နံနက်ခင်းချဲလ်ဆီး သတင်းမှတ်စု (22Feb)

လူကာကူကို လှောင်ပြောင်နေကြတာတွေကို  မနှစ်သက်ဘူးလို့ပြောလာတဲ့တူချယ်

နည်းပြတူချယ်က တိုက်စစ်မှုးလူကာကူအနေနဲ့ ခြေစွမ်းပြသနိုင်ဖို့ရုန်းကန်နေရပေမယ့်  ပရိတ်သတ်တွေကလှောင်ပြောင်နေဖို့မလိုအပ်ကြောင်းတူချယ်က တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

“ လက်ရှိအခြေအနေက ကျွန်တော်တို့ဖြစ်ချင်နေတာမျိုးမဟုတ်သလို  ရိုမဲလူ  လဲ ဖြစ်ချင်မှာ မဟုတ်ပါဘူး။ သူ့ကိုရီစရာတွေလုပ် ၊ ဟာသတွေလုပ်နေစရာမလိုပါဘူး။ သူကအားလုံးရဲ့မြင်ကွင်းထဲရောက်နေပါတယ်။ ဒါကအမှန်ပါ။ ကျွန်တော်တို့ကလဲ သူ့ကို ကာကွယ်ပေးရပါလိမ့်မယ် “  ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

အက်စ်ပီလီကွယ်တာ လိုင်လီနဲ့ပွဲမှာ ပြန်ပါမယ်

အက်စ်ပီလီကွယ်တာပြန်ကစားနိုင်မှာဖြစ်ပေမယ့် ချဲလ်ဆီးအသင်းဟာ လိုင်လီနဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဥ် လူစာရင်း အတွက် ရုန်းကန်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။ တူချယ်ရဲ့ပြောကြားချက်အရ အိုဒွိုင်းနဲ့ မေဆင်မောင့်တို့ဟာ ကြံ့ခိုင်မှုပြည့်ဝဖို့ရုန်းကန်နေရဆဲဖြစ်ပြီး  နောက်ခံလူဂျိမ်းလဲ ပါဝင်နိုင်မှာမဟုတ်ကြောင်း  အတည်ပြုပေးထားပါတယ်။

ချဲလ်ဆီးမှာကစားခဲ့ရတာက ဘဝရဲ့အတောက်ပဆုံးအခိုက်အတန့်ဖြစ်ကြောင်း  ဂန္တဝင်ကြီးက ထုတ်ပြောလာ

ချဲလ်ဆီးအသင်းရဲ့ အထင်ကရ ဂန္တဝင်ကြီးဖြစ်တဲ့  အီတလီတိုက်စစ်မှုးကြီးဇိုလာက  ချဲလ်ဆီးအသင်းမှာကစားခဲ့ရခြင်းက သူ့ရဲ့ဘောလုံးသမားဘဝမှာ အကောင်းဆုံးအချိန်ကာလများဖြစ်တယ်လို့ ပြန်ပြောင်းပြောဆိုလာခဲ့ပါတယ်။   “  ကျွန်တော့်ကစားသမားဘဝအတွက်အလှပဆုံးအချိန်တွေကတော့ ချဲလ်ဆီးမှာကစားခဲ့ချိန်တွေပါပဲ .. နာပိုလီနဲ့ ပါးမားအသင်းမှာ ကျွန်တော်ဟာ ရင့်ကျက်တိုးတက်လာခဲ့ပြီး အကောင်းဆုံးအစိတ်အပိုင်းကိုတော့ ချဲလ်ဆီးနဲ့အတူ ကုန်ဆုံးခဲ့တာပါ။  ပရိတ်သတ်တွေရဲ့ ချစ်ခြင်းကိုလည်းအပြည့်အဝရရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ အသင်းကိုရော ပရိတ်သတ်တွေကိုရော ကျွန်တော့်ရင်ထဲမှာရှိနေခဲ့တာဖြစ်ပါတယ် “ လို့ ပြန်ပြောသွားခဲ့တာပါ။

ဝုဗ်နောက်ခံလူကို ခေါ်ယူချင်တယ်ဆိုတဲ့သတင်းတွေထွက်လာတဲ့ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ  ဝုဗ်အသင်းရဲ့ ဗဟိုနောက်ခံလူ မက်ဇ်ကီးလ်မန်းကို စိတ်ဝင်စားနေတယ်လို့ သတင်းများကရေးသားနေကြပါတယ်။ အဆိုပါသတင်းတွေဟာ ခိုင်လုံမှုမရှိပေမယ့်  ကစားသမားဟာ ချဲလ်ဆီးအသင်းရဲ့လိုအပ်ချက်နဲ့ကိုက်ညီတယ်ဆိုတဲ့  သုံးသပ်မှုများလဲရှိနေပါတယ်။  Whoscored ရဲ့ဖော်ပြချက်အရ  ကီးလ်မန်းဟာ  ပေးပို့မှုတွေမှာ ၈၆% တိကျပြီး၊  တစ်ပွဲကို  ပျမ်းမျှ ၃.၇ ကြိမ်ဖျက်ထုတ်နိုင်သူတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ဂယ်လက်ဂါကို စိတ်ဝင်စားနေတဲ့  အဲဗာတန်

ပဲလေ့စ်မှာ အငှားထွက်ကစားနေတဲ့ ချဲလ်ဆီးလူငယ်လေး ဂယ်လက်ဂါကို  အဲဗာတန်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ Team Talk ကဖော်ပြလာပါတယ်။ ဂယ်လက်ဂါဟာ  ချဲလ်ဆီးဂန္တဝင်ဖြစ်တဲ့ အဲဗာတန်နည်းပြ ဖရန့်လမ်းပတ်ကို လေးစားအားကျသူဖြစ်ကြောင်းထုတ်ဖော်ပြောကြားထားသူလဲဖြစ်ပါတယ်။​ ယခုရာသီမှာခြေစွမ်းပြနေတဲ့ကွင်းလယ်ကစားသမားလေးကိုရာသီကုန်မှာ တူချယ်က အသင်းကိုပြန်လည်ခေါ်ယူသွားမှာဖြစ်တယ်လို့လည်းသတင်းများထွက်ပေါ်လျက်ရှိပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: