နံနက်ခင်းချဲလ်ဆီး သတင်းမှတ်စု (21Feb)

ဘလွန်းဒီအော ထိပ်ဆုံးအယောက် ၃၀ ထဲမှာ မပါဝင်ရလို့ အံ့သြမိကြောင်းမန်ဒီပြော

ဂိုးသမား မန်ဒီဟာ သူ့အနေနဲ့  ဘလွန်းဒီအောရဲ့အကောင်းဆုံးအယောက် ၃၀ ထဲမှာမပါဝင်တာကို အံ့သြမိကြောင်းပြောဆိုလာပါတယ်။ သူက ၄င်းအနေနဲ့အာဖရိကကစားသမားတစ်ယောက်ဖြစ်တာကြောင့် နိုင်ငံတကာပွဲစဥ်တွေနဲပါးတဲ့အတွက် မပါဝင်တာဖြစ်နိုင်ကြောင်းမှတ်ချက်ပြုခဲ့ပါတယ်။ အီတလီဂိုးသမား ဒိုနာရူမာကတော့ နိုင်ငံအသင်းအောင်မြင်မှုနဲ့အတူ  ယခုနှစ်ဘလွန်းဒီအောရဲ့  ထိပ်ဆုံး ၁၀ ဦးစာရင်းမှာပါဝ်ငခဲ့ပါတယ်။

ပေါ့ဘာကို စိတ်ဝင်စားသူတွေထဲ ချဲလ်ဆီးလဲပါဝင်လာ

စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အဆင်မပြေတဲ့ ကွင်းလယ်လူပေါ့ဘာကိုခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ချဲလ်ဆီးလဲပါဝင်လာပြီလို့ဆိုပါတယ်။ စာချုပ်သစ်သက်တမ်းတိုးရေး ကျန့်ကြာနေတဲ့ ပေါ့ဘာကို အသင်းများစွာကလဲ ပစ်မှတ်ထားနေကြတယ်လို့သိရပါတယ်။ အဆိုပါပြင်သစ်သားဟာ အသက်အရွယ်အားဖြင့် ကန်တေ ၊ ဂျော်ဂျင်ဟိုတို့နဲ့မတိမ်းမယိမ်းဖြစ်နေတာကြောင့် အရံပစ်မှတ်သာဖြစ်မယ်လို့ယူဆရပါတယ်။

Advertisements

လန်ဒန်အသင်းတွေအပြိုင်လိုက်နေကြတဲ့ ဘော်နာဆိုဆာ

ချဲလ်ဆီးအသင်းရဲ့ ခံစစ်ပစ်မှတ်ဖြစ်တဲ့ စတုဂတ်နောက်ခံလူဘော်နာဆိုဆာကို  လန်ဒန်ပြိုင်ဖက်များဖြစ်ကြတဲ့ စပါးနဲ့အာဆင်နယ်တို့ကလဲစိတ်ဝင်စားနေကြတယ်လို့ သတင်းများကဖော်ပြနေကြပါတယ်။ အားကစားသတင်းထောက် ခရစ်ရှန်ဖောခ့်ရဲ့အဆိုအရ  စတုဂတ်နဲ့ ချဲလ်ဆီးတို့ဟာ ပြီးခဲ့တဲ့အပြောင်းအရွေ့ကာလမှာ ဆွေးနွေးမှုအချို့ရှိခဲ့တယ်လို့ ဆိုပါတယ်။ Transfer Market ရဲ့ဖော်ပြချက်အရ ကစားသမားရဲ့တန်ကြေးဟာ ၁၈သန်းခန့်ရှိတာလဲဖြစ်ပါတယ်။

မေဆင့်မောင့်မရှိချိန်မှာ ဇီယက်ချ်က ဦးဆောင်လာမယ်လို့ သုံးသပ်နေကြ

အသင်းရဲ့ အဓိကကွင်းလယ်ကစားသမားမေဆင်မောင့်မကစားနိင်ချိန်မှာ  ခြေစွမ်းပြနေတဲ့ဇီယက်ချ်ဟာ တူချယ်အတွက်အားကိုးအားထားဖြစ်လာနိုင်တယ်လို့ Football London ကဖော်ပြလာပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ အဓိကကျတဲ့အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ဇီယက်ချ်က “  ကျွန်တော်အခုလပိုင်းတွေမှာ ပုံစံကောင်းပြန်ရလာပါတယ်။​ဘောလုံးကစားရတာလဲအဆင်ပြေနေပါတယ်၊  အကောင်းဆုံးတွေကိုလုပ်ပြနိုင်ဖို့ကသာ ကျွန်တော့်အတွက်အရေးအကြီးဆုံးပါပဲ “ ဆိုပြီး စွမ်းဆောင်ရည်အတွက်အာရုံစိုက်ထားကြောင်းပြောဆိုသွားခဲ့ပါတယ်။

ရာသီကုန်မှာ ဂယ်လက်ဂါ ချဲလ်ဆီးပြန်လာမှာဖြစ်ကြောင်း  သတင်းထောက်ပြောဆို

အားကစားသတင်းထောက်  တွန်ဘာကလေ က  ပဲလေ့စ်မှာအငှားကစားနေတဲ့ ဂယ်လက်ဂါဟာ ရာသီကုန်မှာ ချဲလ်ဆီးအသင်းဆီကိုပြန်လာဖို့ စိတ်အားထက်သန်နေပြီလို့ဆိုပါတယ်။  ဒီရာသီမှာအထူးခြေစွမ်းပြနေတဲ့  အသက် ၂၂ အရွယ်ကစားသမားလေးဟာ အစောပိုင်းကာလတွေမှာ ကစားခွင့်ရရှိတဲ့အသင်းတစ်သင်းသင်းမှာပဲဆက်နေဖို့များတယ်ဆိုတဲ့သတင်းအချို့ရှိခဲ့ပေမယ့်  တူချယ်ရဲ့စိတ်ဝင်စားမှုကို ရရှိပြီးနောက်ပိုင်းမှာ စတန်းဖို့ဒ်ဘရစ်ကိုပဲပြန်ဖို့သေချာနေတာဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: