အသင်းမှ ခေတ္တဆိုင်းငံ့ခံရတဲ့ အာဆင်နယ်ပလေယာဟောင်း
အာဆင်နယ်အသင်းမှာ ၃ နှစ်ကြာကစားခဲ့ဖူးတဲ့ ဆီဂန်ဒါကလပ် ဟူးစကားအသင်းက ကွင်းလယ်ကစားသမား ကီလီချီ နာဝါကာလီဟာ AFCON ပြိုင်ပွဲကနေ အသင်းဆီကို နောက်ကျပြီးမှ ပြန်လည်ပူးပေါင်းနိုင်ခဲ့တာကြောင့် အသင်းလူစာရင်းမှ ၁၀ရက်တာ ချန်လှပ်ခံရသလို လစာလဲမရရှိဘူးလို့ Daily Cannon ရဲ့ဖော်ပြချက်အရ သိရပါတယ်။ နိုင်ဂျီးရီးယားလက်ရွေးစင် နာဝါကာလီဟာ ဟူးစကားအသင်းအတွက် ၃၃ ပွဲကစားပေးထားရသော်လည်း ဂိုးသွင်းယူမှုနဲ့ဖန်တီးမှုများပြုလုပ်ထားပေးနိုင်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။ အဆိုပါအသက် ၂၃ နှစ်အရွယ်ကစားသမားကို အာဆင်နယ်အသင်းရောင်းချစဥ်က ပြန်လည်ခေါ်ယူခွင့်ကို ထည့်သွင်းချုပ်ဆိုထားတယ်လို့ သိရပါတယ်။
ဒူဘိုင်းခရီးစဥ်အကြောင်းပြောပြလာတဲ့ ဆဲဒရစ်
အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဆဲဒရစ်က ဒူဘိုင်းခရီးစဥ်ဟာ အသင်းကိုအကျိုးပြုခဲ့ပြီး စည်းလုံးမှုပိုအားကောင်းလာခဲ့တယ်လို့ ဘရန်းဖို့ဒ်နဲ့ပွဲအပြီးမှာ ပြောဆိုလာခဲ့ပါတယ်။ အသင်းသားတွေဟာ တပ်ဖွဲ့တစ်ဖွဲ့လိုဖြစ်လာပြီး ၊ ရာသီကုန်အထိ အတူတကွလက်တွဲပြီး ရည်မှန်းချက်တွေဆီသွားဖို့အသင့်ရှိနေပြီလို့ ဆိုခဲ့ပါတယ်။ ဆဲဒရစ်ဟာ အဓိက ကစားသမား တိုမီယာစုမပါဝင်နိုင်ချိန်မှာ အကောင်းဆုံးဝင်ရောက်ကစားပေးထားနိုင်တာလဲဖြစ်ပါတယ်။ လက်ရ
ပရိတ်သတ်တွေကို အာတီတာက ကျေးဇူးတင်စကားဆို
နည်းပြအာတီတာက ပွဲအပြီးမှာ ပရိတ်သတ်တွေရဲ့အားပေးမှုကို ကျေးဇူးတင်ကြောင်းအခုလိုထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။ “ ကွင်းထဲမှာ အားပေးကြတဲ့ အသံတွေဟာ အသင်းအပေါ် အများကြီးအထောက်အကူပြုခဲ့ပါတယ်။ ဒါကလဲ အသင်းသားတွေက ဘာတွေလုပ်နေတယ် ၊ ဘယ်လိုကြိုးစားနေတယ်ဆိုတာကို ပရိတ်သတ်တွေက မြင်ရတဲ့အတွက်ပါပဲ။ စိတ်ရှည်မှု ၊ ဖြေးဖြေးမှန်မှန်နဲ့လိုအပ်တဲအဆင့်ကို ရောက်အောင်သွားနိုင်ဖို့ ၊ စိတ်ပိုင်းဖြတ်မှု ၊ လျှင်မြန်မှု စတာတွေကို တိုက်စစ်ဆင်တဲ့အခါမှာ လိုအပ်သလိုအသုံးချခဲ့ရပါတယ် “ ဆိုပြီးပွဲအကြောင်းကိုလည်း ထည့်ပြောသွားခဲ့ပါတယ်။
မိုရာတာနဲ့ ဇာတ်လမ်းဆက်ဖို့ရှိနေသေးတဲ့ အာဆင်နယ်
အီတလီသတင်းဌာနတစ်ခုဖြစ်တဲ့ Calciomercato က အာဆင်နယ်အသင်းဟာ မိုရာတာကိုခေါ်ယူဖို့စိတ်ဝင်စားဆဲဖြစ်တယ်လို့ဖော်ပြလာပါတယ်။ အဆိုပါသတင်းကိုအခြေခံပြီး လန်ဒန်သားတို့ဟာ မိုရာတာကိုလိုအပ်တယ်ဆိုတဲ့ သုံးသပ်မှုအချို့လဲရှိနေပါတယ်။ မိုရာတာဟာ အခုရာသီမှာ ပြိုင်ပွဲစုံ ၃၃ ပွဲကစားပြီး ၈ ဂိုးသွင်း ၆ ကြိမ်ဖန်တီးပေးထားသူလဲဖြစ်ပါတယ်။
မေဂျာလိဂ်မှာ ပျော်နေတဲ့ ကီရန်ဂစ်ဘ်စ်
တချိန်တုန်းက ဂန်းနားဟောင်းတစ်ယောက်ဖြစ်တဲ့ ကီရန်ဂစ်ဘ်စ်ဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းနဲ့အတူရာသီသစ်အတွက်ပြင်ဆင်လျှက်ရှိပြီး ၊ ကမ္ဘာကျော်ကစားသမား ဒေးဗစ်ဘက်ခမ်းရဲ့သားဖြစ်သူ ရိုမီယိုနဲ့အသင်းဖော်တွေဖြစ်လာတော့မှာလည်းဖြစ်ပါတယ်။ အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့ ရိုမီယိုဟာ အာဆင်နယ်ပရီတ်သတ်တစ်ဦးဖြစ်ပြီးတချိန်တုန်းက အမ်းမရိတ်ဆီအလည်လာပြီး သူ့ရဲ့လက်မှတ်ကိုရယူဖူးသူလဲဖြစ်ပါတယ်။ ဂစ်ဘ်စ်ဟာ အမေရိကန်ဘောလုံးလောကရဲ့စည်းမျဥ်း ၊ စနစ်တွေနဲ့ အဆင့်အတန်းတွေကိုသဘောကျလျှက်ရှိပါတယ်။
Leave a Reply