လာကာဇက် အသင်းမှာဆက်ရှီနေမယ်လို့ မာဆင်ရေးသား
ပေါလ်မာဆင်ကတော့ လာကာဇက်တစ်ယောက်အသင်းမှာဆက်ရှိနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ Daily Star ရဲ့ WebSite မှာပုံမှန်ရေးသားနေတဲ့မာဆင်က “ လာကာဇက်ဟာ သေချာပေါက်စာချုပ်လက်မှတ်ထိုးပါလိမ့်မယ်။ အာဆင်နယ်အနေနဲ့လဲ သူတို့လိုချင်တဲ့တိုက်စစ်မှုးတစ်ယောက်လောက်ရရင်ပဲ အဆင်ပြေတယ်ဆိုရပါလိမ့်မယ်။ လာကာဇက်သာထွက်သွားရင် သူတို့ တိုက်စစ်မှုး ၂ ယောက်ခေါ်ရမှာပါ … အသင်းပိုင်ရှင်တွေအနေနဲ့လာကာဇက်ကို လစာနဲနဲတိုးပေးလိုက်တာဟာ ခက်ခဲတဲ့ကီစ္စတစ်ခုမဟုတ်ပါဘူး “ ဆိုပြီး ရေးသားခဲ့တာပါ။
အီဆက်ခ်နဲ့ ဒေးဗစ်ကို အာဆင်နယ်ပစ်မှတ်ထားနေကြောင်း ရိုမာနို ကပြောကြားလာ
ဖေဘရီဇီယို ရိုမာနိုက အာဆင်နယ်အသင်းရဲ့အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီးအခုလိုပဲ ပြောဆိုလာခဲ့ပါတယ်။
“ သူတို့တိုက်စစ်မှုးတစ်ယောက် ၊ ဒါမှမဟူတ်လဲ ၂ ယောက်လောက်လိုပါတယ်။ ကျွန်တော်ကတော့ အီဆက်ခ်နဲ့ ဒေးဗစ်ကို သူတို့ကြိုးစားလိမ့်မယ်လို့ ပြောချင်ပါတယ်။ ဒီ ၂ယောက်စလုံးက ဇန်နဝါရီထဲက ပစ်မှတ်ထားနေခဲ့တာပါ။ အာဆင်နယ်ဟာ အရေးကြီးတဲ့နေရာတစ်ခုအတွက်သေချာပေါက်ကစားသမားသစ်ခေါ်ပါလိမ့်မယ် “ လို့ပြောသွားခဲ့တာပါ။
အဆန်ဆီယိုကို အာဆင်နယ်ကမ်းလှမ်းထား
စပိန်သတင်းထောက် အက်ဒွာဒိ အင်ဒါ က အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ ရီးရဲကစားသမား မာကိုအဆန်ဆီယိုကို ကမ်းလှမ်းထားကြတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ “ အာဆင်နယ်နဲ့ လီဗာပူးတို့က အဆန်တီယိုအတွက် ကမ်းလှမ်းထားကြပါတယ်။ မာကိုက ၂၀၂၃ မှာ စာချုပ်ကုန်မှာပါ။ ဒီရာသီကုန်မှာ ထွက်ခွာခွင့်မပေးရင် နောက်ရာသီမှာ အလွတ်နဲ့ ပြောင်းသွားတမျိုးဖြစ်လာပါလိမ့်မယ် “ ဆိုပြီး Sport Witness နဲ့တွေ့ဆုံရာမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ် အသာမရသေးပါဘူးလို့ မာတင်ကီအွန်မှတ်ချက်ပေးလာ
အာဆင်နယ်ဂန္တဝင် မာတင်ကီအွန်ကတော့ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲမှာ အသာရတာမျိုးမရှိသေးဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းအတွက်အဓိကလိုအပ်နေတာ တည်ငြိမ်မှုဖြစ်ပြီး အူဘာမီယန်ဘာစီလိုနာမှာဂိုးသွင်းယူနိုင်ခြင်း ၊ လာကာဇက်ဆီကနေ ဂိုးတွေမမြင်ရခြင်းတို့ကိုလည်းထောက်ပြသွားခဲ့ပါတယ်။ “ ဘာတွေဖြစ်လာမလဲဆက်စောင့်ကြည့်ရမှာပဲ။ အာဆင်နယ်က အခွင့်အရေးရော အခက်အခဲရော ရှိနေပါတယ်။ ပရီတ်သတ်အနေနဲ့ ကတော့ တစ်စုံတစ်ရာဖြစ်လာမယ်လို့ ယုံကြည်ထားကြပုံပါပဲ “ ဆိုပြီး TalkSport နဲ့တွေ့ဆုံရာမှာ သူ့အမြင်ကို ပြောခဲ့တာပါ။
ဂျီမီနက်စ်ကို တွန်းထုတ်ခဲ့တဲ့ ရှာခါကို ပရိတ်သတ်တွေသဘောကျနေကြ
အာဆင်နယ်ပရိတ်သတ်တွေဟာ ဝုဗ်နဲ့ပွဲစဥ်မှာ အချိန်ဆွဲဖို့ ကြိုးစားခဲ့တဲ့ ပြိုင်ဖက်တိုက်စစ်မှုး ဂျီမီနက်စ်ကို ၂ ကြိမ်တိုင်တိုင်တွန်းထုတ်ခဲ့တဲ့ ရှာခါရဲ့ လုပ်ရပ်ကိုသဘောကျနေခဲ့ပါတယ်။ အဆိုပါပွဲမှာ ဝံပုလွေတို့ဟာ ပွဲကိုထိမ်းချုပ်ဖို့ကြိုးစားခဲ့ပြီး မိနစ်အများအပြားလဲပြုန်းတီးခဲ့ပါတယ်။ ရှာခါဟာ အနီကတ်တွေကြောင့် စည်းကမ်းပိုင်းဆိုင်ရာအရ ပြသနာရှိသော်လည်း ၊ စိတ်ပါလက်ပါကစာပေးနိုင်တဲ့ အမူအကျင့်ကြောင့် နှစ်သက်တဲ့ပရိတ်သတ် အများအပြား ကိုလဲရရှိထားပါတယ်။
Leave a Reply