ကိုယ်တိုင်လဲမှတ်တမ်းဝင် ၊ အသင်းကိုလဲကူညီပေးနိုင်ခဲ့တဲ့အူဘာမီယန်
အူဘာမီယန်းဟာ ဘာစီလိုနာအသင်းအတွက်ဝေးကွာနေသော နိုင်ပွဲကို မှတ်တမ်းဝင် ဟတ်ထရစ်သွင်းဂိုးနဲ့အတူ ပြန်လည်ယူဆောင်ပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် လာလီဂါမှာ ရုန်းကန်နေရပြီး တသင်းလုံးအနေထားနဲ့ ဖိအားများရင်ဆိုင်နေတာဖြစ်ပါတယ်။
မနေ့ကကစားခဲ့တဲ့ ဗလင်စီယာအသင်းကို အဝေးကွင်းမှာဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဥ်ဟာ ဟစ်ထရစ်သွင်းဂိုးရှင်အူဘာရဲ့ ဒုတိယမြောက် ပွဲထွက်ကစားခြင်းလည်းဖြစ်ပါတယ်။ ဒီဟက်ထရစ်ကြောင့် ၂၁ရာစုအတွက် လိဂ်ဂူး၊ ဘွန်ဒစ်လီဂါ၊ အဂ်လန်ပရီးမီးယားလိဂ်၊ စပိန် လာလီဂါတို့မှာ ဟတ်ထရစ်သွင်းယူထားနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် အူဘာမီယန်ဟာ မှတ် တမ်းဝင်ခဲ့ပါတယ်။
ဖိုဒန်နဲ့ မိခင်ဖြစ်သူတို့ တိုက်ခိုက်ခံရ
မန်စီးတီးအသင်းကစားသမားဖိုဒန်နဲ့ မိခင်ဖြစ်သူတို့ နှောင့်ယှက်ခံရသည့်ဗီဒီယိုဖိုင်တခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ တနဂ်နွေနေ့ညက ထွက်ပေါ်လာခဲ့ပါတယ်။ ယင်းဗီဒီယိုထဲတွင်ဖိုဒန်နဲ့ မိခင်ဖြစ်သူအား ထိုးကြိတ်ဖို့ရန်ရှာနေတဲ့လူတစ်စုနဲ့ အပြန်အလှန် ဆဲဆိုပြောဆိုခြင်းများပါဝင်ပြီး တခြားလူတစ်စုကကာကွယ်ထိန်းချုပ်နေသော ရုန်းရင်းဆန်ခတ်ဖြစ်စဥ်များကိုမြင်တွေ့ခဲ့ရပါတယ်။
ယင်းဗီဒီယိုနင့်ပတ်သက်ပြီးအားလုံးက ယင်းအဖြစ်အပျက်မှာ ကြာခဲ့ပြီဟုမှတ်ချက်ပြုခဲ့ကြသော်လည်း မန်စီးတီးအသင်းက၏တရားဝင်မှတ်ချက်တွင်ပါသော နေ့စွဲများအရ မကြာသေးမီကဖြစ်ပွားခဲ့ကြောင်းသိခဲ့ရပါတယ်။ ပါဝင်ပတ်သတ်သူ အားလုံးကစိုးရိမ်ပူပန်နေကြပြီး ယခုရာသီမှာ ပရီးမီးယားလိဂ်ကစားသမားအများစုတိုက်ခိုက်ခံရခြင်းမှာ အထူးသတိထားစရာ ဖြစ်တယ် လို့ မန်စီးတီးအသင်းကရှံ့ချပြောဆိုလာခဲ့ပါတယ်။
အသင်းသစ်ရသွားပြီဖြစ်တဲ့ ဝီရှိုင်းယား
အာဆင်နယ်ကစားသမားဟောင်းဂျက်ဝီရှိုင်းယားဟာ ဒိန်းမတ်စူပါလိဂ်ကလပ်အသင်းတသင်းဖြစ် သော AGF အသင်းဆီပြောင်းရွေ့ခဲ့ပြီဖြစ်ပါတယ်။ဘုန်းမောက်အသင်းနဲ့လမ်းခွဲပြီးနောက် တနှစ်နီးပါး ခန့်အသင်းလက်မဲ့ဖြစ်နေတဲ့ ကစားသမားတဦးလဲ ဖြစ်ပါတယ်။ ယင်းအသက်(၃၀)အရွယ်ကစားသ မားဟာ စီးရီးဘီကလပ် ကိုမိုအသင်းနဲ့လေ့ကျင့်ခန်း တွေပြုလုပ်ခဲ့သည့်အပြင် စာချုပ်ချုပ်ဖို့နီးစပ်ခဲ့ကြောင်းသိရပါတယ်။သို့သော်လည်း EU နိုင်ငံကူးလက်မှတ်မရှိသည့်အတွက်အပြောင်းရွေ့ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ ဂျက်ဟာ AGF အသင်းမှာတပတ်လုပ်ခ ပေါင်(၅၀၀၀)ဝန်းကျင်ခန့်ရရှိမှာဖြစ်ပါတယ်။
ပါးမားမှာ တစ်ရာသီလောက်ဆက်နေချင်သေးတဲ့ လူငယ်ကစားသမား
ယူနိုက်တက်၊ လီပါပူး၊ မန်စီးတီးအသင်း များကခေါ်ယူဖို့စိတ်ဝင်စားနေသည့် ဘရာဇီးကလပ်ပါးမားအသင်းမှ အသက်(၁၆)နှစ်အရွယ်ပါရမီရှင်လူငယ် အန်ဒရစ်ဟာ ဥရောပအသင်းကြီးများသို့ပြောင်းရွေ့လိုသော်လည်း သူ့အနေနဲ့ ပါးမားအသင်းမှာ နောက်တရာသီလောက်ဆက်နေလိုတယ်လို့ ပြောကြားထားပါတယ်။
အန်ဒရစ်က “ ကျွန်တော် ဒီမှာဘဲ အချိန်အကြာကြာလေးနေပါဦးမယ်။ ဒီနေရာက ပရိသတ်တွေကို ပျော်ရွှင်မှုတွေ အများကြီး ယူဆောင်လာပေးနိုင်မယ်လို့ ထင်ပါတယ် “ လို့ပြောဆိုထားသည်။
အီလန်ဂါကို ဂုဏ်ပြုစကားဆိုလိုက်တဲ့တချိန်ကသူရဲနီဟောင်း လူကြမ်းကြီး ရွိုင်ကိန်း
မနေ့ကစားခဲ့တဲ့နှင်းဆီဒါဘီမှာ ယူနိုက်တက်အသင်းက လိဒ်ယူနိုက်တက်အသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ပွဲရဲ့နောက်ဆုံးဂိုးကို လူစားဝင် လူငယ်တိုက်စစ်ကစားသမား အီလန်ဂါကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ယင်းသွင်းဂိုးနဲ့ပတ်သက်ပြီး ရွိုင်ကိန်းက
“ ကျွန်တော်တို့အသင်းမှာ ပြောစရာနောက်ထပ်တစ်ယောက်တိုးလာပြီ။ တသင်းလုံးအတိုင်းအတာနဲ့ကောင်းမွန်တဲ့ခြေစွမ်းကိုမြင်တွေ့ခဲ့ရတယ်။ အီလန်ဂါကကစားတဲ့ပွဲတိုင်းမှာ အသင်းတွက်အပြုသဘောဆောင်တဲ့ စွမ်းဆောင်ရည်ကိုပြသထားနိုင်တယ်။ အဆုံးသတ်ပိုင်းစွမ်းရည်က အားရစရာကောင်းတယ်။ အခုလိုတိုးတက်လာဖို့ အတွက် ပွဲတိုင်းမှာ သူအကောင်းဆုံးကြိုးစားနေတယ် “ လို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။
Leave a Reply