Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ ( 25Feb)

ပွဲအပြီးမှာ တောင်းပန်ခဲ့တဲ့ ဝုဗ်နည်းပြ

ဝုဗ်နည်းပြ ဘရူနိုလေ့ဂျ်က ပွဲပြီးခါနီးမှာ အချိန်ဆွဲသလိုဖြစ်ခဲ့တဲ့အတွက်ကြောင့်   အာတီတာနဲ့ ဒိုင်လူကြီးတွေကို ပြန်လည်တောင်းပန်ခဲ့တယ်လို့သိရပါတယ်။ ဒီအကြောင်းကို ပွဲအပြီးအင်တာဗျူးမှာ အခုလိုထည့်သွင်းဖြေဆိုသွားခဲ့ပါတယ်။  “  ပထမဆုံးပြောပြချင်တာက ပွဲပြီးခါနီးကိစ္စကိုပါ။ ဒါက ကျွန်တော်နဲ့အဖွဲ့သားတွေကြားထဲမှာနားလည်မှုလွဲသွားခဲ့တဲ့ကိစ္စသပ်သပ်ပါပဲ။  လူစားလဲခါနီးမှာ ကျွန်တော်စိတ်ပြောင်းသွားခဲ့လို့ အားလုံးရှုတ်ထွေးသွားခဲ့တာပါ​။ ဒီအတွက် ဒိုင်လူကြီးကိုရော ၊ အာတီတာကိုပါ ကျွန်တော်တောင်းပန်ခဲ့ပါတယ်။ ဒါဟာ အချိန်ဆွဲဖို့ကြိုးစားခဲ့တာမဟုတ်ပါဘူး။ နားလည်မှုလွဲခဲ့ကြတာပါ “  ဆိုပြီးရှင်းပြသွားခဲ့တာဖြစ်ပါတယ်။

အနိုင်ဂိုးရှင် လာကာဇက်ဟာ အဆင့် ၄ အတွင်းဝင်ဖို့ မျှော်လင့်ချက်ထားနေပြီး ၊ ကစားဖော်ဟောင်းအူဘာကလည်း သူ့ကိုချီးကျူးခဲ့

နောက်ဆုံးမိနစ် အနိုင်ဂိုးရှင်လာကာဇက်ကို ဝိုင်းဝန်းဂုဏ်ပြနေကြသူတွေထဲမှာ အသင်းဖော်ဟောင်း အူဘာမီယန်လဲပါဝင်ခဲ့ပါတယ်။  လာကာဇက်ကလည်း ဝုဗ်ကိုအနိုင်ရခဲ့တဲ့ပွဲအပေါ်မှာတော်တော်လေးဂုဏ်ယူနေပြီးရာသီကုန်မှာ ထိပ်ဆုံး ၄ သင်းဝင်နိုင်မယ်လို့လဲ ယုံကြည်နေပါတယ်။ “ ဒီလိုပွဲမျိုးကို နောက်ဆုံးမိနစ်မှာအနိုင်ရခဲ့တာသိပ်ကောင်းတာပေါ့ဗျာ။  ကျွန်တော့်အနေနဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ သူတို့က ပွဲထဲမှာ အနိုင်ရဖို့အတွက်ခွန်အားတွေပေးခဲ့ပါတယ်။  ကျွန်တော်တို့ကလည်း နေ့တိုင်းကြိုးစားနေတယ်၊ နည်းပြကိုယုံကြည်တယ်၊ ရာသီကုန်မှာလဲ အဆင့် ၄ ဝင်ဖို့အတွက်မျှော်လင့်နေပါတယ် “  ဆိုပြီးပြောသွားခဲ့တာပါ။

အာဆင်နယ်ပစ်မှတ် အီဆက်ခ်ကို လိုချင်တဲ့အသင်းတွေများလာ

ဘာစီလိုနာအသင်းဟာလည်း ဆိုစိဒက်တိုက်စစ်မှုး အလက်ဇန်းဒါးအီဆက်ခ်လုပွဲထဲကို ပါဝင်လာခဲ့ပြီဖြစ်တယ်လို့  Football London ကဖော်ပြလာခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နွေရာသီမှာ တိုက်စစ်မှုးတစ်ဦးမဖြစ်မနေခေါ်ယူသွားမှာဖြစ်ပြီး  ကဲဗက်လီဝင် ၊ ဂျိုနသန်ဒေးဗစ်နဲ့  အီဆက်ခ်တို့ဟာ ထိပ်တန်းပစ်မှတ်တွေဖြစ်တယ်လို့ သိရပါတယ်။  ပြီးခဲ့တဲ့ဆောင်းရာသီတုန်းက ခေါ်ယူဖို့စကားပြောခဲ့ကြပေမယ့် အသင်းဖက်က ပေးချေရမယ့်စာချုပ်ဖျက်သိမ်းကြေးကို မတန်ဘူးလို့ယူဆခဲ့လို့ အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့ကြောင်း သတင်းတွေမှာ ရေးသားခဲ့ကြပါတယ်။

ဝုဗ်နဲ့ပွဲဟာ အကောင်းဆုံးပွဲတစ်ပွဲဖြစ်ကြောင်း တီယာနေပြောဆို

ကီရန်တီယာနေဟာ အာဆင်နယ်အသင်းအနေနဲ့ ရာသီကုန်မှာ အဆင့် ၄ မှာရပ်တည်နိုင်မယ်လို့ ယုံကြည်နေပြီး ၊ နောက်ဆုံးမိနစ်မှာအနိုင်ရခဲ့တဲ့အပေါ်လဲ ဂုဏ်ယူနေပါတယ်။

“  ဒီလိုပွဲမျိုးထက်ပိုကောင်းတာ ဘောလုံးမှာမရှိတော့ပါဘူးဗျာ …   ဒါဟာဘယ်သူမဆို အတူတူပါဝင်ပတ်သတ်ပြီးအောင်ပွဲခံချင်ကြတဲ့ပွဲမျိုးပေါ့  “ ဆိုပြီးပြောခဲ့ပါတယ်။ တဆက်ထဲမှာပဲ အဆင့် ၄ နေရာဝင်ဖို့ကြိုးစားနေကြကြောင်း ၊ မဖြစ်နိုင်စရာမရှိကြောင်း .. ရလဒ်တွေကိုအသင်းလိုက်စိတ်ဓါတ်ကောင်းနဲ့ဖော်ဆောင်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အန်ကတ်တီယာကို လိုချင်သူတွေများနေတယ်လို့ ပေါလ်ဘရောင်းကပြောဆို

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှုးလေး အန်ကတ်တီယာကို  လန်ဒန်ကလပ် ဝက်စ်ဟမ်းက အလိုရှိနေတယ်လို့  သတင်းထောက် ပေါလ်ဘရောင်းက ပြောဆိုခဲ့ပါတယ်။  အာဆင်နယ်အသင်းနဲ့ ညှိနှိုင်းမှုတွေအဆင်မပြေသေးတာကြောင့်ရာသီကုန်မှာအသင်းပြောင်းဖို့သေချာနေတဲ့တိုက်စစ်မှုးလေးကို လိုချင်နေတဲအသင်းတွေများစွာရှိနေပါတယ်။ ပြီးခဲ့တဲ့ဆောင်းရာသီတုန်းကလည်း ပဲလေ့စ် အသင်းဟာ ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့လည်းသတင်းများက ဖော်ပြခဲ့ကြပါသေးတယ်။ အန်ကတီတီယာဟာ ဝုဗ်နဲ့ကစားခဲ့တဲ့ပွဲမှာတော့ လူစားဝင်ပြီး အားကြိုးမန်တက်ကစားပြကာ ပရိတ်သတ်တွေရဲ့ လက်ခုပ်သံကိုရယူထားနိုင်ခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: