နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု ( 20Feb)

အီမာဆင်ကို သဘောကျနေတဲ့ ဆာရီ

လာဇီယိုနည်းပြဆာရီရဲ့ နွေရာသီပစ်မှတ်ထဲမှာ  လိုင်ယွန်အသင်းကို အငှားသွားရောက်ကစားနေတဲ့ ချဲလ်ဆီးနောက်ခံလူ  အီမာဆင်လဲပါဝင်နေတယ်လို့ သိရပါတယ်။ အီမာဆင်ဟာ  ဘန်ချေးဝဲလ်ရဲ့ ဒဏ်ရာအခြေအနေကြောင့် ရာသီဝက်မှာအသင်းကိုပြန်လည်ခေါ်ယူဖို့စီစဥ်ခဲ့ပေမယ့် လိုင်ယွန်အသင်းရဲ့ဆုံးဖြတ်ချက်ကြောင့်မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။ အီတလီသတင်းစာများကတော့ အဆိုပါကစားသမားကို  ချဲလ်ဆီးထံမှ ခေါ်ယူရေးဟာ ဆာရီအတွက် ခက်ခဲနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

လူကာကူ အကြီးအကျယ်ဝေဖန်ခံနေရ

လူကာကူရဲ့ ပဲလေ့စ်နဲ့ပွဲကစွမ်းဆောင်ရည်ကိုအားမရကြတာကြောင့် ပြန်လည်ရောင်းချဖို့ ပရိတ်သတ်တွေဟာ ဆိုရှယ်မီဒီယာမှာရေးသားနေကြကြောင်း Daily Star ကဖော်ပြလာပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာ ဘောလုံးထိချက် ၂ ကြိမ်သာရှိတဲ့အထိ (တစ်ပွဲလုံး ၇ ကြိမ်သာထိနိုင်) လူကာကူရဲ့အခြေအနေကဆိုးရွားခဲ့ပြီး တစ်ပွဲလုံးအနေနဲ့လည်း လိုအပ်ချက်များစွာရှိခဲ့တာဖြစ်ပါတယ်။ ပရိတ်သတ်အချို့ကဆိုရင်  “ လူကာကူကလွဲလို့  အားလုံးအတွက်ကောင်းမွန်တဲ့ရက်သတ္တပတ်ဖြစ်ပါစေ “ ဆိုပြီး လှောင်ပြောင်ကြတဲ့အထိ ကစားသမားနဲ့အားပေးသူများအကြား ဆက်ဆံရေးဆိုးရွားနေခဲ့ပါတယ်။

မီလီတာအိုနဲ့   တာဝန်ရှိသူတွေ  ဆွေးနွေးကြဖို့ရှိ

စပိန်ကလာတဲ့သတင်းတွေအရ   ချဲလ်ဆီးတာဝန်ရှိသူတွေဟာ  တူချယ်အလိုရှိနေတဲ့  ရီးရဲကစားသမား အီဒါ မီလီတာအို နဲ့တွေ့ဆုံဖို့စီစဥ်နေပြီဖြစ်ကြောင်းဖော်ပြလာကြပါတယ်။  မီလီတာအို ဟာ လစာငွေနဲပါးသော်လည်း ဘာနေဗျူးနဲ့ အန်ဆယ်လော့တီလက်အောက်မှာ ပျော်ရွင်နေကြောင်းသိရပါတယ်။  ချဲလ်ဆီးတို့ဟာ ရူဒီဂါကိုဆက်ထိမ်းထားနိုင်ဖို့ အခွင့်အရေးနဲပါးနေသလို ၊ နောက်တန်းကလည်းမဖြစ်မနေအားဖြည့်ရမယ့် အခြေအနေမှာရှိနေပါတယ်။

အငှားချလူငယ်ကို  ပထမအသင်းမှာထည့်သွင်းဖို့ တူချယ် ဆန္ဒရှိ

ဟက်ဒါစဖီးတောင်းအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ လူငယ်ကစားသမား လီဗီကော်ဝဲလ်ကို လာမယ့်ရာသီ ပထမအသင်းမှာထည့်သွင်းသွားဖို့ တူချယ်က ဆန္ဒရှိနေတယ်လို့ Goal ကဖော်ပြလာပါတယ်။  ကော်ဝဲလ်ဟာ အငှားကစားသမားဘဝမှာ  ၂၁ ကြိမ်ပွဲထွက်ကစားပေးထားပြီး ခြေစွမ်းကောင်းတွေပြသထားနိုင်တာဖြစ်လို့  တူချယ်က နောက်တန်းအတွက်ခေါ်ယူအားဖြည့်လိုတာဖြစ်ကြောင်း Weblog အများစုက ရေးသားနေကြတာဖြစ်ပါတယ်။

ချဲလ်ဆီးအတွက်တန်ဖိုးရှိတဲံကစားသမားအဖြစ် ဘရိုဂျာကို  မှတ်ချက်ပြုပေးခဲ့တဲ့ ဂန္တဝင်

ဂန္တဝင်ပေါလ်မာဆင်က  ချဲလ်ဆီးကနေ စိန့်အသင်းထံမှာ အငှားသွားကစားနေတဲ့ လူငယ်လေး အာမန်ဒို ဘရိုဂျာနဲ့ပတ်သတ်ပြီးအခုလို မှတ်ချက်ပြုပေးခဲ့ပါတယ်။

“ အာမန်ဒိုဘရိုဂျာဟာ ဒီရာသီမှာ ကျွန်တော့်မျက်လုံးထဲမှာ သဘောကျမိတဲ့ကစားသမားတစ်ယောက်ပါပဲ။  သူကချဲလ်ဆီးအသင်းမှာ အနာဂတ်တစ်ခုရှိနေတယ်လို့ ခိုင်ခိုင်မာမာယုံကြည်ပါတယ်။ သူက ထွားကြိုင်းတယ်၊ သန်မာတယ် ၊ လျှင်မြန်တယ်။ အဆင့်မြင့်တဲ့ဂိုးတွေသွင်းနိုင်တယ်။ တကယ်လို့ ချဲလ်ဆီးအသင်းက သူ့ကိုလက်လွှတ်ခဲ့ရင်တောင်မှ  ပြန်လည်ခေါ်ယူခွင့်ပါဝင်လိမ့်မယ် “  လို့ပေါလ်မာဆင်က သူ့ရဲ့ဆောင်းပါးမှာရေးသားသွားခဲ့တာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: