လက်ကျန် ၁၄ ပွဲနဲ့ အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်အိမ်မက်

အာဆင်နယ်အသင်းဟာ ၁၄ ပွဲပဲ ကစားဖို့ကျန်ခဲ့ချိန်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အိမ်မက်ကောင်းကောင်းမက်ခွင့်ရှိနေပြီဖြစ်ပါတယ်။ ပိုပြီးကံကောင်းခဲ့တဲ့အချက်ကတော့ အနီးကပ်ပြိုင်ဖက်တွေကို အမှတ်ဆုံးရှုံးအောင်လုပ်ခဲ့တဲ့ အသင်းကောင်း ဝုဗ်ဆီကနေ  ၆ မှတ်ယူနိုင်ခဲ့တာကြောင့် ပိုပြီးအသာရသွားသလိုရှိပါတယ်။ 

မကြာခနပြောခဲ့သလိုပဲ Old School ပရိတ်သတ်တွေရဲ့ အမြင်ကြည်လင်မှုကိုမရရှိတဲ့အာတီတာဟာ အခုလောက်ထိစွမ်းဆောင်ပေးထားနိုင်ပေမယ့်လည်း ပရိတ်သတ်အားလုံးရဲ့ အလုံးစုံသော အားပေးမှုကိုမရနိုင်သေးပါဘူး။​ အသင်းတိုင်းဟာ တစ်စုံတစ်ခုတော့ လိုအပ်ချက်ရှိနေတာဖြစ်ပေမယ့် အာတီတာအတွက်ကတော့ပိုခက်ခဲနေပုံပါပဲ။ သူတစ်ပွဲရှုံးရင်  ၃ ပွဲစာလောက်ဖိအားပိုများနေပါတယ်။ ဒါကလည်း တက်သစ်စဘဝမှာ အသင်းကြီးကို ကိုင်မိတဲ့ပြသနာပါပဲ။ မလွှဲမသွေကြုံရမယ့်ကိစ္စမို့ သူနားလည်မယ်လို့ယူဆရပါတယ်။ တချိန်ထဲမှာပဲ  Trust The Process ဆိုတာကို ယုံကြည်တဲ့ ပရိတ်သတ်တွေလည်းအတော်များလာနေပါပြီ။

သတင်းများအရ အာဆင်နယ်ရဲ့ ဒီရာသီရည်မှန်းချက်က Top 6  ဖြစ်တာကြောင့်အခုလက်ရှိခြေစွမ်းတွေအရဆိုရင် အာတီတာဟာ အသင်းရဲ့လိုအပ်ချက်ကိုတော့ ပြည့်မှီအောင်စွမ်းဆောင်နိုင်မယ့်သဘောမှာရှိပါတယ်။ ပရိတ်သတ်တွေကိုပျော်ရွင်စေဖို့နဲ့  ဝေဖန်မှုတွေကိုကျော်လွန်ဖို့ဆိုရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုရအောင်ကစားပြရမယ့်ပုံပါပဲ။  အာတီတာအတွက် ချန်ပီယံလိဂ်အလားအလာ ဘယ်လိုရှိပါသလဲ။  အချက်အလက်တွေရယ် ၊​ ခြေစွမ်းတွေရယ်ကိုလေ့လာကြည့်ရအောင်ပါ။

ပြီးခဲ့တဲ့ နောက်ဆုံး ၅ ရာသီအတွင်း အဆင့် ၄ မှာရပ်တည်ခဲ့ကြတဲ့အသင်းတွေရဲ့အမှတ်က အနဲဆုံး ၆၆ မှတ်ကနေ  အများဆုံး ၇၆ မှတ်အထိရှိပါတယ်။ ပျှမ်းမျှ ရမှတ်ကတော့  ၇၀.၈ မှတ်ဖြစ်ပါတယ်။​ ဒါကြောင့် အာဆင်နယ်အနေနဲ့ ပထမဆုံးအဆင့်အဖြစ် ပြိုင်ဖက်တွေဘာဖြစ်တယ်ဆိုတာထည့်မစဥ်းစားပဲ သူကိုယ်တိုင် ၇၀-၇၁ မှတ်လောက်ရအောင်စုဆောင်းနိုင်ဖို့လိုပါတယ်။  လက်ရှိက ၄၅ မှတ်ပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့် နောက်ထပ် ၂၅ မှတ်လောက်လိုအပ်နေပါသေးတယ်။ ဆိုလိုရင်းကတော့ ပွဲကျန် ၁၇ပွဲမှာ ၄ ပွဲထက်ပိုရှုံးခွင့်မရှိဘူးဆိုတာပါပဲ။ ဒါ့အပြင် အနဲဆုံး ၇ ပွဲကနေ အမှတ်ပြည့်ရဖို့လိုပါတယ်။   

ကစားရမယ့် ပွဲကျန်တွေထဲမှာ အမှတ်ဆုံးနိုင်ချေရှိတဲ့ မန်ချက်စတာယူနိုက်တက် ၊ ချဲလ်ဆီး ၊ စပါး ၊ လီဗာပူး စတဲ့ပွဲစဥ်တွေကို အရှုံးလို့သတ်မှတ်မယ်ဆိုရင်ကျန်တဲ့ပွဲစဥ်တွေအားလုံးကို မဖြစ်မနေအနိုင်ကစားရတော့မှာဖြစ်ပါတယ်။  ပွဲကျန်တွေအားလုံးအနိုင်ရတယ်ဆိုတဲ့ Scenario နဲ့တွက်ရင် စပါးနဲ့မန်ချက်စတာယူနိုက်တက်က အန္တရာယ်အကြီးဆုံးပြိုင်ဖက်တွေဖြစ်ကြပါတယ်။  ကံကောင်းတာတချက်ကတော့ ယူနိုက်တက်နဲ့ စပါးထိပ်တိုက်တွေ့ဖို့ကျန်သေးသလို ၊ မန်ချက်စတာဒါဘိလဲရှိနေတာကြောင့် အသင်းကြီးအချင်းချင်းကြားထဲ အမှတ်လျော့နိုင်ချေရှိနေပါတယ်။

အာဆင်နယ်အတွက်ကတော့  အသင်းကြီးတွေနဲ့ပွဲတွေမှာ ရသလောက်အမှတ်ခွဲယူရေးနဲ့  နိုင်ရမယ့်ပွဲအားလုံးအနိုင်ရရေးက အရေးနေပါတယ်။ စာရေးသူရဲ့အမြင်ကိုပြောရရင်တော့ အသင်းကြီးအချင်းချင်းပွဲတွေမှာ အနိုင်ရဖို့ထက် ၊ ကျန်ပွဲတွေမှာအမှတ်ပြည့်ရဖို့လိုအပ်ပါတယ်။ အခုရာသီကိုပဲကြည့်ကြည့် ၊ အမှတ်ပေးဖလားသမိုင်းကိုပဲကြည့်ကြည့် ရေရှည်ကစားရတဲ့ပြိုင်ပွဲမှာ အမှတ်စုဆောင်းနိုင်ဖို့ကသာအခရာဖြစ်ပါတယ်။

အာတီတာကိုယ်တိုင်ကလဲ တစ်ပွဲခြင်းဖြတ်သန်းနေတယ်လို့ဆိုထားတာကြောင့်  အလားအလာကောင်းနေတယ်ဆိုတာကို ခနဘေးချိတ်ပြီး တစ်ပွဲခြင်းအာရုံစိုက်ရမှာဖြစ်ပါတယ်။ အနိမ့်ဆုံးပြောရရင်တော့ လက်ရှိအနေအထားအရ  ချန်ပီယံလိဂ်မသေချာပေမယ့် ယူရိုပါလိဂ်ကတော့ သေချာပေါက်ကစားရမယ်လို့ယူဆမိပါတယ်။  ကြားရ​က်တွေကိုယ်နဲ့မဆိုင်တဲ့  ဘောလုံးရာသီကိုတော့ အာဆင်နယ်ပရိတ်သတ်တွေထပ်တွေ့စရာမရှိတော့ပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: