အာဆင်၀င်းဂါးအလွန် သက်တော်ရှည်မန်နေဂျာအဖြစ် အာတီတာကို မြင်တွေ့ရနိုင်မလား

အူနိုင်းအမ်မရီရဲ့ လက်ထဲကနေ အာတီတာတစ်ယောက် အာဆင်နယ်ကို လွှဲပြောင်းရယူခဲ့တာဟာ ၂၆လရှိပါပြီ။ ရာသီအစတုန်းကငါတို့ အသင်းတော့ တန်းဆင်းရပြီထင်ပါရဲ့လို့ ပရိသတ်တွေ ညည်းညူခဲ့ပေမယ့် အခုချိန်မှာ အချိန်တစ်ခုကြာဝေးကွာနေခဲ့တဲ့ ချန်ပီလိဂ်၀င်ခွင့်တစ်နေရာအတွက် မျှော်လင့်ချက်ကြီးကြီးမားမားထားလို့ရတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။ 

ပထမဆုံးအ‌နေနဲ့ လူငယ်အစုအဖွဲ့ကို အဓိကအခြေခံတည်ဆောက်ထားပြီး ဒီလိုအဆင့်အထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့တဲ့အပေါ် အာတီတာနဲ့ကစားသမားတွေကို မဖြစ်မနေ ချီးကျူးရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဘုတ်အဖွဲ့ကလည်း အသင်းရဲ့ရလဒ်တွေ ဆိုးရွားနေခဲ့စဉ်ကတည်းက အာတီတာ အပေါ် ယုံကြည်မှုပေးခဲ့ကြပြီး စပိန်သားနဲ့ ရေရှည်လက်တွဲဖို့ အစီအစဉ်ရှိခဲ့ကြပြီးဖြစ်ပါတယ်။ လက်ရှိမှာတော့ အာတီတာနဲ့ နှစ်ရှည်စာချုပ်ချုပ်ဖို့အတွက် အသင်းရဲ့ တာ၀န်ရှိသူတွေဟာ ပြင်ဆင်လာခဲ့ပြီဖြစ်ပါတယ်။ 

လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ အသင်းပိုင်ရှင် ခရွန်ကီဟာ အာတီတာအပေါ်ယုံကြည်မှု အပြည့်အ၀ရှိနေပြီး တစ်နှစ်လုပ်ခငွေ ပေါင်၈.၃သန်းနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ ဒီလုပ်ခငွေဟာ အာဆင်၀င်းဝါး အသင်းကနေ မထွက်ခွာခင်က ရရှိနေခဲ့တဲ့ လစာနှုန်းထားပမာဏနဲ့ ညီမျှနေပါတယ်။ 

လက်ရှိမှာ အာတီတာဟာ တစ်နှစ်လုပ်ခငွေ ပေါင် ၅သန်းရရှိနေတာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း ၁၆လ ကျန်ရစ်နေပါသေးတယ်။ အာဆင်နယ်ဟာ နွေရာသီမှာ ကစားသမားအသစ်တွေ ခေါ်ယူဖို့ ငွေကြေးအမြောက်အမြားသုံးစွဲပြီး အာတီတာအတွက် သူလိုချင်တဲ့ကစားသမားခေါ်ယူခွင့် ပေး‌ဖို့လည်းရှိနေပါတယ်။ လက်ရှိပရီးမီးယားလိဂ်ရဲ့ အငယ်ဆုံးနည်းပြဖြစ်တဲ့ အသက်၃၇နှစ်အရွယ် အာတီတာဟာ ဒီစာချုပ်ကို ငြင်းပယ်နိုင်ချေအတော်နည်းတာကြောင့် အမ်းမရိတ်မှာ ကာလရှည် တည်ရှိနေဖို့ ရာခိုင်နှုန်း များနေပါတယ်။ 

အာဆင်နယ်ရဲ့ အနီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ ၀က်စ်ဟမ်း၊ စပါးတို့ဟာ မန်နေဂျာအပြောင်းအလဲများစွာနဲ့ အသင်းရဲ့ အခြေအနေတွေ မတည်မငြိမ်ဖြစ်နေချိန်မှာ အာဆင်နယ်ရဲ့ မန်နေဂျာ ထိုင်ခုံတည်တည်ငြိမ်ငြိမ်ပဲ ရှိနေတာဟာ အသင်းရဲ့ရလဒ်တွေ ကောင်းမွန်စေဖို့ ကြီးမားတဲ့ အထောက်အပံ့တစ်ခုဖြစ်တယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။ 

လုံလောက်တဲ့ရင်းနှီးမြုပ်နှံမှုတွေဟာ ပြုလုပ်နိုင်မယ်ဆိုရင် နောင်လာမယ့်နှစ်တွေအတွင်းမှာ အာတီတာဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့် အသင်းအဖြစ် အာဆင်နယ်ကို တည်ဆောက်သွားနိုင်မယ်လို့ ပရိသတ်အများစုကတော့ ယုံကြည်နေကြပါတယ်။ အာတီတာရဲ့ စာချုပ်အသစ်ဟာ မကြာခင် တွေ့မြင်ရမလား၊ ဒါမှမဟုတ် နွေရာသီမှ တွေ့မြင်ရမလားဆိုတာတော့ သေသေချာချာမသိရှိရသေးပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: