ရှင်ပြန်ထမြောက်လာကြတဲ့ စစ်သည်တော်များ

ရာသီအစမှာတုန်းက အဆိုးရွားဆုံးစံချိန်တွေကို ကိုယ်စီပိုင်ဆိုင်ခဲ့ကြတဲ့အသင်း ၃ သင်းရှိပါတယ်။  အာဆင်နယ်​၊ ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာတို့ပဲဖြစ်ပါတယ်။  သမိုင်းတစ်လျှောက်မရောက်ဘူးတဲ့အဆင့်တွေရောက် ၊ အဆင့် ၂၀ ဖြစ်လို့ဖြစ် ၊ ဂိုးမိုးတွေခေါ်င်ကာဟာသတွေလုပ်ခံရ  စသည်ဖြင့် အစဥ်အလာရှိတဲ့ထိပ်တန်း ၃ သင်းဟာ အခြေပျက်ခဲ့ကြပါတယ်။​ ဒါပေမယ့် ရာသီသိမ်းဖို့ ၁၀ ပွဲကျော်လောက်ပဲကျန်ရှိချိန်မှာတော့ ကိုယ်စီကိုယ်ငှမျှော်လင့်ချက်တွေနဲ့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေကြပါပြီ။ သူတို့တွေဘယ်လိုရုန်းထလာခဲ့ကြသလဲဆိုတာ  လေ့လာကြည့်ရအောင်ပါ။

ဂျူဗင်တပ်စ်

နှစ်ပေါင်း ၆၀ အတွင်းတစ်ခါမှမရောက်ဘူးတဲ့ တန်းဆင်းဇုန်ထဲရောက်သွားတဲ့ စီးရီအေချန်ပီယံအများဆုံးရ အသင်းဟာ စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ ခရစ္စတီယာနို ရိုနယ်ဒိုထွက်ခွာသွားချိန်မှာ တိုက်စစ်ကလုံးဝပုံပျက်သွားခဲ့ပြီး ချီယေဆာ တစ်ဂိုးလောက်သွင်းရင်  ဆုအကြီးကြီးရသလိုပျော်ခဲ့ရတယ်။  အယ်လီဂရီရဲ့ Direct Pass တွေပဲအားကိုးပြီး ကြုံသလိုကစားကွက်တည်ခဲ့ရတယ်။ ဒါပေမယ့် တဖြေးဖြေး Rhythm မှန်လာတဲ့ ဂျူဗင်တပ်စ်ဟာ  အမှတ်ပေးဇယားအလယ်ကိုပြန်ရောက်လာပါတယ်။  ချန်ပီယံလိဂ်မှာလည်း ချဲလ်ဆီးကိုအနိင်ကစားတဲ့ပွဲအပါအဝင် သင့်တင့်တဲ့ခြေစွမ်းကိုပြသပြီး  အုပ်စုကိုကျော်ဖြတ်လာခဲ့ပါတယ်။ အခုလဲ အဝေးကွင်းမှာ ဗီလာရီးရဲကိုသရေကစားပြီး  မျှော်လင့်ချက်အပြည့်နဲ့ ဒုတိယအကျော့ကို ကစားရဖို့ရှိပါတယ်။

လက်ရှိအချိန်မှာတော့  စီးရီးအေမှာ ချန်ပီယံမမှန်းနိုင်ပေမယ့်  ထိပ်ဆုံး ၄ သင်းထဲတော့ ဝင်ဖို့အလားအလာကောင်းများစွာကိုရရှိနေခဲ့ပါပြီ။  ဆောင်းရာသီမှာခေါ်ယူခဲ့တဲ့ တိုက်စစ်နဲ့ ကွင်းလယ်ကလဲ အထူးခြေစွမ်းပြနေတာကြောင့် အသင်းကြီးတစ်သင်းပြန်ဖြစ်လာခဲ့ပါပြီ။ CR7 မှသည် DV7  ဆီသို့သွားမလားတောင်ပြောရမယ့်အခြေအနေပါပဲ။  သေချာတာကတော့ ဂျူဗီတို့ အိမ်မက်ဆိုးကနေလွတ်ခဲ့ပါပြီ။ အယ်လီဂရီနဲ့သူ့အဖွဲ့သားတွေဟာ တဆင့်ခြင်းပြန်လည်တည်ဆောက်ခဲ့ကြတာပါ။

ဘာစီလိုနာ

ငလျင်တောင်လှုပ်သွားရလောက်တဲ့အောင်ပွဲခံမှုကို ပြုလုပ်ခဲ့တဲ့ ၊ အစဥ်အလာကြီးမားလွန်းတဲ့အသင်းဟာ  ရီစရာဟာသတောင်ဖြစ်ခဲ့ရပါတယ်။ ဂိုးလေးတစ်ဂိုးရဖို့ ရုန်းကန်ရ ၊ တိုက်စစ်မှုးတွေကဟာသ ၊ နည်းပြကလဲတစ်သင်းလုံးနဲ့ရန်ဖြစ်။ အဲ့ဒီလိုကနေ  နည်းပြပြောင်း ၊ ဂန္တဝင်ကပြန်ရောက်လာ ။ ပြီးတော့ကစားသမားတွေခေါ်ယူ။ လာမာစီယာထွက်လေးတွေကိုအမာခံထား။ ဒီလိုခရီးကို ဘာစီလိုနာတို့ဖြတ်သန်းခဲ့ရပါတယ်။ ရာသီအစမှာ အသင်းနဲ့ခွဲမရတဲ့မက်ဆီကို အံ့သြဖွယ်လက်လွှတ်လိုက်ရပြီးတဲ့နောက်အသင်းဟာလည်း ဟိုးအောက်အထိကို စိုက်ဆင်းသွားခဲ့ပါတယ်။ အခုတော့ အရာအားလုံးက အတိတ်ဖြစ်ခဲ့ပါပြီ။  ဇာဗီပြန်ရောက်လာခြင်းနဲ့အတူ အရာရာကိုလှန်ချနိုင်ခဲ့ပုံပါပဲ။

ခေါ်ယူသမျှကစားသမားတွေ ခြေစွမ်းပြကြပါတယ်။ အူဘာမီယန်ရဲ့ သွင်းဂိုးတွေကတော့အပိုဆုပါပဲ။ ထရာအိုရေးကလည်း ပုံစံကောင်းရနေပါတယ်။ လာမာစီယာထွက်လူငယ်လေးတွေကည်း ဇာဗီအတွက်ပိုပေးဆပ်ချင်နေကြပုံပါ။

ချန်ပီယံလိဂ်ကိုတော့အသက်မဆက်နိုင်တော့ပေမယ့် ယူရိုပါလိဂ်ကိုတော့ကောင်းမွန်စွာ ကိုင်ဆုပ်ထားနိုင်ဆဲပါ။  ပြည်တွင်းအမှတ်ပေးဖလားမှာလည်း  ဆိုးဆိုးရွားရွားဖြစ်နေတာကိုပြောင်းပြန်လှန်နိုင်ခဲ့ပါပြီ။  ဘာကာပရိတ်သတ်တွေကတော့ နောက်ရာသီကိုမျှော်နေကြပြီထင်ပါတယ်။

အာဆင်နယ်

အဆင့် ၂၀ ရောက် ၊  Arteta Out ၊  အဆင့်မှီ ကစားသမားမဝယ်ဘူးလား ၊ ဘယ်ကလူတွေခေါ်လာတာလဲ စသည်ဖြင့်အသံတွေမျိုးစုံဆူညံခဲ့ကြတာဖြစ်ပါတယ်။ ပြီးတော့ ဆက်တိုက်နိုင်ပွဲတွေဆက်။ ပြီးတော့ ခနတာအရှိန်ရပ်။ အခုတော့လည်း ချန်ပီယံလိဂ်အိမ်မက်ကိုပါ မက်နေကြပြီဖြစ်ပါတယ်။  လူငယ်လေးတွေအစ ၊ လူငယ်လေးတွေအဆုံးအားအင်မှာ  လာကာဇက်ရဲ့ နောက်ဆုံးမီးတောက်တွေပေါင်းစပ်လိုက်တဲ့အခါမှာ ကစားသမားသစ်ခေါ်စရာမလိုပဲကို အင်အားတွေကောင်းနေပါတယ်။  

ဇန်နဝါရီမှာ တစ်ယောက်ယောက်လာပူးပေါင်းမယ်လို့ မှန်းခဲ့ကြပေမယ့်ထင်သလိုဖြစ်မလာခဲ့ဘူး။ ဒါပေမယ့် ရလဒ်တွေကပုံမပျက်သွားခဲ့ဘူး။  အခုတော့ ပွဲကျန် ၁၃ ပွဲကစားဖို့ရှိနေချိန်မှာ အဆင့် ၄ ရဖို့အလားအလာကောင်းနေပြီဖြစ်ပါတယ်။ ဟေးအန်းသားလေးတွေဟာ  ချန်ပီယံလိဂ်နဲ့တကယ်ကိုထိုက်တန်ပါတယ်။ 

အာတီတာကတော့ Turst The Process လို့လက်သီးလက်မောင်းတန်းဖို့အချိန်ကိုစောင့်နေပြီထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လူငယ်တွေကို ယုံကြည်စွာနဲ့ ရင်းနှီးခဲ့တဲ့ရလဒ်ကို ရရှိနေတာမို့ပါပဲ။

တူရင်စစ်သည်တော်တွေ ၊ ကာတာလန်သူရဲကောင်းတွေ ​၊ လန်ဒန်အမြှောက်တပ်သားတွေကတော့ အစမကောင်းပေမယ့် အခုတော့ လမ်းမှန်ပေါ်ကိုရောက်နေကြပါပြီ။ သူတို့တွေဘယ်လိုခရီးအဆုံးသတ်မလဲဆိုတာကလဲ ၃ လလောက်အတွင်းမှာပဲအဖြေပေါ်တော့မှာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: