လူကာကူ နဲ့ ဟာဗက်ဇ်ကို တွဲချင်တယ်ဆိုရင် …

သောမတ်စ်တူချယ်ဟာ လူကာကူ ၊ ကိုင်ဟာဗက်ဇ် တို့နှစ်ဦးအတွဲအဖက်နဲ့ အသင်းကို တည်ဆောက်ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။  ဒါပေမယ့် မနေ့က ကစားခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲအပြီးမှာတော့ မေးခွန်းပေါင်းများစွာက ထပ်ပြီး ထွက်ပေါ်လာခဲ့ပါတယ်။ ဟာဗက်ဇ်ရော ၊ လူကာကူပါခြေမပေါ်ခဲ့ကြတဲ့အပြင် လူကာကူဟာ တော်တော်လေးဆိုးရွားတဲ့ပုံစံကိုပြသသွားခဲ့ပါတယ်။

ပွဲမစခင်ကတည်းက အသင်းရဲ့ ပရိသတ်တွေအကြားမှာ ချဲလ်ဆီးရဲ့တိုက်စစ်ကို လူကာကူက ဦးဆောင်သင့်လား၊ ဟာဗက်ဇ်က ဦးဆောင်သင့်လားဆိုတာနဲ့ ပတ်သက်ပြီး ငြင်းခုန်မှုတွေ ရှိနေခဲ့ပါတယ်။  အသင်းရဲ့စံချိန်ရှင် ကစားသမားနှစ်ဦးလုံးကို တူချယ်ဟာ အပြည့်အ၀သုံးချလာဖို့ ကြံစည်နေတာဖြစ်ပြီး သူတို့နှစ်ယောက်ရဲ့ လုပ်အားနှုန်းကို  ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့အတွဲအဖက်လုပ်အားကို မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ ဒါကြောင့် တူချယ်ဟာ ဟာဗက်ဇ်နဲ့ လူကာကူတို့ရဲ့ တွဲဖက် လုပ်အားနှုန်းကို အသုံးချနိုင်ဖို့အတွက် သူတို့နှစ်ဦးကြားက ဆက်ဆံရေးကို တိုးတက်လာအောင်ကြိုးစားနေတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

ဒီနေရာမှာ မေးခွန်းတစ်ခုရှိတာကတော့ လူကာကူနဲ့ဟာဗက်ဇ်နှစ်ယောက်စလုံးကို အသုံးပြုဖို့ တူချယ်ဟာ ဘယ်ကစားကွက်ကို အသုံးပြုမလဲဆိုတာပါပဲ။ 

မနှစ်က အသုံးပြုခဲ့တဲ့ ၃-၄-၃ကစားကွက်ဟာ အသင်းကို အများကြီး အကျိုးပြုခဲ့ပြီး ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလားတို့ကို ဆွတ်ခူးစေနိုင်ခဲ့ပါတယ်။  ဒါပေမယ့် အသင်းမှာ ဒီရာသီအသုံးပြုနေတဲ့ ကစားကွက်အရ ခံစစ်ကစားသမားတွေဟာ အဓိကအကျဆုံးဖြစ်နေတာကိုတော့ တွေ့ရမှာဖြစ်ပါတယ်။ လူကာကူနဲ့ဟာဗက်ဇ်တို့နှစ်ဦးစလုံးဟာ တိုက်စစ်မှာ တစ်ဦးတည်းပွဲထွက်ရတဲ့အခါ ပုံစံကောင်းပြသနိုင်ဖို့ ရုန်းကန်နေခဲ့တာများပြီး တစ်ခါတစ်ရံမှာ သူတို့ရဲ့ အခန်းကဏ္ဍဟာ ပျောက်ကွယ်လုနီးပါးအထိဖြစ်ခဲ့ရပါတယ်။ 

ပဲလေ့စ်နဲ့ပွဲမှာ ဟာဗက်ဇ်က နေရာစုံလိုက်ကစားခဲ့တာကိုမြင်ရပါတယ်။ ဂျာမန်သားဟာ တောင်ပံကနေ ထောင့်ဖြတ်ဆွဲဝင်တဲ့လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့သလို ဧရိယာထဲက လူကာကူနဲ့ချိတ်ဆက်ဖို့ကြိုးစားခဲ့ပေမယ့်  ၊ လူကာကူရဲ့ အဆိုးရွားဆုံးနေ့နဲ့ကြုံတွေခဲ့ရပြီး အလုပ်မဖြစ်ခဲ့ပါဘူး။

လူကာကူနဲ့ ဟာဗက်ဇ်တို့ကိုသာ တိုက်စစ်မှာ အကောင်းဆုံးအသုံးပြုနိုင်ခဲ့မယ်ဆိုရင် ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်တွေထဲက တစ်ခုကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ တူချယ်အနေနဲ့ ဒီလိုမျိုးလုပ်ဆောင်နိုင်မလားဆိုတာကိုတော့ ဆက်စောင့်ကြည့်ဖို့ပဲ ရှိပါတယ်။  တူချယ်အနေနဲ့ စွမ်းဆောင်နိုင်မယ်ဆိုရင်တော့ အသင်းအနေနဲ့ လက်ရှိထက် အဆင့်တစ်ခုမြင့်တက်နိုင်မှာတော့ အမှန်ပါပဲ။ လောလောဆယ်မှတ်တမ်းများအရ တူချယ်ရဲ့ စိတ်ကူးထဲကတိုက်စစ်အတွဲဟာ ၁၃ ဂိုးသွင်းထားနိုင်ပေမယ့် ခြေစွမ်းအရတော့အားကိုးရလောက်အောင် တည်ငြိမ်မှုမရှိသေးတာကိုမြင်ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: