Gunners’ Side – နောက်ဆုံးရအာဆင်နယ် သတင်းများ (24Feb)

တီယာနေကို ခေါင်းဆောင်အရည်အသွေးရှိသူလို့  ဆေးဗားလ်ချီးကျူး

အာဆင်နယ်အသင်းရဲ့  Invincible တစ်ယောက်ဖြစ်တဲ့ ဂီလ်ဘာတိုဆေးဗားလ်က  အသင်းခေါင်းဆောင်သစ်ခန့်ထားရေးနဲ့ပတ်သတ်ပြီး သူ့ရဲ့အမြင်ကို အခုလိုမျှဝေခဲ့ပါတယ်။

“ သိပ်ပြီးစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းပါပဲ။ ကျွန်တော်ကတော့အသင်းမှာ ခေါင်းဆောင်အရည်အသွေးရှိသူတွေအများကြီးပဲလို့ မြင်ပါတယ်။  တီယာနေကလဲ တစ်ယောက်အပါအဝင်ပဲပေါ့ “ လို့ဖြေသွားခဲ့ပါတယ်။  လတ်တလောမှာလဲ  တီယာနေဟာ ဒုတိယအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူပေးနေပါတယ်။

နာပိုလီအတွဲကို သဘောကျနေတဲ့အာဆင်နယ်

အာဆင်နယ်အသင်းဟာ နာပိုလီအတွဲဖြစ်တဲ့  ဖေဘီယန်ရုဇ်နဲ့ အိုဆီမန်တို့ကို ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့  နာပိုလီအခြေစိုက်သတင်းစာတွေကဖော်ပြလာပါတယ်။ စျေးကွက်အနေအထားအရ အဆိုပါကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတွေအတွက်  အာဆင်နယ်ဟာ  ၈၅ သန်းခန့်သုံးစွဲရမှာဖြစ်ပါတယ်။ တိုက်စစ်မှုးမဖြစ်မနေခေါ်ရမယ့်အာဆင်နယ်အတွက် အိုဆီမန်ဟာ ပစ်မှတ်ကောင်းဖြစ်သလို ၊ ရုဇ်ကိုလည်း အာဆင်နယ်နဲ့ကိုက်ညီသူအဖြစ်ရေးသားနေကြပါတယ်။  ဖေဘီယန်ရုဇ်နဲ့ အာဆင်နယ်အကြားဆွေးနွေးမှုတွေရှိထားပြီးဖြစ်တယ်လို့လဲ သတင်းများကဖော်ပြနေကြပါတယ်။

Advertisements

ဂျက်အသင်းကို ပြန်လာမှာဖြစ်တယ်လို့ အာတီတာ အတည်ပြုပေးခဲ့

နည်းပြအာတီတာဟာ  ဝီရှိုင်းယားနဲ့ပတ်သတ်ပြီး အခုလိုပဲ ပွင့်ပွင့်လင်းလင်းဖြေသွားခဲ့ပါတယ်။

“ ဂျက်ဟာ တစ်နေ့မှာ နည်းပြတစ်ယောက်အဖြစ်အသင်းကိုပြန်လာမှာလားလို့မေးရင်  ၁၀၀%သေချာတယ်လို့ပဲ ကျွန်တော်ဖြေရမှာပါပဲ။  အသင်းမှာရှိတဲ့လူတိုင်းက သူ့အတွက်တံခါးဖွင့်ထားသလို ၊ သူနဲ့လက်တွဲပြီးလုပ်လို့ရမယ့်အခွင့်အရေးတွေကိုလည်း ကြိုးစားဖန်တီးနေကြပါတယ် “  လို့ဆိုခဲ့တာပါ။  အဆိုပါပြောစကာအရ ဝီရှိုင်းယားကိုလည်း နည်းပြအဖွဲ့ဝင်ထဲမှာမြင်တွေ့ရဖွယ်ရှိနေပါတယ်။

အာတီတာရဲ့မှတ်ချက်ကြောင့် ဆဲဒရစ် ပွဲထွက်ခွင့်ထပ်ရနိုင်

အဓိက အစွန်လူတိုမီယာစု မကစားနိုင်ချိန်မှာ ခြေစွမ်းပြနေတဲ့ ဆဲဒရစ်အပေါ်ကို အာတီတာက အခုလိုပဲ မှတ်ချက်ပေးလာခဲ့ပါတယ်။  “ ကျွန်တော်လိုချင်တာ ဒါပါပဲ။  အသင်းမှာ တစ်နေရာထဲကိုပဲ မတူညီတဲ့ပုံစံတွေနဲ့ကစားပြနိုင်တဲ့သူတွေရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်က ပိုပြီးရွေးချယ်လို့ရနေခဲ့တာပေါ့။  ကစားသမားတွေမှာ အဆင့်မြင့်တဲ့စွမ်းဆောင်ရည်တွေရှိနေတယ်ဆိုတာကို သံသယရှိစရာမလိုပါဘူး “  လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကို ပြန်လာမယ့် နောက်ထပ်ဂန်းနားဟောင်း

အာဆင်နယ်အသင်းနဲ့  ၁၅ နှစ်ကြာဖြတ်သန်းခဲ့ဖူးတဲ့  ဆန်ချက်စ်ဝက် ဟာ လူငယ်အကယ်ဒမီကို  တစ်ရက်တာနည်းပြပေးဖို့အတွက် အသင်းဆိပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ ဂန်းနားဟောင်းတွေဟာ မကြာခနပြန်လာပြီး အသင်းနဲ့အတူ ပူးပေါ်င်းလေ့ရှိကြတာဖြစ်လို့  ဆန်းချက်ဟာလည်း ဆီးမန်း ၊​ဂျက်၊ မူအမ်ဘာ တို့လိုပဲ  နောက်ထပ် “ အသင်းနဲ့အတူ ပြန်ဆုံတဲ့ကစားသမား “ အဖြစ်စာရင်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ အမေရိကန်ကစားသမားဟာ  ၁၉၉၈ ခုနှစ်ကတည်းက အသင်းမှာရှိနေခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ကိုချက်စတာအသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: