Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ ( 27Feb)

ဝက်ဖို့ဒ်နဲ့ပွဲမှာ အစွန်နောက်ခံလူမရှိတဲ့အခြေအနေနဲ့ရင်ဆိုင်ရဖွယ်ရှိတဲ့ အာဆင်နယ်

အာတီတာဟာ ဝက်ဖို့ဒ်နဲ့ကစားရမယ့်ပွဲမှာ အဓိကနောက်ခံအစွန်လူတစ်ယောက်မှမရှိတဲ့ အခြေအနေနဲ့ရင်ဆိုင်ရဖွယ်ရှိတယ်လို့ The Sun ကဖော်ပြလာတယ်။  တိုမီယာစုမကစားနိုင်သေးတဲ့အချိန်မှာ  တီယာနေကလဲ ဝုဗ်နဲ့ပွဲမှာ ဒဏ်ရာအနဲငယ်ရသွားခဲ့တာဖြစ်ပါတယ်။ အကယ်၍သာ ကြံခိုင်မှုအပြည့်အဝမရှိခဲ့ပါက အာတီတာအနေနဲ့ တာဗာရက်စ်နဲ့ ဆဲဒရစ်တို့ကိုသာ အစွန်ခံစစ်မှာအားကိုးရတော့မှာဖြစ်ပါတယ်။

မိုက်ကယ်အိုလစ်ကို  အာဆင်နယ်စောင့်ကြည့်နေတယ်လို့ The Sun ဖော်ပြ

ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့တောင်ပံကစားသမား  မိုက်ကယ်အိုလစ်ကို အဲဗာတန်အသင်းနဲ့ အာဆင်နယ်အသင်းတို့ကစောင့်ကြည့်နေတယ်လို့ The Sun ကဖော်ပြလာခဲ့ပါတယ်။  အဆိုပါ  ပြင်သစ်ကစားသမားကို ချဲလ်ဆီးအသင်းကလဲခေါ်ယူဖို့အခွင့်အရေးရရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ရီးဒင်းကိုပဲပြောင်းရွှေ့ဖြစ်ခဲ့တာပါ။   ဘောလုံးပွဲသုံးသပ်သူ မိုက်ကယ်ခရွတ်ကလည်း အိုလစ်ရဲ့ အရည်အသွေးတွေဟာ အံ့သြစရာဖြစ်ကြောင်း BBC Radio 5 နဲ့တွေ့ဆုံရာမှာ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ အိုလစ်အတွက် အာဆင်နယ်အသင်းဟာ ပေါင် ၁၇ သန်းခန့်သုံးစွဲဖို့လျာထားကြောင်းလဲ အဆိုပါသတင်းကဖော်ပြထားပါတယ်။

အူဘာမီယန်အကြောင်းကို ဖွင့်ဟလာတဲ့ ဂါဘရီယယ်

Oh My Goal နဲ့တွေ့ဆုံရာမှာ ဂါဘရီယယ်က အူဘာမီယန်အသင်းက ထွက်ခွာခဲ့ရတဲ့အကြောင်းကို အခုလိုပဲပြောပြလာခဲ့ပါတယ်။

“ အချို့ကိစ္စတွေကို ကျွန်တော်ပြန်မပြောချင်ပါဘူးဗျာ  .. အူဘာမီယန်က ကျွန်တော့်ရင်ထဲမှာရှိနေပါတယ်။ ကျွန်တော်တို့အားလုံးကသူ့ကိုအသင်းမှာဆက်ရှိစေချင်ခဲ့ကြတာပါ, ဒါပေမယ့် နည်းပြအဖွဲ့နဲ့သူနဲ့ကြားမှာ ပြသနာတချို့ရှိခဲ့ပါတယ်။ အသင်းက ထွက်ခွာခါနီးမှာ  ကျွန်တော်သူ့ကိုနှုတ်ဆက်ခဲ့ပါတယ်။ ဘာစီလိုနာမှာ သူအဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။ သူကတကယ်ခင်ဖို့ကောင်းတဲ့သူပါ။ ကျွန်တော်သူ့ကို အရမ်းချစ်ပါတယ် “  လို့ ရင်ဖွင့်ပြောဆိုသွားခဲ့တာပါ။

အာဆင်နဘ်ဖက်က အီဆက်ကို ပြန်ဆက်သွယ်ထားပေမယ့် ကစားသမားက ဘာကာကိုပိုအားသန်နေ

အာဆင်နယ်အသင်းဟာ  ဆိုစိဒက်တိုက်စစ်မှုးအီဆက်ကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေပြုလုပ်ထားပေမယ့် ကစားသမားဖက်က ဘာစီလိုနာအသင်းကိုပိုပြီး စိတ်အားထက်သန်နေတယ်လို့  စပိန်သတင်းစာ Sport ကဖော်ပြလာပါတယ်။  AS သတင်းစာရဲ့အဆိုအရလည်း ဘာစီလိုနာအသင်းဟာ အသက် ၂၂ နှစ်အရွယ်ကစားသမားလေးကို အရံပစ်မှတ်အဖြစ်သတ်မှတ်ထားတာဖြစ်ပြီး အဓိကပစ်မှတ် ဟာလန်းကို မခေါ်ယူနိုင်ခဲ့ပါက အီဆက်ကို အရခေါ်ယူဖို့ လျာထားတာဖြစ်ကြောင်း အဆိုပါသတင်းမှာဖော်ပြထားပါတယ်။

ပါတီနိုပြန်ကစားနိုင်တော့မယ်

ဒဏ်ရာကြောင့်အနားယူနေရတဲ့  ချာလီပါတီနိုဟာ မကြာခင်မှာပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ The AFC News Room ရဲ့တည်ထောင်သူ ၊ ဆိုရှယ်မီဒီယာသတင်းသမား  ကော်နာဟန်မ်းက ရေးသားဖော်ပြလာပါတယ်။  ဒီဇင်ဘာလတုန်းက အသင်းအတွက် ပွဲဦးထွက်ကစားရင်း ဂိုးပါသွင်းပေးနိုင်ခဲ့တဲ့ ပါတီနိုဟာ ဇန်နဝါရီလမှာ   U21 အသင်းပွဲစဥ်တစ်ပွဲဖြစ်တဲ့ ဝီဂန်အသင်းနဲ့ ကွာတားဖိုင်နယ်ပွဲစဥ်မှာ ကစားပြီးကတည်းက အနားယူနေခဲ့ရတာဖြစ်ပါတယ်။  အကယ်ဒမီအသင်းအတွက် နောက်ထပ်ရင်ဆိုင်ရမယ့်အနီးဆုံးပွဲစဥ်အဖြစ် မတ်လ ၄ ရက်နေ့မှာ စပါးအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: