ဆက်ဆံရေးတစ်ခုကို လှပစွာပိတ်သိမ်းနိုင်ခဲ့ကြတဲ့ အူဘာမီယန် နဲ့ အာတီတာ

ဒီအကြောင်းအရာကိုစိတ်ဝင်စားသူရှိချင်လည်းရှိပါလိမ့်မယ်။ အရေးမကြီးဘူးလို့ထင်သူများလဲရှိပါလိမ့်မယ်။​ ဒါပေမယ့် ဘောလုံးဆိုတာ ပရိုဖက်ရှင်နယ်တစ်ခု ၊ ဘဝရဲ့အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါတယ်။ ဘောလုံးသမားတစ်ယောက်က ဘောလုံးကစားတာကောင်းရုံနဲ့ အဆင်မပြေနိုင်တာကို ကျွန်တော်တို့အားလုံး သိမြင်နိုင်ကြမှာပါ။ ကွင်းထဲမှာ သိပ်တော်ပြီးအခြားသော အမူအကျင့် ၊ အနေအထိုင်တွေ အားနဲတာကြောင့်ကျဆုံးခဲ့ရတဲ့ သာဓကတွေအများကြီးမဟုတ်လား။

အသင်းရဲ့ ပြယုဂ်တစ်ခုဖြစ်တဲ့ အူဘာမီယန်နဲ့အာဆင်နယ်တို့လမ်းခွဲရပါတယ်။ ကိစ္စပေါင်းများစွာဖြစ်ခဲ့ကြပြီးတဲ့နောက်  နှစ်ဖက်စလုံးဟာ ရှေ့ဆက်ဖို့ မဖြစ်နိုင်တော့တဲ့နောက်မှာလမ်းခွဲရပါတယ်။  ဒီကိစ္စကို ကာယကံရှင်တွေကဘယ်လိုကိုင်တွယ်ခဲ့ကြပါသလဲ​။ အပြန်အလှန်အပြစ်တင်ခဲ့ကြသလား ၊ စကားလုံးတွေနဲ့တိုက်ခိုက်ခဲ့ကြသလား။

အသင်းကထွက်ခွာပြီးမကြာခင်မှာပဲ​ အူဘာမီယန်က သူ့အနေနဲ့အားလုံးအဆင်ပြေခဲ့ကြောင်း  ၊  အာတီတာနဲ့အဆင်မပြေတာတစ်ခုပဲ ပြသနာရှိကြောင်းထုတ်ပြောလာခဲ့ပါတယ်။ ဒီလိုပြောစကားအလွန်မှာ အာဆင်နယ်ပရိတ်သတ် ၂ ဖွဲ့ကွဲသွားပါတယ်။  အူဘာကို ချစ်သူများရယ်၊  အာတီတာလုပ်တာမှန်တယ်ဆိုတဲ့သူတွေရယ်ဖြစ်ပါတယ်။

ရက်အနဲငယ်အကြာမှာ အာတီတာက သတင်းစာရှင်းလင်းပွဲကတစ်ဆင့် အခုလိုဖြေခဲ့ပါတယ်။

“  ကျွန်တော်လုပ်ခဲ့တဲ့အရာတွေမှာ အမှားပါကောင်းပါနိုင်ပါတယ်။  ဒါပေမယ့်  ပုဂ္ဂိုလ်ရေးခံစားချက်အရလုပ်ဆောင်ခဲ့တာတစ်ခုမှမရှိပါဘူး။​ ကျွန်တော်ဆုံးဖြတ်ခဲ့တဲ့ အရာတွေကတော့ အသင်းအတွက်ပဲ ဦးတည်ပြီးလုပ်ဆောင်ခဲ့တာပါ။  ပြီးတော့ မှန်ကန်တဲ့လုပ်ဆောင်ချက်တွေဖြစ်ဖို့ကြိုးစားခဲ့ပါတယ် “

Advertisements

စာရေးသူအနေနဲ့ အချက် ၂ ချက်ကို သူ့ရဲ့ပြောစကားကနေမြင်ရပါတယ်။ 

ပထမတစ်ချက်က အသင်းအတွက်လိုအပ်လို့ လုပ်ခဲ့တယ်ဆိုတဲ့အချက် ၊ နောက်တစ်ချက်က အူဘာမီယန်က သူ့ကို နာမည်ထဲ့ပြီးဝေဖန်ခဲ့ပေမယ့်သူကတော့ တူညီတဲ့တုန့်ပြန်မှုမလုပ်ခဲ့ပဲ  ၄င်းကိုယ်တိုင်အနေနဲ့လည်း မှားနိုင်ကြောင်းကိုထည့်သွင်းပြောကြားခဲ့ပါတယ်။  ထိုအချိန်တုန်းက အာဆင်နယ်အသင်းနိုင်ပွဲပြန်မရသေးချိန် ၊ အမှတ်တွေဆုံးရှုံးနေချိန်ဖြစ်ပါတယ်။​ သူသာနိုင်ပွဲတစ်ခုမရှာဖွေနိုင်ခဲ့ရင် အခြေအနေဆိုးတစ်ခုကိုကြုံသွားရနိုင်တဲ့အနေအထားပါပဲ။  အဆုံးမှာတော့ ဆိုးရွားတဲ့အနေအထားတစ်ခုကို နိုင်ပွဲဆက်ခြင်းနဲ့အတူ ရှောင်လွှဲနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က အူဘာမီယန်လည်း အသင်းသစ်နဲ့ ဟက်ထရစ်ရခဲ့ပါတယ်။ ဘယ်လိုပုံစံနဲ့ရတယ်ပြောပြော ခြေစွမ်းလည်းပြနိုင်တာမို့  သူ့အနေနဲ့ ကောင်းမွန်တဲ့စတင်ခြင်းတစ်ခုဖြစ်ခဲ့တာပါပဲ။  အာဆင်နယ်ပရိတ်သတ်တွေလဲ သူ့အတွက်ဝမ်းသာခဲ့ရပါတယ်။ ဒါပေမယ့် ပိုပြီးလှပတဲ့အဖြစ်က နောက်ရက်တွေထဲဖြစ်လာခဲ့တာပါ။

“  ကျွန်တော်ကစားခဲ့သမျှအသင်းတိုင်းမှာ သူငယ်ချင်းကောင်းတွေရှိခဲ့ပါတယ်။ အချိန်ရတိုင်း သူတို့ကစားတဲ့ပွဲတွေကြည့်ဖြစ်ပါတယ် ။ အနီးဆုံးပွဲကတော့ ဘရန်းဖို့ဒ်ကို  အာဆင်နယ်က  ၂-၁ နဲ့နိုင်တဲ့ပွဲပေါ့ဗျာ  “  ဆိုပြီးပြောခဲ့ပါတယ်။ ဒါ့အပြင် အာတီတာဟာ သူအသင်းပြောင်းခါနီးမှာ  “ အသင်းသစ်မှာအဆင်ပြေဖို့ “ ဆုတောင်းပေးခဲ့ကြောင်းကိုလည်းပြောဆိုခဲ့ပါတယ်။ ဆိုလိုတာက အာဆင်နယ်နဲ့ပတ်သတ်ပြီးအငြှိးအတေးမရှိဘူးဆိုတဲ့သဘောပါပဲ။

ဒီဖြစ်စဥ်တွေဟာ  အာဆင်နယ်  ၊  အာတီတာ နဲ့ အူဘာမီယန်တို့ရဲ့ ဘောလုံးသမားဘဝအပြင်ဖက်က အဆင့်အတန်းနဲ့ သူတို့ရဲ့လူမှုဘဝကို ဘယ်လိုကိုင်တွယ်သွားတယ်ဆိုတာကိုမြင်သာစေပါတယ်။  သူမရှိလဲ ငါတို့နိုင်တယ်၊  အသင်းပြောင်းပြီးမှ​ဟက်ထရစ်ရတယ် စသည်ဖြင့် တိုက်ခိုက်မနေတော့ပဲအပြန်အလှန်လေးစားမှုနဲ့ ဆက်ဆံရေးတစ်ရပ်ကို ဇာတ်သိမ်းစေခဲ့တာဖြစ်ပါတယ်။  ချစ်တုန်းကအရမ်းချစ်ကြပြီး ၊  လမ်းခွဲကာမှ အပြစ်တင်ပြောဆိုမှုတွေကို ဘောလုံးလောကမှာ မကြာခနမြင်ခဲ့ရပါတယ်။​ အာဆင်နယ်နဲ့ အူဘာမီယန်ကတော့ ဒီလို အကျဥ်းတန်မှုတွေကို ရှောင်လွှဲနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

သေချာတာကတော့  နောင်နှစ်တွေမှာ  အူဘာမီယန်ရဲ့ အမှတ်တရကာလတွေမှာ အာဆင်နယ်အသင်းဟာ ဆုမွန်ကောင်းတွေတောင်းပေးဖို့ အဆင်ပြေခဲ့ပြီဖြစ်သလို ၊ တချိန်ချိန်မှာလည်း အမ်းမရိတ်ကို အူဘာမီယန်တစ်ယောက် ကောင်းမွန်တဲ့ပုံရိပ်တစ်ခုအဖြစ် အလည်လာရောက်ဖို့ အဆင်ပြေသွားခဲ့တာပါပဲ။  ဒီအဖြစ်အပျက်ဟာ နှစ်ဦးနှစ်ဖက်က လှပစွာကိုင်တွယ်သွားခဲ့ကြတဲ့ အဖြစ်အပျက်လို့ဆိုရပါလိမ့်မယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: