ဒင်းဟန်ဒါဆင်ကို လက်လွှတ်ပြီး အသင်းရဲ့ကစားသမားဟောင်းကို ခေါ်ယူလိုနေတဲ့ယူနိုက်တက်
ယူနိက်တက်အသင်းဟာ နွေရာသီအပြောင်းရွေ့ ကာလမှာ ဒင်းဟန်ဒါဆင်ကို ပြောင်းရွေ့ခွင့်ပေးပြီး ဝက်စ်ဘွန်းအသင်းမှ လူငယ်ဂိုးသမား ဆမ်ဂျွန်စတုန်းကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းများကဖော်ပြနေကြပါတယ်။ ဟန်ဒါဆင်ဟာ နိုင်ငံအသင်းတွင်ကစားလိုသောကြောင့် ပုံမှန်ပွဲထွက်ခွင့်ရနိုင်တဲ့ အသင်းတ သင်းကိုပြောင်းရွေ့လိုနေတာဖြစ်ပါတယ်။ ဂျွန်စတုန်းမှာ ယူနိုက်တက်အကယ်ဒမီထွက် လူငယ်ဂိုးသမားတဦးဖြစ်ပြီး (၂၀၁၀)ခုနစ်က တည်းကယူနိုက်တက်အသင်းကနေ ထွက်လာခွာလာသူလို့ သိရပါတယ်။
ချဲလ်ဆီးအသင်းနောက်ခံလူ ရူဒီဂါကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သတင်းထွက်လာပြန်တဲ့ ယူနိုက်တက်အသင်း
ယူနိုက်တက်အသင်းဟာ လက်ရှ်ိနောက်တန်းကစားသမားတွေဖြစ်တဲ့ ဖီလ်ဂျူံးနဲ့ ဘိုင်ယီတို့ကိုရာသီအကုန်မှာထွက်ခွာခွင့်ပေးမည်ဖြစ်ကာ ကစားသမားသစ်ထပ်မံအားဖြည့်သွားမည်ဖြစ် ကြောင်းသိရပါတယ်။ ချဲလ်ဆီးလ်အသင်းမှာ အနာဂတ်မရေမရာဖြစ်နေသည့် ရုဒီဂါဟာ ရာသီကုန် တွင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်သလို နည်းပြရင်းနစ်ခ်အနေနဲ့ ရုဒီဂါနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ယူနိုက်တက်တို့ဟာ ခေါ်ယူနိုင်ခြေရှိတဲ့အသင်းတသင်းဖြစ်ကြောင်း Mirror ကဖော်ပြထားပါတယ်။ ယင်းကစားသမားကိုခေါ်ယူဖို့ ဥရောပကလပ်အသင်းကြီးများကိုစောင့်ကြည့်လျှက်ရှိကြောင်း ထပ်မံသိရှိရပါတယ်။
လီဗာပူးဖလားလို့ပြောလာတဲ့ ဟာမန်း နဲ့ ချဲလ်ဆီးဖလားလို့ပြောတဲ့ ဂျိုးကိုးလ်
ချဲလ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ယှဥ်ပြိုင်ကြမယ့် ကာရာဘောင်ဖလားဖိုင်နယ်ပွဲစဥ်မှာ လီဗာပူးအသင်းဖြတ်ကျော်နိုင်မည်ဖြစ်ကြောင်း လီဗာပူး ကွင်းလယ်ကစားသမားဟောင်း ဒီဒီယာ ဟာမန်းကပြောကြားလိုက်ပါတယ်။
” လီဗာပူးအနေနဲ့ ဒီနောက်ပိုင်းပွဲစဥ်တွေမှာ ချဲလ်ဆီးအသင်းထက်ပိုတည်ငြိမ်ပါတယ်။ ခြေစွမ်းအရ အသင်းလိုက်စုစည်းမူအရ လီဗာပူးအသင်းကပဲ ဖြတ်ကျော်သွားနိုင်မှာပါ ” လို့ပြောကြားခဲ့တာပါ။ ဒီဒီဟာမန်ဟာ လီဗာပူးအသင်း၏ (၁၉၉၉) မှ (၂၀၀၆) ခုနှစ်ထိကစားခဲ့သည့်ကစားသမားဖြစ်ပြီး ကာရာဘောင်ဖလား (ထိုစဥ်က ဝါသင်တန် ၊ ကားလင်း) (၂)ကြိမ်၊ ချန်ပီယံလိဂ် တကြိမ်ရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် ချဲလ်ဆီးကစားသမားဟောင်းဖြစ်တဲ့ ဂျိုးကိုးကတော့ တူချယ်မှာအစီအစဥ်တစ်ခုရှိနေတာသေချာတယ်လို့ ယုံကြည်နေပြီး ချဲလ်ဆီးကသာဖလားကိုင်မြှောက်မယ်လို့ ဆိုထားပါတယ်။
အဓိက ကစားသမားတွေချန်မယ့် ရီးရဲ
ရီးရဲလ်မက်ဒရစ်အသင်းဟာ ယနေ့ညကစားမယ့် လာလီဂါပွဲစဥ်မှာ အဓိကကစားသမားတွေကို အနားပေးမယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။ အကြောင်းကတော့ ချန်ပီယံလ်ဂ်ဒုတိယအကျော့ပွဲစဥ် ဖြစ်တဲ့ PSG အသင်းနဲ့ပွဲစဥ်ကိုအာရုံစိုက်လိုသောကြောင့် ယခုလိုချန်လှပ်မှာဖြစ်တယ်လို့ နီးစပ်ရာသတင်းများအရသိရပါတယ်။ ချန်လှပ်မယ့်ကစးသမားများဟာ မည်သူမည်ဝါဖြစ်ကြောင်းအတည်မပြုထားသော်လည်း နောက်ခံလူ အယ်ဘာမှာသေချာ သည့်အနေထားမှာရှိနေတယ်လို့ဆိုပါတယ်။
အန်ကတ်တီယာကို ဝက်စ်ဟမ်းအသင်းစိတ်ဝင်စား
အားကစားသတင်းထောက် ပေါလ်ဘရောင်းက အာဆင်နယ်အသင်းရဲ့တိုက်စစ်မှုးလေး အန်ကတ်တီယာကို ဝက်စ်ဟမ်းအသင်းက ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းဖက်က ဆက်လက်ခေါ်ယူထားချင်ပေမယ့် ဆွေနွေးမှုတွေအဆင်မပြေတာကြောင့် ရာသီကုန်မှာအလွတ်နဲ့ ပြောင်းဖို့သေချာနေတဲ့တိုက်စစ်မှုးလေးကို လိုချင်နေတဲအသင်းတွေများစွာရှိနေပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ ရာသီတုန်းကလည်း ခရစ်စတယ်ပဲလေ့စ် အသင်းဟာ တိုက်ရိုက် ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် အာဆင်နယ်ဖက်ကပယ်ချခဲ့ပါတယ်။ အန်ကတီတီယာဟာ ဝုဗ်အသင်းနဲ့ပွဲမှာတော့ လူစားဝင်ပြီး ခြေစွမ်းပြကစားနိုင်ခဲ့သလို ဖန်တီးမှုတစ်ခုလဲပြုလုပ်နိုင်ခဲ့ပါတယ်။
Leave a Reply