မန်ချက်စတာယူနိုက်တက်ရဲ့ အကြီးမားဆုံးပြဿနာဟာ အာဆင်နယ်အတွက် အကောင်းဆုံးအကျိုးအမြတ်လား

လက်ရှိအချိန်မှာ ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက် အာဆင်နယ်၊မန်ယူ၊ စပါး၊ ၀က်စ်ဟမ်းနဲ့  ဝူဗာဟန်တန်တို့က မျှော်လင့်ချက်ရှိနေတယ်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်း အဓိက ယှဉ်ပြိုင်သွားရမယ့် အသင်းတွေက အာဆင်နယ်နဲ့ မန်ယူလို့ဆိုနိုင်ပါတယ်။ သူတို့နှစ်သင်းကိုကျော်ဖြတ်ပြီး အခြားအသင်းတွေက ချန်ပီယံလိဂ်၀င်ခွင့်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးတော့မဟုတ်ပေမယ့် ဖြစ်နိုင်ချေ အတော်လေးကို နည်းပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်မှာ မန်ယူဟာ အိုးထရက်ဖို့ဒ်မှာ ၀က်ဖို့ဒ်ကို ဧည့်ခံကစားခဲ့ရပြီး ဂိုးမရှိသရေရလဒ်ကိုသာ ပိုင်ဆိုင်ခဲ့ရပါတယ်။ အာဆင်နယ်အသင်းကတော့ ဝူဗာဟန်တန်ကို နောက်ကျသွင်းဂိုးတွေနဲ့ အနိုင်ရထားခဲ့ပြီး ဖေဖော်ဝါရီလကို ရှုံးပွဲမရှိဖြတ်သန်း နိုင်ခဲ့ပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံးပွဲစဉ် ငါးပွဲမှာ ရှုံးပွဲမရှိထားပေမယ့် သုံးပွဲအထိ သရေကျထားခဲ့ပါတယ်။ သရေကျခဲ့တဲ့ အသင်းတွေကလည်း ဘန်လေ၊ ဆောက်သမ်သန်၊ ၀က်ဖို့ဒ်တို့လို အသင်းတွေကို သရေကျခဲ့တာ ဖြစ်ပြီး ၀က်ဖို့ဒ်နဲ့ဆောက်သမ်တန်တို့ကို အိမ်ကွင်းပွဲစဉ်တွေမှာ အနိုင်ရခဲ့သင့်တာ ဖြစ်ပေမယ့် သရဲနီတွေကတော့ ရမှတ်တွေကို အလွယ်တကူ လွှင့်ပစ်နေသလိုပါပဲ။ 

အာဆင်နယ်အသင်းကတော့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် ငါးပွဲမှာ သုံးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ထားခဲ့ပြီး ရှုံးနိမ့်ခဲ့တဲ့ အသင်းကလည်း မန်စီးတီးကိုဖြစ်ပါတယ်။ လက်ရှိမှာ အာဆင်နယ်ဟာ အဆင့်ခြောက်နေရမှာ ရပ်တည်နေပြီး အဆင့်လေးနေရာက မန်ချက်စတာယူနိုက်တက်နဲ့ နှစ်မှတ်ကွာဟနေပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ ပွဲစဉ်ပြည့် ကစားထားပြီး အာဆင်နယ်ကတော့ ပွဲကျန်သုံးပွဲ ကစားဖို့ ကျန်နေသေးပါတယ်။ ဒီလက်ကျန် ပွဲစဉ်တွေထဲက အနည်းဆုံးတစ်ပွဲကို အနိုင်ကစားနိုင်ခဲ့ရင်တောင် မန်ယူကို အမှတ်ပေးဇယားမှာ ပြန်လည်ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ 

လက်ကျန်ပွဲစဉ်တွေကို ကြည့်မယ်ဆိုရင်လည်း မန်ယူအသင်းဟာ အာဆင်နယ်အသင်းထက်ပိုပြီး ပွဲကြပ်နေတာကို တွေ့ရပါတယ်။ မန်ယူဟာ မန်စီးတီး၊ စပါး၊ အာဆင်နယ်၊ လီဗာပူးလ်၊ ချဲလ်ဆီးတို့ကို ရင်ဆိုင်ရဖို့ ရှိနေတဲ့အပြင် ချန်ပီယံလိဂ်ပွဲစဉ်တွေကိုလည်း ထပ်ဆောင်း ဖြတ်သန်းရဖို့ ရှိနေပါတယ်။ ဒါကြောင့် သရဲနီတွေဟာ လာမယ့်ပွဲစဉ်တွေမှာလည်း ရမှတ်တွေ ဆုံးရှုံးရဖို့ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ 

အာဆင်နယ်အသင်းကတော့ အသင်းကြီးတွေအနေနဲ့ လီဗာပူးလ်၊ စပါး၊ ချဲလ်ဆီး ၊ ၀က်စ်ဟမ်းနဲ့ မန်ယူအသင်းတို့ကိုရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အမြှောက်တပ်သားတွေဟာ ပရီးမီးယားလိဂ်ကလွဲလို့ အခြားအာရုံစိုက်စရာ ပြိုင်ပွဲတွေ ရှိမနေတာကလည်း ချန်ပီယံလိဂ်၀င်ခွင့်တစ်နေရာအတွက်ပြိုင်ပွဲမှာ အားသာချက်ဖြစ်နေပြန်ပါတယ်။ 

မန်ယူဟာ ဆိုးရှားလ်ကိုထုတ်ပယ်ခဲ့ပြီးနောက် မန်နေဂျာအသစ်အဖြစ် ရင်းနစ်ကို ခန့်ထားပေမယ့် အသင်းရဲ့ ရလဒ်တွေကတော့ ခုထိတော့ အားရကျေနပ်ဖွယ်မရှိသေးသလို အသင်းအတွင်းမှာလည်း မတည်မငြိမ်မှုများစွာဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာ အာဆင်နယ်အသင်းကတော့ အာတီတာကိုနှစ်ရှည်စာချုပ်ချုပ်ဖို့ ပြင်ဆင်နေသလို အသင်းအတွင်းမှာ ရှိတဲ့ကစားသမားတွေကလည်း စည်းစည်းလုံးလုံး၊ယုံယုံကြည်ကြည်နဲ့ နောက်ဆုံးအချိန်အထိ တိုက်ပွဲ၀င်ဖို့ အသင့်ဖြစ်နေကြပါပြီ။ 

ဇန်နဝါရီမှာ အော်ဘာမီယန်းကို ဆုံးရှုံးခဲ့ပြီး ကစားသမားအသစ်မခေါ်ယူနိုင်ခဲ့တာကြောင့် အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်အိပ်မက်ဟာ ထင်ထားသလောက်မလွယ်ကူနိုင်ဘူးလို့  ပရိသတ်တွေ စိတ်ပူခဲ့ကြပေမယ့်  အနီးကပ်ဆုံးပြိုင်ဘက်ရဲ့ မတည်ငြိမ်မှုတွေဟာ အာဆင်နယ်အတွက် ကာလတစ်ခုကြာဝေးကွာနေခဲ့ရတဲ့ ချန်ပီယံလိဂ်၀င်ခွင့်အိပ်မက်ကို ပိုမိုအားကောင်းလာစေခဲ့တယ်ဆိုတာ ငြင်းစရာမရှိပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: