မီလန်နဲ့အတူ ဆုဖလား တစ်ခုခု မဆွတ်ခူးနိုင်ပဲ အနားယူသွားမှာမဟုတ်ပါဘူး – ဇလာတန်

အသက် ၄၀ အထိစွမ်းနေဆဲ ဇလာတန်ကတော့  ဆုဖလားတွေအတွက် အသင့်ရှိနေဆဲဖြစ်ပါတယ်။ ပြီးတော့ နောက်ဆုံးအင်တာဗျူးမှာ သူ့ရဲ့ခံယူချက်ကို အခုလိုပဲထုတ်ပြောသွားခဲ့ပါတယ်။

“  ကျွန်တော်ဒီအသင်းမှာရှိချင်တယ်  .. ကူညီချင်တယ်။  ကျွန်တော်ရောက်လာပြီးတဲ့နောက်မှာ အသင်းအတွက်ကြီးမားတဲ့အောင်မြင်မှုတွေအများကြီးရခဲ့ပါတယ်။  အခုတော့ လိုတာတစ်ခုပဲရှိပါတော့တယ်။ အဲ့တာက ဆုဖလားပါပဲ။  ဒီအတွက်လဲ တသင်းလုံးက ကြိုးစားကစားနေကြပါတယ်။  မီလန်အသင်းနဲ့အတူ ဆုဖလား တစ်ခုခု မဆွတ်ခူးနိုင်ပဲ  ကစားသမားဘဝကအနားယူသွားမှာမဟုတ်ပါဘူး “  လို့ သတင်းထောက်တွေကိုဖြေသွားခဲ့တာပါ။

ဆွီဒင်နတ်ဘုရားကြီးဟာ ၂၀၁၁ ခုနှစ်တုန်းက မီလန်နဲ့အတူ စကူဒက်တိုကိုကိုင်မြှောက်နိုင်ခဲ့သလို ၊ နောက်တစ်နှစ်မှာ ကိုပါ အီတလီယာကို အရယူနိုင်ခဲ့သူဖြစ်ပါတယ်။  ဒါပေမယ့်   လက်ရှိ ပီအိုလီရဲ့အသင်းကတော့ ဘာဆုဖလားမှ မရရှိတာ ၂၀၁၉ ခုနှစ်ကတည်းကပါပဲ။  ဒီအခြေအနေကို အဆုံးသတ်နိုင်ဖို့တော့  မီလန်သားတွေအနေနဲ့ အခုထက်ပိုပြီးကောင်းမွန်တဲ့ စုဖွဲ့မှုလိုအပ်နေပါသေးတယ်။ အရံအင်အားနဲပါးမှုကလဲ မီလန်တို့အတွက်ပြသနာတစ်ခုဖြစ်နေပြန်ပါတယ်။

 “  ကျွန်တော့်ဘဝ  ၊  ကျွန်တော့်အနာဂတ်က ဘောလုံးပဲဗျ။ လောလောဆယ် ကျွန်တော်မကစားနိုင်တာကို တော်တော်လေးအားမလိုအားမရဖြစ်မိတယ်ဗျာ  .. အထူးသဖြင့်အသင်းကပုံစံကောင်းတွေရနေတဲ့အနေအထားမှာပေါ့ “ ဆိုပြီးပြောခဲ့တာပါ။ လောလောဆယ်တော့ အူဒီးနိစ်ကို သရေကျတဲ့ပွဲအပြီး စီးရီးအေမှာ ဒုတိယနေရာကနေ ဆက်လက်တိုက်ပွဲဝင်နေပါတယ်။

အသက် ၄၀ အရွယ် တိုက်စစ်မှုးကြီးဟာ ပြီးခဲ့တဲ့နှစ် ဧပရယ်လမှာ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး အခုရာသီအကုန်အထိ မီလန်ကစားသမားအဖြစ်ရှိနေမှာပါ။  ဒီရာသီပြိုင်ပွဲစုံ ၈ ဂိုးသွင်းပေးထားပြီး  ၁၃၃ မိနစ်တိုင်းမှာ တစ်ဂိုးသွင်းထားနိုင်ပါတယ်။  ဒီနှုန်းကို လက်ရှိမိလန်အသင်းမှာ ဘယ်သူမှ မမှီသေးပါဘူး။​  ဇလာတန်မပါတဲ့ မီလန်ရဲံ့တိုက်စစ်က ပွဲတွေမှာရုန်းကန်ရတတ်တာကတော့  သူတို့လိုချင်တဲ့ဆုဖလားခရီးကို အခက်အခဲတော့ဖြစ်စေပါတယ်။ 

လောလောဆယ်မှာ ၂၇ ပွဲစီကစားထားတဲ့ နာပိုလီနဲ့ မီလန်တို့က ၅၇ မှတ်စီနဲ့ ထိပ်ဆုံးမှာရှိနေပြီး  အင်တာမီလန်က တစ်ပွဲလျော့ ၊ တစ်မှတ်လျော့နဲ့ကပ်လိုက်နေတာဖြစ်ပါတယ်။ လက်ကျန် ၁၁ ပွဲမှာ မီလန်တို့ အမှားလုံးဝမခံတဲ့အနေအထားမှာရှိနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: