ချဲလ်ဆီးသတင်းမှတ်စု (26Feb)

ရူဒီဂါက ဘယ်လို ကူညီခဲ့တယ်ဆိုတာကို ချာလိုဘာပြန်ပြောပြလာ

ချဲလ်ဆီးနောက်ခံလူ ချာလိုဘာက  နွေရာသီမှာ အသင်းကထွက်ခွာဖွယ်ရှိနေတဲ့  ရူဒီဂါနဲ့သူ့ရဲ့ဆက်နွယ်မှု အကြောင်းကို The Athletic နဲ့တွေ့ဆုံရာမှာပြောပြလာပါတယ်။  “  ကွန်တီရဲ့လက်အောက်မှာတုန်းက ကျွန်တော်က အငှားသွားကစားလိုက် ၊ အသင်းကို ပြန်ရောက်လာလိုက်နဲ့ အချိန်မှာပေါ့ဗျာ။  အဲ့ဒီအချိန်မှာ ရူဒီဂါဟာ ကျွန်တော့်ကို ယုံကြည်မှုပေးခဲ့တဲ့ တစ်ဦးထဲသောသူပါ။ အမြဲတန်း ကျွန်တော့်ကို ကြိုးစားဖို့ ၊ အားမလျှော့ဖို့ ဘေးကနေ အားပေးနေခဲ့ပါတယ်။  ကျွန်တော်ဟာ ချဲလ်ဆီးအဆင့်မှာကစားဖို့ ထိုက်တန်တဲ့အဆင့်မှာ ရှိကြောင်းဘေးနားကနေပြောပေးနေခဲ့တာပေါ့ “ လို့  ကျေးဇူးတင်ကြောင်းပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးဖလားကိုင်မြှောက်မယ်လို့  ဂျိုးကိုးပြော

ကာရာဘောင်းဖလားဗိုလ်လုပွဲနဲ့ပတ်သတ်ပြီး ကစားသမားဟောင်း ဂျိုးကိုးလ်က အခုလိုပဲသူ့ရဲ့ထင်မြင်ချက်ကိုပြောပြလာပါတယ်။  “ တူချယ်မှာ အစီအစဥ်ကောင်းတစ်ခုခုရှိနေမှာပါ။  ဂျော်ဂျင်ဟိုကို လိုင်လီနဲ့ပွဲမှာမတွေ့ခဲ့ရတာကလဲ အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။  ကျွန်တော်ကတော့ ချဲလ်ဆီးအသင်းဖလားကိုင်မြှောက်နိုင်လိမ့်မယ်လို့  ပြောချင်ပါတယ်။ အားလုံးတူတူစောင့်ကြည့်ကြတာပေါ့ “ လို့ BT Sports  ကိုပြောကြားသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိအခြေအနေတွေက စိုးရိမ်စရာတကယ်ကောင်းတယ်လို့ တူချယ်ထုတ်ပြောလာ

နည်းပြတူချယ်က လက်ရှိနိုင်ငံရေး ၊ စစ်ရေးအခြေအနေတွေကြောင့် ပူပန်မိတယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။

“ ဒါတွေကိုအရေးမကြီးပါဘူးဆိုပြီး ကိုယ့်ကိုယ်ကိုလှည့်စားနေဖို့မသင့်ပါဘူး။  လက်ရှိအခြေအနေတွေဟာ ကျွန်တော်​ ၊ ဝန်ထမ်းတွေ ၊  ကစားသမားတွေအားလုံးအတွက် ပူပန်စရာကောင်းပါတယ်။ ဘယ်သူမှကြိုမသိနိုင်ပါဘူး။  ကျွန်တော်တို့အားလုံးစိုးရိမ်နေပါတယ်  “   ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။  ချဲလ်ဆီးဟာ အနီးဆုံးပွဲအဖြစ် လီဗာပူးအသင်းနဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲကို ကစားရမှာဖြစ်ပါတယ်။

ပူလီဆစ်က တူချယ်အတွက်အစွမ်းပြမယ်လို့ Football London ရေးသား

ကာရာဘောင်းဖလားဗိုလ်လုပွဲမှာ  တူချယ်အတွက် ပူလီဆစ်အစွမ်းပြမှာဖြစ်တယ်လို့  Football London က သုံးသပ်ရေးသားလာပါတယ်။ ပူလီဆစ်ဟာ ပြည်တွင်းပြိုင်ပွဲဗိုလ်လုပွဲအဖြစ် ၂၀၂၀ ခုနှစ်က FA Cup မှာပါဝင်ကစားခဲ့ပြီး ဂိုးလည်းသွင်းယူထားနိုင်ပါတယ်။ လတ်တလောမှာခြေစွမ်းပြန်မှန်လာတဲ့ အမေရိကန်တိုက်စစ်မှုးကို  ဂန္တဝင်တွေဖြစ်ကြတဲ့ အွန်နရီနဲ့ ကာရေဂါတို့ကလည်း ကစားသမားကောင်းအဖြစ် ချီးကျူးထားကြပါတယ်။ ပူလီဆစ်ဟာ ဒီရာသီမှာ ပွဲ ၂၀ကစား  ၄ ဂိုးသွင်းပြီ  ၂ ကြိမ်ဖန်တီးပေးထားနိုင်သူဖြစ်ပါတယ်။

လူကာကူကို  တူချယ်ကကူညီပေးနေတယ်လို့ ဆောင်းပါးရှင်ရေးသား

တူချယ်ဟာ  လူကာကူကို လက်တွဲခေါ်နေဆဲဖြစ်တယ်လို့   Daily Trust ရဲ့ဆောင်းပါးရှင် ဒေးဗစ်ဘယ်လင်တန်က သုံးသပ်ရေးသားလာခဲ့ပါတယ်။ ဆောင်းပါးရှင်က  ချဲလ်ဆီးနဲ့အဆင်မပြေခဲ့ကြတဲ့ ကမ္ဘာကျော်တိုက်စစ်မှုးတွေအကြောင်းကိုလဲ ချိတ်ဆက်ရေးသားခဲ့ပြီး ၊ တူချယ်ကတော့ လူကာကူအစွမ်းမပြနိုင်ရခြင်းက သူ့မှာတာဝန်ရှိတယ်လို့ ယူဆထားကြောင်းပြောဆိုထားတာပါ။  တူချယ်ကလည်း “ ချဲလ်ဆီးကအသင်းကြီးတစ်သင်းပါ။  ရုပ်ပိုင်းဆိုင်ရာလဲတောင့်တင်းကြံ့ခိုင်ပါတယ်။ အသင်းမှာတိုက်စစ်မှုးတွေဆီကနေ တောင်းဆိုချက်တွေများပြားလှပါတယ်။ ရိုမယ်လူဟာ အမြဲတမ်း လိုအပ်ချက်တွေရဲ့အဖြေတစ်ခုဖြစ်ပါတယ်  “ လို့ပြောဆိုသွားတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: