M.S.News – နောက်ဆုံးရဘောလုံးသတင်းများ (28feb)

တိုက်စစ်မှုးတွေမှာ တာဝန်ရှိတယ်လို့ ရန်းနစ်ထုတ်ပြောလာ

ဝက်ဖို့ဒ်နဲ့အသင်းပွဲက ယူနိုက်တက်အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နည်းပြရင်းနစ်ခ် က မနေ့ကပြုလုပ်တဲ့ အင်တာဗျုးအစီအစဥ်မှာ အခုလိုပဲ ပြောသွားခဲ့ပါတယ်။

ဒဏ်ရာကြောင့် လွဲချော်နေတဲ့ ကာဗာနီကလွဲရင် ကျန်တဲ့တိုက်စစ်ကစားသမားအကုန်လုံးကကွင်းထဲမှာပါ။ ကံခေတာက အကြောင်းအရာတစ်ခုဖြစ်သလို  ၊  အဆုံးသတ်ပိုင်းအားနည်းနေတဲ့ပုံစံတွေကလည်း သူတို့မှာတာဝန်အပြည့်ရှိပါတယ် လို့ပြောခဲ့ပါတယ်။

စံချိန်သစ်တွေနဲ့ ဗီလာရီးရဲလူငယ်လေး ပင်နို

ဗီလာရီးရဲလ်အသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားပင်နိုဟာ အက်စပန်ညိုအသင်းနဲ့ပွဲစဥ်မှာ(၄)ဂိုး သွင်းယူပြီးမှတ်တမ်းကောင်းများပိုင်ဆိုင်ခဲ့ပါတယ်။ အသက် (၁၉)နှစ်နဲ့ (၁၃၀)ရက်သာရှိသေးတဲ့ စပိန် လက်ရွေးစင်ကစားသမား ပင်နိုသည် သွင်းဂိုး(၄)ဂိုး သွင်းယူခဲ့ထားနိုင်ခဲ့တာကြောင့်  ဗီလာရီးရဲလ်အသင်းရဲ့  သမိုင်းမှာ လာလီဂါပြိုင်ပွဲတလျောက် အသက်အငယ်ဆုံးဟစ်ထရစ်ဂိုးသွင်းသူ၊ အသက်အငယ်ဆုံးဂိုးသွင်းသူ အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

ကောက်ရိုးမီး မဟုတ်ကြောင်း သွင်းဂိုးတွေနဲ့အကြိမ်ကြိမ်သက်သေပြထားနိုင်ခဲ့တဲ့ တိုက်စစ်မှုးကို နည်းပြအယ်လီဂရီချီးကျူး

ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ အမ်ပိုလီအသင်းနှင့် စီးရီးအေအဝေးကွင်းပွဲစဉ်မှာ ဂျူဗင်တပ်စ်အသင်းဟာ (၃-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လူငယ်တိုက်စစ်မူး ဗလာဟိုဗစ်က (၂)ဂိုး သွင်ယူပေးနိုင်ခဲ့ပါတယ်။ အယ်လီဂရီက

‘သူက ကျွန်တော်တို့အသင်းအတွက် အရေးပါတဲ့ကစားသမားပါ။ သူ့မှာရှိနေတဲ့ အရည်အသွေးဟာ ကျွန်တော်တို့ အသင်း လိုအပ်နေတဲ့ကွက်လပ်ပါပဲ။ ဗလာဟိုဗစ်က အသင်းမှာမရှိတဲ့ ကွဲပြားခြားနားနေတဲ့အရာ ကို ယူဆောင်လာသူတယောက်ပါ” လို့ချီးကျူးပြော ကြားခဲ့ပါတယ်။

Advertisements

ရာသီကုန်မှာ အာဆင်နယ်အသင်းက ထွက်ခွာနိုင်ခြေရှိတဲ့ ကစားသမားများ

Mirror သတင်းဌာနက နွေရာသီမှာအာဆင်နယ်အသင်းကထွက်ခွာနိုင်ခြေရှိတဲ့ကစားသမားတွေကို ဖော်ပြလာခဲ့ပါတယ်။ အဆိုပါစာရင်းမှာ အကြောင်းအမျိုးမျိုးကြောင့် အသင်းကထွက်ခွာဖို့ နှောင့်နှေးနေတဲ့ကစားသမားများအပါအဝင် နည်းပြ အာတေတာရဲ့အနာဂတ်အစီအစဥ်မှာ ရုန်းကန်လာရနိုင် တဲ့ကစားသမားများလဲ ပါဝင်ခဲ့ပါတယ်။ ထိုကစားသမားတွေကတော့

၁။ လာကာဇတ်

၂။ ဆပ်ဒရက်စ် ဆိုအာရက်စ်

၃။ မိုဟာမက်အယ်နီနီ

၄။ ဂရန်းနစ်ရှာခါ

၅။ ဘင်းဒ်လီနို တို့ဖြစ်ပါတယ်။

မက်ဆီရဲ့  ဖန်တီးမှုစံချိန်များ

မက်ဆီဟာ  2006-07 ရာသီကစပြီး အဓိကလိဂ်ငါးခုမှာ ဂိုးဖန်တီးမှုအကြိမ် (၂၀၀) ပြုလုပ်ထားနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင်  ဘောလုံးလောကမှာ ဂိုးဖန်တီးမှု အများဆုံး ပြုလုပ်ထားသူစာရင်းတွင် အဆင့်(၁) နေရာမှာရပ်တည်နေပြီး သောမတ်စ်မူလာ၊ လူးဝစ်ဆွာရက်ဇ်၊ ခရစ္စတီယာနို ရော်နယ်ဒို နဲ့ အိန်ဂျယ်ဒီမာရီယာတို့ဟာ ထိပ်ဆုံး(၅)နေရာတွင်ပါဝင်ခဲ့ကြပါတယ်။  

  • မက်ဆီ ၃၆၁ ကြိမ်
  • သောမစ်မူလာ ၂၄၈ ကြိမ်
  • လူးဝစ်ဆွာရက်စ် ၂၇၈ ကြိမ်
  • ရော်နယ်ဒို ၂၇၃ ကြိမ်
  • ဒီမာရီယာ ၂၆၉ ကြိမ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: