Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (28Feb)

အာဆင်နယ် အခြေအနေကောင်းမယ်ဆိုပြီး သူအစထဲကပြောထားခဲ့ကြောင်း မာဆင်က ထပ်မံပြောဆိုလာ

အာဆင်နယ်အသင်းဟာ အဆင့် ၄ ရဖို့အခွင့်အရေးရှိကြောင်း ရာသီအစကတည်းက သူပြောခဲ့တာဖြစ်တယ်လို့ ပေါလ်မာဆင်က ထပ်မံပြောကြားလာပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ လက်ကျန်ပွဲစဥ်တွေဟာ  အခြေအနေကောင်းတစ်ခုမှာရှိတယ်လို့ ယုံကြည်နေပါတယ်။

“  ဝက်ဖို့ဒ်အသင်းကိုအနိုင်ကစားရမယ်ဗျ။  ဝက်ဖို့ဒ်နဲ့ လက်စတာပွဲတွေကိုနိုင်အောင်ကိုကစားရမယ်။ မန်ချက်စတာယူနိုက်တက်က စီးတီးနဲ့ ဒါဘီပွဲကစားရဦးမယ်ဗျ။  ဘယ်ပွဲကမှတော့လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် အာဆင်နယ်ရဲ့ ပွဲစဥ်တွေကတော့ အဆင်အပြေဆုံးပဲလို့ထင်ပါတယ် “ ဆိုပြီး Sky Sports ကနေ တင်ဆက်သွားခဲ့တာပါ။

လီဗာကူဆင်ရဲ့ ပက်ထရစ်ရှစ်ခ်ကို  အာဆင်နယ်ပစ်မှတ်ထားနေတယ်လို့  ပြင်သစ်သတင်းစာရေးသား

ပြင်သစ်သတင်းစာ Jeunes Footeux ရဲ့ဖော်ပြလာချက်အရ အာဆင်နယ်အသင်းဟာ လီဗာကူဆင်တိုက်စစ်မှုး ပက်ထရစ် ရှစ်ခ်  ကိုပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ လီဗာကူဆင်ဖက်က အဆိုပါကစားသမားအတွက် သန်း ၆၀ ခန့်ပြောင်းရွှေ့ကြေးသတ်မှတ်ထားတယ်လို့လည်း ဆိုပါတယ်။ အမြင့်ဘောကစားရာမှာထူးချွန်တဲ့ ရှစ်ခ်  ကို အာတီတာရဲ့ကစားကွက်နဲ့ကိုက်ညီတဲ့သူအဖြစ်မှတ်ချက်ပြုရေးသားနေကြပါတယ်။ အတည်မပြုနိုင်တဲ့သတင်းများအရတော့ မန်စီးတီးအသင်းက သန်း ၅၀ နဲ့ကမ်းလှမ်းခဲ့တယ်လို့တွေ့နေရပါတယ်။

ရာထူးက ထုတ်ပယ်ခံရတဲ့ ဆရာဟောင်းကို နှုတ်ဆက်ရင်း ကျေးဇူးတင်စကားဆိုလာတဲ့ ဘန်ဝှိုက်

လူငယ်ကစားသမားဘဝ အတွေ့အကြုံစုဆောင်းစဥ်က  ဘီယဲလ်ဆာရဲ့လက်အောက်မှာကစားခဲ့ဖူးတဲ့ ဘန်ဝှိုက်ဟာ  သူ့ရဲ့ဆရာဟောင်းအထုတ်ပယ်ခံရချိန်မှာ အခုလိုပဲရေးသားခဲ့ပါတယ်။

“ သူ့ဆီကနေအများကြီးသင်ယူလေ့လာခဲ့ရပါတယ်။  သူကပွဲတွေကိုချဥ်းကပ်တဲ့အခါမှာ အလွန်အသေးစိတ်ကျပြီး အာရုံစူးစိုက်တတ်သူဖြစ်ပါတယ်။  သူရဲ့နည်းပြပုံဟာ တကယ့်ကို အချက်အလက်အသေးစိတ်တွေကို ဂရုစိုက်တတ်တာပါ၊ ဘာကြောင့်လူပေးတယ်၊ ဘယ်လိုလူပေးတယ်ဆိုတာကအစ ပါဝင်ပါတယ်  “  လို့ ချီးကျူးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။  ဘီယဲလ်ဆာကို နုတ်ဆက်ရင်း  လိဒ်အသင်းပရိတ်သတ်တွေကိုလည်း သူကစားခဲ့ရစဥ်အချိန်တွေအတွက် ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

ရာသီကုန်ထိနားရမယ့် ကားလ်ဟိန်း

ရီးဒင်းအသင်းမှာ အငှားနဲ့သွားကစားနေတဲ့ လူငယ်ဂိုးသမားကားလ်ဟိန်း ဟာ မတော်တဆထိခိုက်မှုကြောင့် ရာသီကုန်အထိ အနားယူရတော့မှာဖြစ်ပါတယ်။ ဘလက်ပူးလ်အသင်းနဲ့မကစားခင်မှာပဲ လက်မအဆစ်မှာ ပြင်းပြင်းထန်ထန်ထိခိုက်သွားခဲ့တာကြောင့် ဖြစ်တယ်လို့သိရပါတယ်။  ကားလ်ဟိန်းဟာ  ချန်ပီယံရှစ်မှာရုန်းကန်နေရတဲ့  ရီးဒင်းအတွက် စွမ်းဆောင်မှုကောင်းတွေပြသထားနိုင်သူလဲဖြစ်ပါတယ်။

ဝှိုက်နဲ့ ဂါဘရီယယ်တို့ တွဲကစားနိုင်ချိန်မှာ အာဆင်နယ်အသင်းနောက်တန်းက သိပ်ကောင်းပါတယ်လို့ နာမည်ကျော်ဂျာနယ်လစ်ပြောကြား

အာဆင်နယ်အသင်းဟာ အခုမှအကောင်းဆုံးနောက်တန်းအတွဲကိုပိုင်ဆိုင်ရတာဖြစ်တယ်လို့  အားကစားဂျာနယ်လစ် ပေါလ်ဘရောင်းက Give Me Sport ကိုပြောကြားလာခဲ့ပါတယ်။

“ ဂါဘရီယယ်နဲ့ ဘန်ဝှိုက်ပေါင်းလိုက်ရင် သိပ်ကောင်းတဲ့အတွဲဖြစ်လာပါတယ်။ ပြီးတော့ နှစ်ယောက်ကြားနားလည်မှုကောင်းကောင်းနဲ့ပိုပြီးတိုးတက်လာနေကြပါတယ် ။  အာတီတာကလဲ သူတို့နှစ်ယောက်အတွဲကို သုံးရတဲ့အချိန်သိပ်မရှိလှပါဘူး .. အခြေအနေအမျိုးမျိုး ၊ ပြီးတော့ ဒဏ်ရာ စသည်ဖြင့်ပေါ့ဗျာ။ သူတို့နှစ်ယောက်တူတူကစားနိုင်ပြီဆိုရင်တော့ အားလုံးမြင်ရတဲ့အတိုင်းသိပ်ကောင်းတာကိုတွေ့ရပါလိမ့်မယ်  “  ဆိုပြီးမှတ်ချက်ပြုသွားခဲ့တာဖြစ်ပါတယ်။ 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: