ဟာဗက်ဇ်က ဗန်ဒိုက်ကို ဒုက္ခကောင်းကောင်းပေးသွားပါလိမ့်မယ် – ပေါလ်မာဆင်

ကာရာဘောင်းဖလားဗိုလ်လုပွဲဟာ ချဲလ်ဆီးအတွက်တော့ ရိုမန်အေဘရာမိုဗစ် မရှိတော့တဲ့ ဗိုလ်လုပွဲဖြစ်ခဲ့ပါပြီ။  တူချယ်တစ်ယောက်ကြိုတင်ပူပန်နေခဲ့တဲ့အတိုင်းပဲ  ရိုမန်တစ်ယောက်အသင်းရဲ့ အနာဂတ်ကိုရှေးရှုပြီး ခြေတစ်လှမ်းဆုတ်သွားခဲ့ပါပြီ။  အသင်းသားတွေဘယ်လိုရှိနေကြမလဲ။ အာရုံထွေပြားနေကြတဲ့ ချဲလ်ဆီးအသင်းသားတွေ ဒီဆုဖလားကို ချဲလ်ဆီးတို့အရယူနိုင်ပါ့မလား။

ကြိုတင်သုံးသပ်သူတွေရဲ့ ခန့်မှန်းချက်တွေကလည်း ကိုယ့်ဖက်ကိုယ်ယက်နေကြသလိုပါပဲ။ ဂျိုးလ်ကိုးက ချဲလ်ဆီးနိုင်မယ်လို့ပြောပြီး ၊​ ဟာမန်းကတော့ လီဗာပူးဖလားပါဖြစ်ပါတယ်တဲ့။ ဒါပေမယ့်ကွဲပြားတဲ့အမြင်တစ်ခုကတော့ ချဲလ်ဆီးအတွက်ရှိနေပါတယ်။ အဲ့တာကတော့ ပေါလ်မာဆင်ရဲ့အမြင်ပဲဖြစ်ပါတယ်။

လီဗာပူးရဲ့မာတစ်ကို ဖိအားပေးနိုင်ဖို့အတွက် ကိုင်ဟာဗက်ဇ်နဲ့ ပူလီဆစ်တို့က အကောင်းဆုံးဖြစ်တယ်လို့  ပေါလ်မာဆင်က Sky Sports ရဲ့ Soccer Saturday အစီအစဥ်မှာပြောသွားခဲ့ပါတယ်။ Sky ရဲ့ ဘောလုံးပွဲကျွမ်းကျင်သူဖြစ်တဲ့ မာဆင်က “  ကျွန်တော်သာဆိုရင် လူကာကူနဲ့ပွဲထွက်မှာမဟုတ်ဘူးဗျ။ ဟာဗက်ဇ်ကတော့ အကြိုက်ဆုံးပါပဲ။ သူ့မှာ ပွဲရဲ့အစိတ်အပိုင်းတစ်ခုခြင်းစီကို ထိန်းချုပ်နိုင်တဲ့အစွမ်းရှိပါတယ်။  ဗန်ဒိုက်ကိုရင်ဆိုင်ဖို့အတွက်  လူကာကူကိုသုံးမယ်ဆိုရင် ဘာမှသိပ်ထူးမှာမဟုတ်ဘူး “ လို့ မာဆင်ကယူဆနေတာဖြစ်ပါတယ်။  “ ဟာဗက်ဇ်နဲ့ဆိုရင်တော့ သေချာပေါက် ဗန်ဒိုက်ကို ဖိအားပေးနိုင်မှာပါ … “  အာဆင်နယ်ဂန္တဝင်ကြီးက အဲ့ဒီလိုယုံကြည်နေတာဖြစ်ပါတယ်။

Advertisements

ဒါ့အပြင် အာနိုးရဲ့တိုက်စစ်လိုက်ပါမှုကို ပူလီဆစ်နဲ့ ဟာဗက်ဇ်တို့က အကောင်းဆုံးအသုံးချသွားမယ်လို့လဲဆိုခဲ့ပါသေးတယ်။

လီဗာပူးကိုအနိုင်ရဖို့ဆိုတာလွယ်ကူတဲ့ခရီးစဥ်တစ်ခုမဟုတ်တာ အသေအချာပါပဲ။ ဒါပေမယ့် ဗိုလ်လုပွဲတစ်ပွဲဆိုတာထက်ပိုမိုတဲ့ခံစားချက်တစ်ခု အသင်းမှာတော့ရှိနေပါတယ်။ ရိုမန်အေဘရာမိုဗစ်နဲ့ ချဲလ်ဆီးအသင်းသားတွေ ၊ ဝန်ထမ်းတွေကြားထဲက ချိတ်ဆက်မှုက တော်တော်လေးအားကောင်းပါတယ်။ သူက ကစားသမားတွေအတွက် ကိုယ်ပိုင်လေယဥ်ကို အသုံးပြုပေးတာမျိုးအထိစောင့်ရှောက်မှုပေးနိုင်ပါတယ်။ သို့သော်လူသားဆန်မှု စံနှုန်းများအရ UK ဖက်ကလဲ လုပ်ဆောင်စရာရှိတာကို လုပ်ဆောင်ရတာမို့ ပရိတ်သတ်တွေလည်းနားလည်နိုင်ကြတဲ့ပုံပါပဲ။

ချဲလ်ဆီးအသင်းဟာ အခုအချိန်ကနေစပြီး  ဘယ်အချိန်မှန်းမသိရတဲ့ကာလတစ်ခုအထိ Chelsea Foundation ရဲ့ အမှုဆောင်များဖြစ်ကြတဲ့ ဘရုစ်ဘက်ခ်​​၊ ဂျွန်ဒီဝိုင်း ၊  အမ်မာဟေး ၊ ပီယာရဦ ပါဝါ ၊ ပေါလ်ရားမို့စ် ၊  ဆာဟုချ်ရောဘတ်ဆန်တို့ရဲ့ စီမံမှုအောက်ကိုရောက်ရှိပြီဖြစ်ပါတယ်။

ပေါလ်မာဆင်က ဟာဗက်ဇ်ကို ယုံကြည်နေသလို  ဟာဗက်ဇ်ရဲ့  ဖိုင်နယ်ပွဲစွမ်းဆောင်ရည်တွေကလဲ အားကိုးလောက်စရာရှိနေပါတယ်။ မနှစ်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ တစ်လုံးထဲသောအနိုင်ဂိုးကိုသွင်းပေးခဲ့သူဖြစ်သလို  ကာတာနိုင်ငံမှာကစားခဲ့တဲ့ CWC မှာလည်း အစွမ်းပြခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့အားသာချက်က ခံစစ်ကနေတိုက်စစ်ကိုပြောင်းတဲ့ Transition တွေဖြစ်ပြီး  ၊​ဒီအချက်ကိုပဲ​ ဟာဗက်ဇ်နဲ့ပူလီဆစ်တို့က  အခွင့်ကောင်းယူနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရ​မှာပဲဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: