တိုက်စစ်သမားတွေထက် အလုပ်ဖြစ်နေတဲ့ အလီဆွန်
လီဗာပူးလ်ဂိုးသမား အလီဆွန်ဟာမနေ့က ကစားခဲ့တဲ့နော်ဝှစ်ချ်အသင်းနဲ့ပွဲစဥ်မှာ တိုက်စစ်မှုးဆာလာရဲ့ သွင်းဂိုးကိုဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အလီဆွန်အတွက်တော့ ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမူတကြိမ်ပြုလုပ်ထားနိုင်ခဲ့တဲ့အပြင် ဆာလာအတွက် ဒုတိ ယအကြိမ်မြောက်ဖန်တီးနိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ အသင်းရဲ့ တိုက်စစ်ကစားသမားများဖြစ်ကြတဲ့ မာနေး၊ ဂျိုတာတို့ကတော့ ဂိုးဖန်တီးမူတကြိမ်မှပြုလုပ်ထားနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။
ဟယ်ရီကိန်းကို ထုတ်ဖော်ချီးကျူးသွားတဲ့ ဂွာဒီယိုလာ
စပါးအသင်းကိုရှံးနိမ့်ခဲ့ပြီးနောက် စပါးအသင်းရဲ့နိုင်ပွဲမှာအဓိက နေရာကအထူးခြေစွမ်းပြကစားခဲ့တဲ့ ဟယ်ရီကိန်းအတွက် ဂွာဒီယိုလာကအခုလိုပဲမှတ်ချက်ပေးသွားခဲ့ပါတယ်။
” ခင်ဗျားတို့အားလုံးသိကြမှာပါ။ ကျွန်တော် ကိန်းကိုအသင်းဆီခေါ်ယူချင်ခဲ့တယ်ဆိုတာကိုပေါ့။ ဒါပမေယ့် အဆင်မပြေခဲ့ဘူးလေ။ မေ့လိုက်ပါ .. ဒါကအတိတ်ပါပဲ။ ဒီညသူလုပ်ပြခဲ့တာကပုံမှန်ဆိုတာ၊ သူဒီထပ် ပိုလုပ်ပြနိုင်သေးတယ်ဆိုတာ UK ကလူတွေအကုန် လုံးသိပါတယ်” ဆိုပြီးချီးကျူးသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပွဲစဥ်ရလဒ်က ပရီးမီးယားလိဂ်ပြိုင်ပွဲကိုပြန်လည်အသက်ဝင်စေခဲ့တာလည်းဖြစ်ပါတယ်။
ဂိုးသွင်းအားအကောင်းဆုံးဖြစ်လာတဲ့ အာဆင်နယ်လူငယ်လေးတွေ
အာဆင်နယ်လူငယ်ကစားသမား စမစ်ရိုး ဟာ ဘရန်းဖို့ဒ်အသင်းဖက်ကို ဂိုးသွင်းယူပြီးတဲ့နောက်မှာ ဒီရာသီစုစုပေါင်းသွင်းဂိုး ၁၀ ဂိုးထိရှိလာပြီဖြစ်ပါတယ်။ အဆိုပါဂိုးသွင်းနှုန်းဟာ ဖာဘရီဂတ်စ်နောက်ပိုင်းမှာ အများသွင်းယူနိုင်တဲ့အကယ်ဒမီထွက်ကစားသမားအဖြစ်လဲ စာရင်းဝင်လာခဲ့ပါတယ်။ ထိုမှတ်တမ်းအတွက် စမစ်ရိုးကိုယ်တိုင်ကလည်း အလွန်ကျေနပ်မိကြောင်းပြောဆိုလာပါတယ်။ ဒါ့အပြင်ဆာကာနဲ့ စမစ်ရိုးတို့ဟာ ပရီးမီယားလိဂ်မှာ ဂိုးသွင်းနှုန်းအမြင့်ဆုံးလူငယ်ကစားသမားများအဖြစ်ရပ်တည်နေကြကြောင်းသိရပါတယ်။
နည်းပြအဖြစ်ပြန်တွေ့ရမယ့် အဂွဲရိုလ်
အဂွဲလ်ရိုဟာ အာဂျင်တီးနားအသင်း နည်းပြအဖွဲ့ ဝင်များထဲတွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ယခုနှစ်ဆောင်းရာသီမှာ စတင်ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ် ။ အာဂျင်တီးနားအသံလွှင့် ဌာနတခုဖြစ်တဲ့ Radio 10 နဲ့ အင်တာဗျူးတွင် အဂွဲလ်ရိုက “ကျွန်တော် ကာတာမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနည်းပြအဖွဲ့ဝင်အဖြစ်ရှိပါမယ်။ ဒါနဲ့ပတ်သက်ပြီးဒီတစ်ပတ်မှာ အစည်းအဝေးလုပ်ပါမယ်။ ကျွန်တော် နည်းပြချုပ် နဲ့လည်း စကားပြောခဲ့ပြီးပါပြီ “ လို့ပြောဆိုခဲ့ပါတယ်။
အသင်းမှာပွဲထွက်ခွင့်နည်းပါးနေတာကြောင်း စိတ်ပျက်နေတယ်လို့သတင်းထွက်ပေါ်လာတဲ့ရီးရဲလ် ကြယ်ပွင့် ဗယ်လ်ဗာဒီ
ဗယ်လ်ဗာဒီဟာ မက်ဒရစ်အသင်းအတွက် ယခုရာသီမှာ ပြိုင်ပွဲစုံ ၂၈ ပွဲတွင် ၁၅ ပွဲပါဝင်ကစားထားပါတယ်။ သူ့အနေနဲ့ ပြီးခဲ့တဲ့ရာသီက ပွဲစဥ်ပေါင်း ၂၀ ပွဲမှာ ၁၂ ပွဲကစားထားပြီး ယခုရာသီမှာ အခုလိုကျဆင်းသွားခဲ့ခြင်းဖြစ်ပါတယ်။ ယင်းအခြေအနေကိုကြည့်ခြင်းအားဖြင့် ဥရုဂွေးလက်ရွေးစင်ရဲ့ အခန်းကဏ္ဏဟာ ရီးရဲလ်အသင်းမှာ နဲပါးနေပြီဖြစ်တာကိုတွေ့ရပါတယ် ။ သို့သော်လည်း ၂၀၂၇ ခုနှစ်အထိစာချုပ်ရှိနေတဲ့အတွက် လာမည့်နှစ်များ တွင် သူ့အတွက် အခွင့်အရေး အများအပြား ရှိလာမည်ဟုယုံကြည်နေပြီး အသင်းဖက်ကလဲ ဖြစ်နိုင်ဖွယ်အခြေနေအားလုံးကို လက်ခံထားတယ်လို့သိရသည်။
ရာသီကုန်ရပ်တည်မှုအရ အပြန်အလှန်နားလည်မှုနဲ့လမ်းခွဲရဖွယ်ရှိနေတဲ့ ရိုနယ်ဒိုနဲ့ မန်ယူ
ယခုရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းဖက်ကနေပြီး ရိုနယ်ဒိုကို ထွက်ခွာခွင့်ပြုဖွယ်ရှိတယ်လို့ သတင်းများအရ သိရှိရပါတယ်။ ရိုနယ်ဒို ဖက်ကလဲယူနိက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ခဲ့ပါက အသင်းကနေထွက်သွားနိုင်တယ်လို့ ယူနိုက်တက်ဖက်ကလဲနားလည်သဘောပေါက်ထားတယ် လို့လည်းရေးသားနေကြပါတယ်။
ရိုနယ်ဒို နဲ့ ယူနိုက်တက်အသင်းရဲ့ လက်ရှိအခြေနေဟာ ယှဥ်တွဲပြီးပေါင်းစပ်လို့မရတဲ့ အနေအထားဖြစ်ကြောင်း ဂါရေကာကလည်းဝေဖန်ထားပါတယ်။ ထိုအခြေအနေအများကြောင့် ယူနိုက်တက်တို့အနေနဲ့ တိုက်စစ်နေရာအတွက် ကစားသမားသစ်ရှာဖွေသွားရဖို့ရှိနေတာဖြစ်ပါတယ်။
Leave a Reply