ဒန်နီလိုကို ပြန်လည်ကြိုးပမ်းနေတယ်လို့ သတင်းတွေမှာ ဖော်ပြလာ
ပါးမီးယပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒန်နီလို ကိုအာဆင်နယ်အသင်းက ပြန်လည်ကြိုးပမ်းလာနေတယ်လို့ ဘရာဇီးသတင်းဌာနတစ်ခုဖြစ်တဲ့ Bola Vip ကဖော်ပြလာပါတယ်။ ဒန်နီလို ကိုပြီးခဲ့တဲ့ဆောင်းရာသီတုန်းကလဲ ချဥ်းကပ်ခဲ့ဖူးတယ်လို့သတင်းများထွက်ပေါ်လာခဲ့ဖူးပါတယ်။ ဖော်ပြနေတဲ့သတင်းများအရ ပါမီးရပ်အသင်းဟာ သူတို့ရဲ့အသက် ၂၀ အရွယ်လူငယ်ကစားသမားကို ရောင်းချဖို့အစီအစဥ်မရှိဘူးလို့ဆိုပေမယ့် ပေါင် ၁၅ သန်းခန့်အသုံးပြုရင်တော့ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
အိုဒီဂတ်ကို စျေးသက်သာစွာခေါ်ယူနိုင်ခဲ့လို့ ချားလ်ဝက်စ် ချီးကျူး
နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်တဲ့ ချားလ်ဝက်စ်က ကွင်းလယ်လူမာတင်အိုဒီကတ်ကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ခေါ်ယူနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းကို ချီးကျူးပြောဆိုလိုက်ပါတယ်။
“ ကျွန်တော်က မက်ဒီဆင်ကို မကောင်းဘူးလို့မပြောပါဘူး .. သူ့ကိုအာဆင်နယ်အသင်းမှာ မြင်ချင်ခဲ့သလို ၊ ရောက်လာခဲ့ရင်လဲအကောင်းဆုံးကစားနိုင်မယ့်သူပါ။ ဒါပေမယ့် အိုဒီဂတ်လို အသက်လဲငယ်တယ် ၊ နိုင်ငံအသင်းခေါင်းဆောင်လဲဖြစ်တဲ့ကစားသမားကို ငွေကြေးသက်သက်သာသာနဲ့ခေါ်ယူနိုင်ခဲ့တာကတော့ အာဆင်နယ်အသင်းကို ချီးကျူးစရာကောင်းပါတယ်။ သူက တိုးတက်နေဆဲကစားသမားဖြစ်သလို အရည်အချင်းတွေလဲအများကြီးရှိတဲ့သူပါ “ ဆိုပြီးချီးကျူးပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
နိုင်းလ်စ်ခြေမပေါ်ရခြင်းကို သုံးသပ်ပြလာတဲ့ ဂန္တဝင်
အာဆင်နယ်ကနေအငှားနဲ့လာရောက်ကစားနေတဲ့ နိုင်းလ်စ်ဟာ ရိုးမားအသင်းအတွက်ထူးထူးခြားခြားလုပ်ဆောင်ပေးနိုင်တဲ့သူမဟုတ်ဘူးလို့ ရိုးမားအသင်းကစားသမားဟောင်းကြီး လိုရစ်ဘိုနီက Sport Witness နဲ့တွေ့ဆုံရာမှာ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။
“ ကြည့်ရတာ အသင်းနဲ့ အသားမကျသေးပုံပါပဲ။ အီတလီပုံစံကစားနည်းမှာက ခက်ခဲတာတွေရှိပါတယ်။ သူတို့ကစားဖူးတဲ့နေရာတွေနဲ့ကွဲပြားပါတယ်။ အသင်းတစ်သင်းမှာ အသားကျဖို့ကခက်ပါတယ်။ လိုအပ်နေတဲ့နေရာတွေအတွက်ကစားသမားတွေအသင်းဆီရောက်လာခဲ့ပေမယ့် သူတို့တွေက ထူးခြားလာအောင်တော့မလုပ်ပေးနိုင်သေးပါဘူး “ ဆိုပြီး နိုင်းလ်စ်အပါအဝင်အခြားကစားသမားတွေကိုပါညွန်းဆိုထောက်ပြသွားခဲ့တာပါ။
ဆန်းချက်ဟာ အာဆင်နယ်ရဲ့ အစီအစဥ်မှာ ပါဝင်ဆဲလို့ ဖော်ပြလာ
အာဆင်နယ်အသင်းဟာ လိုင်လီကွင်းလယ်ကစားသမား ဆန်းချက်စ်ကို ခေါ်ယူဖို့ အစီအစဥ်ရှိနေဆဲဖြစ်တယ်လို့ အီတလီသတင်းဌာတစ်ခုဖြစ်တဲ့ Calciomercato ကဖော်ပြလာပါတယ်။ ကစားသမားဖက်ကလဲ အသင်းပြောင်းဖို့ အရိပ်အမြွက်ပြောထားဖူးသလို ၊ ဆွေးနွေးမှုအချို့လဲရှိထားခဲ့ပေမယ့် အပြောင်းအရွှေ့ဟာ လက်တွေ့တော့ဖြစ်မလာခဲ့သေးတာပါ။ ဆန်းချက်စ်ဟာ လိုင်လီအသင်းအတွက် အဓိက ကျတဲ့ကစားသမားတစ်ယောက်လဲဖြစ်ပါတယ်။
ဂိုးသွင်းပြန်တဲ့ ဟတ်ချီဆန်
U23 အသင်းရဲ့ EPL 2 ပွဲစဥ်မှာ အာဆင်နယ်အသင်းဟာ လက်စတာအသင်းနဲ့ ၁ – ၁ သရေကျခဲ့ပြီး တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဟတ်ချီဆန်လည်း ဂိုးထပ်သွင်းယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲမှာ မီကာဘီရတ် နဲ့ ပါတီနိုတို့ပါဝင်နိုင်ခဲ့ခြင်းမရှိပဲ နောက်ခံလူ အီဘရာဟင်ရဲ့ ပထမဆုံး U23 ပွဲဦးထွက်လဲဖြစ်ခဲ့တယ်လို့သိရပါတယ်။ အဇီးတစ်ယောက်ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ဆာလာအက်ဒိန်းနဲ့ ဖလိုရက်စ်တို့က ကောင်းမွန်စွာကစားနိုင်ခဲ့တယ်လို့သိရပြီး ဟတ်ချီဆန်ကတော့ အထူးခြေစွမ်းပြကာ ဂိုးလည်းသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
Leave a Reply