နာပိုလီအတွဲဖက်ကိုရောက်လာတဲ့ အာဆင်နယ်ရဲ့ ကွင်းလယ်နဲ့တိုက်စစ်ရှာပုံတော်

ကွင်းလယ်နဲ့ တိုက်စစ်ကို သေချာပေါက်အားဖြည့်တော့မယ့်အာဆင်နယ်အသင်းဟာ စီးရီးအေရပ်ဝန်းကိုလည်း အာရုံကျလာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက အာဆင်နယ်အသင်းဟာ နာပိုလီကွင်းလယ်ကစားသမား ဖေဘီယန်ရုဇ် ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကနဦးဆွေးနွေးမှုအချို့ပြုလုပ်ထားပြီဖြစ်တယ်လို့ The Mirror သတင်းဌာနကဖော်ပြလာပါတယ် ။ အသက် ၂၅ နှစ်အရွယ်ကစားသမားအတွက် အမှန်တကယ်ခေါ်ယူဖြစ်မယ်ဆိုရင် ပေါင် ၁၆ သန်းခန့်သုံးစွဲရဖွယ်ရှိနေပါတယ်။ ဒီပမာဏဟာ အာဆင်နယ်အတွက်အခက်အခဲရှိတဲ့အနေအထားတော့မဟုတ်ပါဘူး။

စပိန်ကွင်းလယ်လူ ရုဇ်ဟာ နာပိုလီနဲ့ ၄ ရာသီမြောက်ကိုဖြတ်သန်းနေသူဖြစ်ပြီး ၊ ၁၅၃ ပွဲကစား ဂိုးပေါင်း ၂၀ သွင်းယူပေးထားနိုင်ပါတယ်။ ကစားသမားဟာ ဂရန်းနစ်ရှာခါနဲ့ကစားပုံဆင်တူပြီး ပါတေးနဲ့လဲတွဲဖက်ကောင်းတွေဖြစ်လာမယ်လို့ ခန့်မှန်းရေးသားမှုတွေကိုမြင်ခဲ့ရပါတယ်။  ကွင်းလယ်ကစားသမားဖြစ်ပေမယ့် သွင်းဂိုးမှတ်တန်းလဲကောင်းတဲ့ ရုဇ်ဟာ ဘယ်သန်ကစားသမားတစ်ယောက်ဖြစ်ပြီး  ၄-၄-၂ ၊  ၄-၃-၃  ၊ ၄-၂-၃-၁  ကစားပုံတိုင်းမှာ လိုအပ်သလို တိုက်စစ်ရောခံစစ်မှာပါကစားနိုင်သူဖြစ်ပါတယ်။

ဒီသတင်းနဲ့မရှေးမနှောင်းမှာပဲ ထပ်ပြီးဖော်ပြလာတာကတော့ တိုက်စစ်မှုးအိုဆီမန်ကိုလည်း ခေါ်ယူချင်နေတယ်ဆိုတဲ့သတင်းပါပဲ။ စျေးကွက်အနေအထားအရ အဆိုပါကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတွေအတွက်  အာဆင်နယ်ဟာ  ၈၅ သန်းခန့်သုံးစွဲရမှာဖြစ်ပါတယ်။ Traditional Number 9 ကစားသမားကောင်းလိုအပ်နေတဲ့ အာဆင်နယ်အတွက် အိုဆီမန်ဟာလဲ လိုအပ်ချက်နဲ့ကွက်တိကျတဲ့ကစားသမားဖြစ်ပါတယ်။ အသက် ၂၃ နှစ်သာရှိသေးပြီး အရပ် ၆ ပေ ၁ လက်မမြင့်တဲ့ ဒီနိုင်ဂျီးရီးယားသားဟာ  ကိုယ်တိုင်ဂိုးသွင်းယူဖို့ထက် တဖက်နောက်တန်းကိုထိုးဖောက်ရင်း ကစားကွက်ကိုအထောက်အကူပြုတတ်တဲ့ကစားသမားမျိုးလဲဖြစ်ပါတယ်။ တကယ်သာခေါ်ဖြစ်ခဲ့မယ်ဆိုရင်တော့ လတ်ဆတ်တဲ့ လာကာဇက် ကို ရရှိလိုက်သလိုဖြစ်လာမှာပါ။

အိုဆီမန်ဟာ  နာပိုလီအသင်းကို ပြီးခဲ့တဲ့ရာသီအစမှာရောက်ရှိလာခဲ့သူဖြစ်ပြီး  ပွဲပေါင်း ၅၀ ကစားကာ ၂၁ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဟာခနဲ ဟင်ခနဲ သွင်းဂိုးမှတ်တန်းတစ်ခုမဟုတ်ပေမယ့်  အသင်းအတွက်များစွာအကျိုးပြုနိုင်သူဖြစ်ပါတယ်။ နိုင်ဂျီးရီးယားလက်ရွေးစင်လဲဖြစ်တဲ့  အိုဆီမန်ဟာ ဘောလုံးသမားဘဝတစ်လျှောက်မှာတော့  ၆၉ ဂိုးသွင်းယူခဲ့ပြီးသူဖြစ်ပါတယ်။  တစ်ချိန်တုန်းက  အာဆင်ဝင်းဂါးနဲ့လဲ ရေစက်ဆုံတော့မလိုဖြစ်ခဲ့ဖူးတဲ့ အိုဆီမန်တစ်ယောက် ဒီတစ်ကြိမ်တော့ အမ်းမရိတ်ဆီတကယ်ရောက်လာမလားဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။

ဒီအတွဲကိုသာခေါ်ယူနိုင်လိုက်တယ်ဆိုရင်  လက်ရှိလူငယ်စုဖွဲ့မှုကို ပိုမိုအင်အားတောင့်တင်းသွားစေမှာဖြစ်သလို ၊ အသင်းလိုက် Balance ကိုလဲပိုမိုအားကောင်းစေမှာဖြစ်ပါတယ်။  အသက်အရွယ်အနေအထားများကလဲ  အိုဆီမန် (၂၃နှစ်) နဲ့  ရုဇ်  (၂၅နှစ်)တို့ဖြစ်တာကြောင့် အာဆင်နယ်ရဲ့ ပေါ်လစီနဲ့တော့အံကိုက်ပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: