အဆင့် ၄ အတွက် ယူနိုက်တက်နဲ့ အာဆင်နယ်တို့ပဲ အဓိက ယှဥ်ပြိုင်ရမှာပါ

ပြီးခဲ့တဲ့အပတ် ပရီးမီးယားလိဂ်ရလဒ်တွေဟာ ယခုနှစ်ဘောလုံးရာသီရဲ့  Tempo ကိုအမြင့်ဆုံးတင်ပေးလိုက်တာပါပဲ။  စပါးအသင်းက  မန်စီးတီးအသင်းကိုအနိုင်ရလိုက်တာဟာ ချန်ပီယံပြေးလမ်းအတွက်ကို ပြန်လည် အသက်ဝင်လာစေပြီး ၊ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း  အကြိတ်အနယ်ဖြစ်သွားစေပါတယ်။  လီဗာပူးအသင်းဟာ  မန်စီးတီးအသင်းနဲ့ ကစားဖို့ကျန်နေသေးပြီး အမှတ်ကွာဟမှုလဲကျဥ်းမြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ထိုနည်းတူစွာ မန်ချက်စတာယူနိုက်တက် ၊ အာဆင်နယ် ၊ ဝက်စ်ဟမ်းနဲ့ စပါးအသင်းတို့အပြိုင်ဖြစ်နေတဲ့ အဆင့် ၄ လုပွဲကလည်း ပိုမိုပြင်းထန်လာခဲ့ပါတယ်။

လိဒ်ယူနိုက်တက်အသင်းကို ၄-၂ နဲ့အနိုင်ရခဲ့တဲ့ပွဲအပြီးမှာတော့ ယူနိုက်တက်အသင်းဟာလည်း ပြေးလမ်းကြောင်းပေါ်မှာအကောင်းဆုံးရှိနေသေးကြောင်းပြိုင်ဖက်တွေကို အသိပေးခဲ့ပါတယ်။  သူရဲနီတို့ရဲ့ ဂန္တဝင်ဂိုးသမားကြီးပီတာရှမိုက်ကယ်ကတော့  အဆင့် ၄ နေရာအတွက် အာဆင်နယ်အသင်းကသာ သူတို့ရဲ့ပြိုင်ဖက်အဖြစ် ယုံကြည်နေပါတယ်။

“ အာဆင်နယ်အသင်းဟာ သူတို့ရဲ့ ပုံစံကောင်းတွေကိုပြသနေပါတယ်။  ဒါပေမယ့် နောက်ဆုံး  ၅ ပွဲကိုပြန်ကြည့်ရင်တော့ မန်ချက်စတာယူနိုက်တက်က အာဆင်နယ်ထက်နဲနဲလေးသာလွန်နေပါတယ်။  ဒါက မြင်အောင်ကြည့်ဖို့ နဲနဲခက်ပေမယ့်  တကယ်ဖြစ်နေတဲ့ကိစ္စပါ။ ကျွန်တော့်အမြင်အရ ပွဲကျန်တွေရှိနေလို့ အသာရတာထက်  ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားတဲ့   ရမှတ်တွေက ပိုပြီးအရေးကြီးပါတယ် “  လို့  Manchester Evening နဲ့တွေ့ဆုံစဥ်မှာ ပြောဆိုခဲ့တာပါ။

လတ်တလောအမှတ်ပေးအနေအထားအရ အာဆင်နယ်အသင်းသာပွဲကျန်တွေအကုန်နိုင်ခဲ့မယ်ဆိုရင်  အဆင့် ၄ ကိုရောက်မှာဖြစ်တဲ့အပြင် ယူနိုက်တက်ကိုလဲ  ၅ မှတ်ဖြတ်ထားနိုင်မယ့်အနေအထားဖြစ်ပါတယ်။  မီခေးအာတီတာရဲ့ အာဆင်နယ်အသင်းကလည်း လူငယ်တွေရဲ့အားနဲ့အတူ ပုံစံကောင်းကို ဆက်တိုက်ပြထားနိုင်ပါတယ်။  ဒါပေမယ့် ကြာသာပတေးညမှာတော့ ခက်ခဲတဲ့ပြိုင်ဖက် ဝုဗ်ကိုရင်ဆိုင်ရဦးမှာပါ။

“ ယူနိုက်တက်အသင်းအောင်ပွဲနဲ့ဝေးနေတယ်ဆိုတာ သိပ်ဖတ်လို့ကောင်းတဲ့ သတင်းတွေပေါ့ဗျာ။ အဝတ်လဲခန်းသတင်းတွေရော ၊ အပြောင်းအရွေ့သတင်းတွေရောပေါ့။  ဒါပေမယ့် အသင်းမှာ ဘယ်သူကမှ စကားတွေပြောမနေကြပါဘူး​ .. အားလုံးက ကောလာဟလတွေပါပဲ “  ဆိုပြီးအသင်းရဲ့ စည်းလုံးမှုပျက်ပြားနေတယ်ဆိုတဲ့အနေအထားကိုငြင်းချက်ထုတ်သွားခဲ့ပါတယ်။

လိဒ်ယူနိုက်တက်ကိုနိုင်ခဲ့တဲ့အပေါ်မှာတော့ ဂိုးသမားဟောင်းကြီးက အတော်လေးကျေနပ်နေပုံပါပဲ။

“  သိပ်ကိုအရေးကြီးတဲ့နိုင်ပွဲပေါ့ဗျာ ..  အခက်အခဲဆုံးအချိန်မှာ  ဒါက ယူနိုက်တက်ပဲကွဆိုပြီး  တကမ္ဘာလုံးကိုပြသသွားတာပါပဲ။  အသင်းကောင်းတစ်သင်းလို အလုပ်လုပ်သွားကြတာပါ။  ဒီအသင်းဟာ အများကြီးတိုးတက်လာဦးမှာပါ “ လို့ပြောသွားတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ လောလောဆယ်မှာတော့ အဆင့် ၄ မှာရှိနေပါတယ်။​ပွဲကျန်တွေမှာ အမှတ်ရယူနိုင်တဲ့အနေအထားကိုကြည့်ပြီး စပါး သို့မဟုတ်  အာဆင်နယ်အသင်းကတော့ သူ့အပေါ်ရောက်လာမှာဖြစ်ပါတယ်။  ရာသီကုန်ဖို့နီးလာလေလေး စိတ်ဝင်စားစရာကောင်းလာလေလေပါပဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: