Gunners’ Side – နောက်ဆုံးရအာဆင်နယ်သတင်းများ (19Feb)

အာဆင်နယ်တိုက်စစ်နဲ့ပတ်သတ်ပြီးမှတ်ချက်ပြုတဲ့ အိုဒီဂတ်

အာဆင်နယ်ကွင်းလယ်လူ အိုဒီဂတ်က အသင်းအနေနဲ့ တိုက်စစ်ပိုင်း လိုအပ်ချက်တွေရှိနေပေမယ့်  အရည်အသွေးကင်းမဲ့နေတာမျိုးတော့မဟုတ်ကြောင်း အခုလိုပဲ ပြောဆိုလာခဲ့ပါတယ်။

“ လက်ရှိအသင်းရဲ့ တိုက်စစ်ပိုင်းမှာတိုးတက်ဖို့လိုနေတယ် ၊ ပိုကောင်းအောင်ကစားနိုင်ဖို့ကြိုးစားရမယ်ဆိုတာလဲဟုတ်ပါတယ်။ ဒါပေမယ့်အသင်းမှာ လိုအပ်တဲ့အရည်အသွေးတွေရှိနေတာကိုလဲ သေချာပေါက်ပြောနိုင်ပါတယ်။  အခွင့်အရေးတွေလဲ ဖန်တီးနေနိုင်တာမို့ ကျွန်တော်ကတော့ ပြသနာတစ်ခုအဖြစ်မမြင်မိပါဘူး “ လို့ဆိုခဲ့ပြီး  လူငယ်တွေနဲ့စုဖွဲ့ထားတဲ့အာဆင်နယ်လူစာရင်းဟာ စိတ်ဝင်စားစရာကောင်းတယ်လို့ လဲ မှတ်ချက်ပေးသွားခဲ့ပါတယ်။ အိုဒီဂတ်ဟာ  အာဆင်နယ်အတွက် ဒီရာသီမှာ ၂၄ ပွဲကစား ၊ ၄ဂိုးသွင်းပြီး  ၄ဂိုးဖန်တီးပေးထားနိုင်သူလဲဖြစ်ပါတယ်။

ဟတ်ချီဆန်ကို ပွဲထုတ်ဖို့ရက် နီးကပ်လာနေပြီလို့ ဖော်ပြနေကြ

အိုမာရီဟတ်ချီဆန်ဟာ  ဘရန်းဖို့ဒ်နဲ့ပွဲလူစာရင်းမှာ ပါဝင်လာဖွယ်ရှိတယ်လို့ Mirror ကရေးသားဖော်ပြလာပါတယ်။ အဆိုပါ အသက် ၁၈ နှစ်အရွယ်တောင်ပံကစားသမားလေးဟာ လူငယ်အဆင့်မှာ U23 အသင်းနဲ့အတူ ထူးခြားတဲ့ခြေစွမ်းတွေပြသထားပြီးဖြစ်သလို ၊ ဆာကာ နဲ့စမစ်ရိုးတို့လိုပဲ ထွန်းတောက်လာမယ့်သူအဖြစ် ထင်ကြေးပေးခြင်းခံထားရပါတယ်။  ဟတ်ချီဆန်ဟာ ပရီးမီးယားလိဂ်မှာ ပွဲမထွက်ရသေးပေမယ့်  အချို့ပွဲစဥ်တွေရဲ့ အရံလူစာရင်းမှာတော့ ပါဝင်စပြုနေခဲ့ပြီဖြစ်ပါတယ်။

Advertisements

အိုဒီဂါပိုကို  အဲဗာတန်ကလဲ ကြိုးစားဖွယ်ရှိ

ပီအက်စ်ဗီအသင်းရဲ့တောင်ပံကစားသမား အိုဒိဂါပိုကို  အာဆင်နယ်အသင်းနဲ့အပြိုင် အဲဗာတန်အသင်းကလဲစိတ်ဝင်စားနေတယ်လို့  အားကစားသတင်းထောက် ရူဒီဂါလက်တီက ပြောကြားလာပါတယ်။ အသက် ၂၂ အရွယ်နယ်သာလန်ကစားသမားလေးဟာ ပီအက်ဗီအသင်းအတွက်အရေးကြီးတဲ့အခန်းကဏ္ဏမှာရှိနေပြီး ဒီရာသီမှာ သွင်းဂိုးရော ၊ ဖန်တီးပေးမှုတွေကိုပါ ပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။

အာဆင်နယ်ကို အနိုင်လို့ ခန့်မှန်းပေးထားတဲ့လော်ရိုး

နာမည်ကျော်တင်ဆက်သူနဲ့ ဝါရင့်ဘောလုံးသုံးသပ်သူ လော်ရိုးက  ဘရန်းဖို့ဒ်နဲ့ပွဲကို အခုလိုပဲသုံးသပ်ပြောကြားခဲ့ပါတယ်။

“ ဘရန်းဖို့ဒ်တို့ အမ်းမရိတ်မှာနိုင်အောင်ကစားသွားမယ်လို့မထင်ပါဘူး။  ဝုဗ်အသင်းကို ၁၀ ယောက်ထဲနဲ့အနိုင်ကစားသွားခဲ့တာ အာဆင်နယ်အတွက်တော့ ကမ္ဘာကြီးကိုအောင်နိုင်လိုက်သလိုပါပဲ။ ဒါကြောင့်သူတို့အောင်ပွဲအကြီးအကျယ်ခံခဲ့တာပါ။  နားလည်ပေးလို့ရပါတယ်ဗျာ။  ဂန်းနားတွေရဲ့တိုက်စစ်ပိုင်းဟာ   ဂိုးတွေအများကြီးမသွင်းယူနိုင်သေးပါဘူး​။ ဒါပေမယ့် ပျားတွေကိုတော့ ပထမအကျော့ကအရှုံးအတွက် လက်စားချေသွားနိုင်ပါလိမ့်မယ်  “ ဆိုပြီးခန့်မှန်းပြောဆိုသွားခဲ့ပါတယ်။

ဘန်ဝှိုက်အပေါ်အာတီတာရဲ့အမြင်

နည်းပြအာတီတာက ဘန်ဝှိုက်ရဲ့ကြိုးစားအားထုတ်မှုနဲ့ပတ်သတ်ပြီးအခုလို မှတ်ချက်ပြုလာပါတယ်။

“ သူ့မှာ ကောင်းမွန်တဲ့ကိုယ်ပိုင်ဟန်တစ်ခုရှိတယ်ဗျ။  သူကရဲဝံ့တယ်၊  ကစားအားကောင်းတယ်၊ ဆုံးဖြတ်ချက်တွေချနိုင်တယ်၊ တိုက်စစ်လဲကူနိုင်တယ်။ သူ့ကိုယ်သူ ၁၀၀% မကျေနပ်ဘူးဆိုရင် လေ့ကျင့်ရေးဆက်ပြီးဆင်းချင်နေတုန်းပါပဲ။ ဒါဟာရေရှည်မှာသိပ်ကောင်းပါတယ်။  ဒီနေ့ ဘန် ပြသနေတဲ့ခြေစွမ်းတွေဟာ လွန်ခဲ့တဲ့လတွေတုန်းက သူအပြင်းအထန်လေ့ကျင့်ခဲ့လို့ပါပဲ။ ဒါတွေဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး “ ဆိုပြီးပြောဆိုခဲ့တာပါ။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: