M.S.News – နောက်ဆုံးရဘောလုံးသတင်းများ (19Feb)

ဘာပေနဲ့ဟာလန်းကိုခေါ်ဖို့ အလားအလာအကောင်းဆုံးဖြစ်နေတဲ့ ရီးရဲ

လာလီဂါဥက္ကဌ ဂျာဗီယာတီဘက်စ် က ရီးရဲလ်မက်ဒရစ်အသင်းဟာ ယခုလက်ရှိသတင်းထွက်နေတဲ့ အကောင်းဆုံးလူငယ်တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေနဲ့ ဟာလန်းတို့နှစ်ဦးစလုံးကို တခြား ပြိုင်ဖက်အသင်းတွေကိုကျော်ပြီးခေါ်ယူနိုင်ဖို့ အလားအလာရှိဆုံး အသင်းတသင်းဖြစ်တယ်လို့မှတ် ချက်ပြုခဲ့ပါတယ်။ လက်ရှိအချိန်မှာ အမ်ဘာပေ တဦးတည်းသာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့သတင်းထွက် လျှက်ရှိပြီး ဟာလန်းကတော့ ဘာစီလိုနာအသင်းကခေါ် ယူဖို့နီးစပ်နေတယ်လို့ သတင်းအချို့ကဖော်ပြနေကြပါတယ်။

ချန်ပီယံလိဂ်ဆိုတာ ဘာမှမထူးဆန်းဘူးလို့ မော်ရင်ဟိုပြော

ကိုယ်တိုင် ကိုင်တွယ်နေတဲ့ရိုးမားအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အသည်းသန်ကြိုးစား နေရသော်လည်း ယခုအပတ်မှာ ယှဥ်ပြိုင်ခဲ့ကြတဲ့ ရှံးထွက်ပွဲစဥ်များနဲ့ပတ်သက်ပြီးမော်ရင်ဟိုက

ကျွန်တော် ချန်ပီယံလိဂ်ပွဲပေါင်း ၁၅၀ ကျော်ကစားခဲ့ပါတယ်။ ချန်ပီယံလိဂ်ဖလားဆိုတာကလဲ အထူး ဆန်းကြီးတော့မဟုတ်ပါဘူး  ဆိုပြီးမှတ်ချက်ပေးသွားခဲ့ပါတယ်။ ဆက်လက်ပြီး သူက

ကျွန်တော်နောက်ရာသီ ယူရိုပါလိဂ် ဒါမှမဟုတ် ကွန်ဖရင့်လိဂ်မှာကစားနေရလို့ဘာမှမ​ဖြစ်ပါဘူး ချန်ပီယံလိဂ်ပွဲကြီးပွဲကောင်းတွေလည်း အများကြီး မရှိဘူး။ ပီအက်ဂျီ နဲ့ ရီးယဲလ်မက်ဒရစ် ပွဲကို မကြိုက်ပေမယ့် အင်တာနဲ့ လီဗာပူးနဲ့ပွဲက ပွဲကောင်းတစ်ပွဲပါ လို့ပြောဆိုခဲ့ပါတယ်။

ဗန်ဒီဘိခ်ကို ရာသိကုန်မှာအသင်းကထွက်ခွာဖို့ဆုံးဖြတ်ချက်ခိုင် မာစေတဲ့ရင်းနစ်ခ်ရဲ့မှတ်ချက်

မာစီရယ် နဲ့ ဗန်ဒီဘိခ် ထွက်ခွာသွားပြီးနောက်ပိုင်း အသင်းဟာ ပိုတိုးတက်လာပါတယ်ဆိုပြီးဘရိုက် တန်အသင်းနဲ့ပွဲအပြီးမှာ ပြောကြားခဲ့တဲ့  နည်းပြ ရင်းနစ်ခ်ရဲ့ မှတ်ချက် ကြောင့်  အဲဗာတန်မှာ အငှားနဲ့သွားကစားနေတဲ့ ဗန်ဒီဘိခ်ဟာ နွေရာသီမှာ အသင်းကနေထွက်ခွာဖို့ စီစဉ်နေတယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာနေရာမရပေမယ့်  အဲဗာတန်အသင်းမှာ စရောက်ကတည်းက ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။

ကာဗာနီမပါဝင်နိုင်သေးတဲ့ ယူနိုက်တက်ရဲ့ တိုက်စစ်

ယူနိုက်တက်အသင်းရဲ့တိုက်စစ်မူးကာဗာနီဟာ ယခုအပတ်ပွဲစဥ်တပွဲဖြစ်တဲ့ လိဒ်ယူနိုက်အသင်းနဲ့ပွဲစဥ်ကိုလဲ ဆက်လက်လွဲချော်ဖို့ရှိနေပါတယ်။ ကာဗာနီဟာ ပေါင်ခြံဒဏ်ရာ ခံစားနေရဆဲဖြစ်ပြီး အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါတချို့လဲ တချိန်ထဲမှာခံစားနေရတယ်လို့ သိရပါတယ်။  အသင်းဖက်ကတရားဝင် ထုတ်ပြန်ထားခြင်းမရှိသေးပေမယ့် နည်း ပြရင်းနစ်ခ်ကတော့ ကာဗာနီမကစားနိုင်ကြောင်း အတည်ပြုထားခဲ့ပြီလဲဖြစ်ပါတယ်။

ချူမန်နီကို အနီးကပ်စောင်ကြည့်ဖို့ ကင်းထောက်အဖွဲ့ထွက်ခွာ

ချဲလ်ဆီးအသင်းဟာ  ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူချင်နေပေမယ့်  မိုနာကိုကွင်းလယ်ကစားသမားချူမန်နီ ကိုလည်း စိတ်ဝင်စားနေတယ်လို့  သတင်းများကဖော်ပြလာပါတယ်။ ဝက်စ်ဟမ်းနည်းပြမိုရက်စ်ကလည်း သူ့ရဲ့ကွင်းလယ်လူ ရိုက်စ်အနေနဲ့အသင်းကိုစွန့်ခွာမှမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ မိုနာကိုကွင်းလယ်လူ ချူမန်နီကို စောင့်ကြည့်ဖို့ ကင်းထောက်အဖွဲ့ကိုစေလွှတ်ထားတယ်လို့လည်းသိရပါတယ်။

ချူမန်နီရဲ့အသင်းဖက်ကတော့ ကစားသမားရဲ့ စျေးနှုန်းသေချာပေါက်မြင့်မားမယ်လို့ ထုတ်ပြောထားခဲ့ဖူးပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: