန်းထုတ်သွားခဲ့ပါတယ်။ ဒါ့အပြင် မန်ဒီဟာ ကစားသမားဘဝကအနားယူတဲ့အခါမှာ အကောင်းဆုံးတွေကိုပိုင်ဆိုင်သွားမယ့်သူဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

ဘရိုဂျာကို ချီးကျူးတဲ့ ဂယ်ရီနဗီလ်း

မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးက  အငှားချကစားကစားလေး ဘရိုဂျာကို အခုလိုပဲချီးကျူးပြောဆိုသွားခဲ့ပါတယ်။

“  ဘရိုဂျာဟာ  ထူးခြားတဲ့စွမ်းရည်တွေကိုပြသနေတဲ့ ကစားသမားတစ်ယောက်ပါ။  တကယ့်ကို့ သိမ်သိမ်မွေ့မွေ့နဲ့ ကစားတတ်တဲ့သူတစ်ယောက်ပါ။  တဖက်အသင်းရဲ့ ခံစစ်ဇုန်ထဲမှာကစားနေတာကို မြင်ရတဲ့အချိန်မှာ  မကြာခင်ထိပ်တန်းကိုရောက်လာမယ့်ကစားသမားတစ်ယောက်လို့  အသေအချာခံစားမိလာစေပါတယ် “ ဆိုပြီးချီးကျူးသွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: