၁၄နှစ်သားတုန်းက ငြင်းခဲ့တဲ့ ကစားသမားကို အသက်၂၀ရောက်မှ ပြန်လိုချင်လာခဲ့တဲ့ ချဲလ်ဆီး 

အင်္ဂလန်ကလာတဲ့ သတင်းတွေအရ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ကစားသမား မိုက်ကယ်အိုလစ်ကို စိတ်၀င်စားနေတယ်လို့သိရပါတယ်။ မိုက်ကယ်အိုလစ်ကို အာဆင်နယ်၊ အဲဗာတန်၊ ဘိုင်ယန်မြူးနစ်အစရှိတဲ့ အသင်းတွေကလည်း စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်နေတာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နွေရာသီကတည်းက ချဲလ်ဆီးဟာ မိုက်ကယ်အိုလစ်ကို စိတ်၀င်စားနေခဲ့တယ်လို့လည်း ဆိုပါတယ်။ တကယ်ခေါ်ယူခဲ့တာကတော့ ခရစ္စတယ်ပဲလေ့စ်အသင်းပဲ ဖြစ်ပြီး ချန်ပီယံရှစ်ကလပ် ရီဒင်းကနေ ခေါ်ယူခဲ့တဖြစ်ပါတယ်။ 

အသက် ၂၀ရှိပြီဖြစ်တဲ့ မိုက်ကယ်အိုလစ်ကို သူ့အသက်၁၄နှစ်ကတည်းက ချဲလ်ဆီးအနေနဲ့ ခေါ်ယူဖို့ အခွင့်အရေးရှိခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းကသူ့ရဲ့ခြေစွမ်းကို သဘောကျနှစ်သက်ခြင်းမရှိခဲ့တာကြောင့် မခေါ်ယူခဲ့ဟန်တူပါတယ်။ မိုက်ကယ်အိုလစ်ဟာ လက်ရှိမှာတော့ မန်နေဂျာ ပက်ထရစ်ဗီအဲရာရဲ့လက်အောက်မှာ ခြေစွမ်းကောင်းတွေပြသနေပြီး လက်ရှိရာသီ ပြိုင်ပွဲစုံ ပွဲ၂၀မှာ လေးဂိုးသွင်း၊ခြောက်ဂိုးဖန်တီးမှု ပြုလုပ်ထားပါတယ်။ 

Right Winger‌ Position မှာ ကစားတဲ့ သူ့ရဲ့ခြေစွမ်းတွေအပေါ်‌ စောင့်ကြည့်ချီးကျုးနေတဲ့သူတွေအများကြီးရှိပြီး ဥပမာအနေနဲ့ ဂယ်ရီလိုင်နီကာက သူ့ကို ဘောလုံးကန်ဖို့အတွက် အရည်အသွေးတွေ လက်ဆောင်ပေးခံထားရသူလို့ ပြီးခဲ့တဲ့လက ချီးကျူးခဲ့ဖူးပါတယ်။ 

မိုက်ကယ်အိုလစ်ဟာ ကျောနံပါတ် ၁၀နေရာမှာလည်း ကစားနိုင်စွမ်းရှိသူဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့က ချဲလ်ဆီးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ပွဲစဉ်မှာလည်း ခြေစွမ်းကောင်းအချို့ကို ပြသနိုင်ခဲ့ပါတယ်။ ချဲလ်ဆီပရိတ်သတ်တွေအနေနဲ့  သူတို့အသင်းနောက်တန်းကိုး တောက်လျှောက်ထိုးဖောက်မှုတွေပြုလုပ်ပြသွားတဲ့ လူငယ်လေးကို မေ့နိုင်ဦးမှာတော့မဟုတ်သေးပါဘူး။

ဗီအဲရာရဲ့လက်အောက်မှာ အိုလစ်တို့လို လူငယ်ကစားသမားတွေ ခြေစွမ်းကောင်းတွေ ပြသနေတယ်လို့ဆိုနိုင်ပါတယ်။ ချဲလ်ဆီးကနေ အငှားထွက်ကစားနေတဲ့ လူငယ်တိုက်စစ်မှူးလေးကော်နာဂယ်လယ်ဂါဟာလည်း ပဲလေ့စ်မှာ ခြေစွမ်းကောင်းတွေ ပြသနေပြီး အသင်းကြီးအချို့ရဲ့ မျက်စိကျခြင်းကို ခံနေရပါတယ်။

အိုလစ် ဟာ ဒီရာသီမှာပဲလေ့စ်တို့အတွက် ပွဲ ၂၀ ကစားရာမှာ ၄ ဂိုးသွင်းပြီး  ၆ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: