ဖေဖော်ဝါရီလအတွက် အကောင်းဆုံးအဖြစ်လျာထားခံရတဲ့ကစားသမားများရဲ့ စွမ်းဆောင်ရည်များ

ဖေဖော်ဝါရီလအတွက် အသင်းရဲ့အကောင်းဆုံးကစားသမားကို ပရိသတ်တွေမဲပေးရွေးချယ်နိုင်ပြီလို့ အာဆင်နယ်ရဲ့ တရား၀င်၀က်ဘ်ဆိုက်ကနေ ကြေညာထားပါတယ်။ ဖေဖော်ဝါရီလမှာ  အသင်းက ရာနှိုင်းပြည့်အနိုင်ရထားခဲ့တာကြောင့် ပရိသတ်တွေအတွက် ရွေးချယ်စရာ စိတ်ကြိုက်ကစားသမား အများအပြားရှိနေမှာပါ။ 

ပရိသတ်တွေ မဲပေးရွေးချယ်နိုင်တဲ့ ကစားသမားတွေက‌တော့ မာတင်အိုဒီဂတ်၊ ဘူကာယို ဆာကာ၊ ဂါဘရီယယ်လ် မက်ဂါဟေးလ် နဲ့ သောမတ်စ်ပါတေးတို့ပဲ ဖြစ်ပါတယ်။  အဆိုပါကစားသမား ၄ ဦးရဲ့ ဖေဖော်ဝါရီလစွမ်းဆောင်ရည်တွေကို ထုတ်နှုတ်တင်ပြပေးလိုက်ပါတယ်။

အိုဒီဂတ်

မာတင်အိုဒီဂတ်ဟာ ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ အသင်းရဲ့ ပွဲစဉ်တွေမှာ ရာနှုန်းပြည့်ပါ၀င်ခဲ့သူဖြစ်ပြီး သူ့ရဲ့ အမြင်စူးရှမှု၊ နည်းစနစ်ပိုင်းကျွမ်းကျင်မှုနဲ့ ဦးဆောင်နိုင်မှုစတဲ့အရည်အချင်းတွေနဲ့အတူ အသင်းရဲ့နိုင်ပွဲတွေကို ရှာဖွေပေးခဲ့တဲ့ နေရာမှာ အဓိက ကျခဲ့တဲ့ နော်ဝေးသားလေးဖြစ်ပါတယ်။ ဒါကြောင့်လည်း အာဆင်နယ်အသင်းရဲ့ ဖေဖော်ဝါရီလ အကောင်းဆုံးကစားသမားဆုရဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။ ဝုဗ်နဲ့ပွဲစဥ်မှာလည်း Man Of the Match ရရှိခဲ့တဲ့အပြင် ဘောလုံးကျွမ်းကျင်သူအများစုရဲ့ ချီးကျူးမှုကိုလဲရရှိနေသူဖြစ်ပါတယ်။ တစ်သင်းလုံးသူမရောက်တဲ့နေရာမရှိလောက်အောင်ကိုအသင်းရဲ့ကွင်းလယ်ကို ချုပ်ကိုင်ကစားပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဆာကာ

ဒုတိယတစ်ယောက်ကတော့ ဘူကာယို ဆာကာပါပဲ။ ဆာကာကတော့ ဝူဗာဟန်တန်၊ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အထူးခြေစွမ်းပြနေပြီး ဘရန့်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ လှပတဲ့ သွင်းဂိုးတစ်ဂိုးကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံးအိမ်ကွင်းပွဲစဉ်မှာတော့ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ဖို့ အနည်းငယ်ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် နောက်ဆုံးမိနစ်ဂိုးဖြစ်လာစေမယ့် ထိုးဖောက်မှုက သူ့ဆီကရောက်လာခဲ့တာဖြစ်ပြီး ၊ ခြေစွမ်းမပြနိုင်တဲ့နေ့မှာတောင်အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နိုင်ဆဲဖြစ်ပါတယ်။

ဂါဘရီယယ်

တတိယတစ်ယောက်ကတော့ အာဆင်နယ် နောက်ခံလူ ဂါဘရီယယ်ပဲ ဖြစ်ပါတယ်။ဘရာဇီးလ်သားကြီးဟာ ဝူဗာဟန်တန်ကိုအဝေးကွင်းမှာ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ နောက်တန်းခံစစ်အတွက် တာ၀န်ကျေခဲ့သလို အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာလည်း သူ့ရဲ့ ပုံစံကောင်းကို ဆက်လက်ပြသနိုင်ခဲ့ပေမယ့် ဝူဗာဟန်တန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာတော့ သူ့ရဲ့ အမှားကနေ သွင်းဂိုးတစ်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဂါဘရီယယ်ဟာ အသင်းရဲ့ တစ်လတာ အကောင်းဆုံးလူစာရင်းထဲမှာ ရွေးချယ်သင့်တဲ့ ကစားသမားတွေထဲက တစ်ဦးဆိုတာတော့ အသေအချာပါပဲ။ 

ပါတေး

စတုတ္ထမြောက်နဲ့ နောက်ဆုံး ကစားသမားကတော့ သောမတ်စ်ပါတေးပဲ ဖြစ်ပါတယ်။ ပါတေးဟာ ဘရန့်ဖို့ဒ်၊ဝူဗာဟန်တန်တို့ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းရဲ့ ကွင်းလယ်မှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းအတွက် မရှိမဖြစ် ကစားသမားတစ်ဦးဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ဘရန်းဖို့ကိုနိုင်တဲ့ပွဲစဥ်မှာလည်း  ဆာကာသွင်းယူသွားတဲ့ ဒုတိယအနိုင်ဂိုးကို ဖန်တီးပေးခဲ့နိုင်ပါတယ်။ အားနဲချက်ဆိုလို့ အဝေးကန်ချက်များမတိကျတဲ့အချက်သာရှိပြီး ၊ အသင်းကွင်းလယ်မှာမရှိမဖြစ်အရေးပါတဲ့ကစားသမားဖြစ်ပါတယ်။  ပါတေး နိုင်ငံအသင်းနဲ့ပွဲစဥ်တွေသွားကစားနေရတဲ့အချိန်မှာ အာဆင်နယ်ပရိတ်သတ်တွေဟာ သူပြန်လာမယ့်နေ့ကိုစောင့်နေရတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: