ချဲလ်ဆီးသတင်းမှတ်စု (28Feb)

ခံစစ်မှတ်တမ်းကောင်းနဲ့ ဆေးဗားလ်

ဗိုလ်လုပွဲမှာ အသင်းအနေနဲ့ရှုံးနိမ့်ခဲ့ရပေမယ့် ကစားသမားတွေရဲ့ခြေစွမ်းပိုင်းအတွက် ချီးကျူးခံနေရတဲ့ ချဲလ်ဆီးအသင်းအတွက်  နောက်ခံလူ ဆေးဗားကလဲ မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။  ဂိုးစည်းပေါ်က ဖျက်ထုတ်မှုတွေအပြင် ခြေစွမ်းလဲပြသနိုင်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ်ကစားသမားကြီးဟာ  ၉၃ကြိမ်ဘောလုံးနဲ့ထိတွေ့ခဲ့ပြီး  မြေပြင်နဲ့အမြင့်ဘောတွေကို  ၈ ကြိမ်ရှင်းထုတ်နိုင်ခဲ့ပါတယ်။  ၆၃ မိနစ်မှာ မန်ဒီရဲ့အားနည်းချက်ကနေတဆင့်ရရှိတဲ့  မိုဆာလာရဲ့အပိုင်အခွင့်အရေးကိုလဲ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ကီပါကို သန်း ၅၀ နဲ့ရောင်းချဖို့ပြင်နေတဲ့ ချဲလ်ဆီး

Daily Star ရဲ့ဖော်ပြချက်အရ  နယူးကာဆယ်အသင်းဟာ ချဲလ်ဆီးဂိုးသမား ကီပါကို ခေါ်ယူဖို့ကြိုးစားနေတယ်လို့ ဖော်ပြလာပါတယ်။ ချဲလ်ဆီးအနေနဲ့လဲ ကစားသမားကို သန်း ၅၀ ခန့်နဲ့ရောင်းချဖို့ပြင်ဆင်နေပြီး ၊ ကီပါကိုယ်တိုင်ကလဲ လက်ရွေးစင်အဆင့်မှာ ပြန်လည်ပါဝင်ခွင့်ရဖို့အတွက် အသင်းပြောင်းရွေ့လိုနေတယ်လို့ သိရပါတယ်။​

Advertisements

ကီပါကို အပြစ်တင်စရာမလိုကြောင်း တူချယ်ပြောပြလာ

လီဗာပူးအသင်းရဲ့ ပယ်နယ်တီ ၁၁ လုံးစလုံးကို ဖမ်းမိခြင်းမရှိခဲ့တဲ့အပြင် ကိုယ်တိုင် ကန်သွင်းရာမှာလဲ လွဲချော်ခဲ့တဲ့နောက် ကီပါက  သူ့ရဲ့အမှားအတွက်စိတ်ပျက်မိကြောင်းနဲ့  အားပေးခဲ့တဲ့ ချဲလ်ဆီးမိသားစုဝင်တွေကို ကျေးဇူးတင်ကြောင်းပြောဆိုလာခဲ့ပါတယ်။ နည်းပြတူချယ်ကလဲ  ကီပါကိုအပြစ်တင်ဖို့ ငြင်းဆန်သွားခဲ့ပြီး ၊ ကီပါဝင်ရောက်ကစားခဲ့ခြင်းက သူ့ရဲ့ဆုံးဖြတ်ချက်သာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

ကွန်ဒီကို  ချဲလ်ဆီး ၊ ရီးရဲ နဲ့ဘာကာတို့ ဆွေးနွေးနေကြလို့  ဂျာမန်သတင်းထောက်ပြော

ဂျာမနီသတင်းထောက်   Florian Plettenberg  က ချဲလ်ဆီးအသင်းရဲ့ပစ်မှတ် ဂျူးလ်ကွန်ဒီကို  ဘိုင်ယန် ၊​ရီးရဲနဲ့ ချဲလ်ဆီးတို့အပြိုင်ကြိုးစားနေကြတယ်လို့ ပြောဆိုလာပါတယ်။  သူ့ရဲ့အဆိုအရ  အသင်းကြီး  ၃ သင်းစလုံးဟာ ကွန်ဒီနဲ့ ဆွေးနွေးမှုတွေပြုလုပ်လျှက်ရှိကြပြီး  နွေရာသီမှာ အသင်းပြောင်းဖြစ်ဖို့သေချာသလောက်ရှိနေကြောင်းသိရပါတယ်။ အသက် ၂၃ နှစ်အရွယ်ပြင်သစ်လက်ရွေးစင်ဟာ  ဆီးဗီးလားတို့အတွက် ၁၁၉ ပွဲကစားပေးထားပြီး ၇ ဂိုးသွင်း ၊ ၃ ကြိမ်ဖန်တီးပေးထားနိုင်တယ်လို့သိရပါတယ်။

အံ့သြစရာခြေစွမ်းရှိသူဆိုပြီး  အငှားသွားကစားနေတဲ့ လူငယ်သတ်မှတ်ခံရ

ဟက်ဒါစဖီးအသင်းမှာအငှားနဲ့သွားကစားနေတဲ့  နောက်ခံကစားသမားလေး လီဗီကိုးဝဲလ်ကို  ကစားဖော် လူးဝစ်အိုဘရီယန်က  ထိပ်တန်းကစားသမားဖြစ်လာမယ့်သူအဖြစ်မှတ်ချက်ပေးခဲ့ပါတယ်။ ရာသီအစတုန်းက အတွေ့အကြုံပိုရစေဖို့ အငှားချခြင်းခံခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ်ကစားသမားလေးဟာ  Clean Sheet တွေရရှီနေသလို ဂိုးလံသွင်းယူနေနိုင်တယ်လို့ သိရပါတယ်။​  အိုဘရီယံက  “ “  အသင်းကိုလူငယ်လေးတွေရောက်လာကြတဲ့အခါ သူတို့ဘာတွေလုပ်ပြနိုင်မလဲဆိုတာ စိတ်ဝင်တစားရှိကြတာပါပဲ။  သူက ချန်ပီယံရှစ်အဆင့်မှာ မယုံနိုင်စရာကောင်းလောက်အောင်စွမ်းဆောင်ပြနေတာပါ။  သူရဲ့ ကစားသမားဘဝက ထိပ်တန်းဖြစ်လာမယ်လို့  သေချာပေါက်ပြောရဲပါတယ်  “ လို့  မှတ်ချက်ပြုခဲ့တာဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: