နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (19Feb)

အသင်းရဲ့လူငယ်လေးနဲ့စာချုပ်သက်တမ်းတိုးလိုက်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ အသက် ၁၉နှစ်အရွယ် လူငယ်ကစားသမားလေး ဘန်အီးလီးရော့ဒ် ကို ၂၀၂၄ ခုနှစ်အထိစာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း အသင်းရဲ့ ဝက်ဘ်ဆိုက်ကနေ တရားဝင်ကြေငြာသွားခဲ့ပါတယ်။ အသက် ၈ နှစ်ကတဲက ချဲလ်ဆီးကိုရောက်ရှိနေတဲ့ကွင်းလယ်ကစားသမားလေးကို မကြာခင်မှာ အသင်းတစ်သင်းထံအငှားချသွားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

ချူမန်နီကို အနီးကပ်စောင်ကြည့်ဖို့ ကင်းထောက်အဖွဲ့ထွက်ခွာ

ချဲလ်ဆီးအသင်းဟာ  ဝက်စ်ဟမ်းကွင်းလယ်လူ ရိုက်စ်ကို ခေါ်ယူချင်နေပေမယ့်  မိုနာကိုကစားသမားချူမန်နီ အပေါ်ကို အနဲငယ် အလေးသာနေတယ်လို့ Evening Standard ကဖော်ပြလာပါတယ်။ ရိုက်စ်ကို ကာလရှည်စောင့်ကြည့်နေခဲ့တာဖြစ်သလို နောက်ဆုံးရသတင်းများအရ မန်ချက်စတာယူနိုက်တက်ကလဲ ခေါ်ယူဖို့ကြိုးပမ်းဖွယ်ရှိတယ်လို့သိရပါတယ်။  ဒါပေမယ့် ဝက်စ်ဟမ်းနည်းပြမိုရက်စ်ကလည်း ရိုက်စ်အနေနဲ့အသင်းကိုစွန့်ခွာမှမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုထားပါတယ်။ ယခုရက်ပိုင်းအတွင်းမှာ ပြင်သစ်သားလေးကိုစောင့်ကြည့်ဖို့ ကင်းထောက်အဖွဲ့ကိုစေလွှတ်ထားတယ်လို့လည်းသိရပါတယ်။

ချဲလ်ဆီးဂိုးပြတ်နိုင်မယ်လို့  လော်ရိုးခန့်မှန်း

ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ရင်ဆိုင်ရမယ့်ပွဲအတွက် မာ့လော်ရန်ဆင် (လော်ရိုး) ကအခုလိုပဲသုံးသပ်ပြောကြားသွားခဲ့ပါတယ်။

“ ရလဒ်တွေကိုပဲပြောမယ်ဆိုရင်တော့ ပဲလေ့်စ်အသင်းရဲ့အခြေအနေက တော်တော်ဆိုးပါတယ်။ နောက်ဆုံး ၅ ပွဲမှာ သုံးမှတ်သာ စုဆောင်းနိုင်ခဲ့သလို  နိုင်ပွဲလည်း တစ်ပွဲမှမရှိပါဘူး။ ခြေစွမ်းအရတော့ သူတို့ဟာ အတိုင်းအတာတစ်ခုထိစွမ်းဆောင်နိုင်ကြပါတယ်။ ပြီးတော့ တန်းဆင်းဇုန်နဲ့လဲ အဝေးကြီးရှိနေပါတယ်။ ချဲလ်ဆီးကတော့  CWC ကစားပြီးကတည်းက နားရက်လဲရထားပါတယ်။  ကျွန်တော်ကတော့   ချဲလ်ဆီးတို့  ၃-၀ နဲ့အနိုင်ကစားပြီး သုံးမှတ်ရယူသွားမယ်လို့ ထင်ပါတယ်  “  လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။

လို့ဖ်တပ်ချိကို ချီးကျူးတဲ့ တူချယ်

လိုဖ်တပ်ချိအနေနဲ့ ခရစ္စတယ်ပဲလေ့စ်ကိုရင်ဆိုင်ရမယ့်ပွဲမှာ ပါဝင်နိုင်မှာဖြစ်ကြောင်း တူချယ်က အတည်ပြုပေးခဲ့ပါတယ်။

“ သူ့မှာဖနောင့်ဒဏ်ရာရှိနေပါတယ်။ အရမ်းကြီးမပြင်းထန်ပေမယ့် နာတော့နာနေပါတယ်။ ဒါပေမယ့်အဆင်ပြေပါတယ်။ သူက တော်တော်သန်မာတဲ့သူပါ။ အသင်းနဲ့လေ့ကျင့်ရေးပြန်ဆင်းကတဲက ပိုပြီးကြံ့ခိုင်လာပါတယ်။ ပဲလေ့စ်နဲ့ပွဲမှာသူကစားနိုင်မှာပါ “  လို့  ပြောဆိုသွားခဲ့တာပါ။

CWC က ရယူဖို့ တကယ်ကို ခက်ခဲတဲ့ဆုဖလားပါလို့  ဂျော်ဂျင်ဟိုရှင်းပြ

ချဲလ်ဆီးကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုက  CWC ရရှိခဲ့ခြင်းဟာ ဘယ်လောက်အရေးပါခဲ့သလဲဆိုတာကို အခုလိုပဲပြန်ပြောပြလာပါတယ်။  “  အမေရိကအသင်းတွေကို အနိုင်ယူပြီးဆုဖလားရတယ်ဆိုတဲ့ခံစားချက်က ဘာနဲ့မှလဲလို့မရပါဘူး။ ကျွန်တော် ၊ ဆေးဗားလ်၊  ကနေဒီ နဲ့ နည်းပြတို့ဟာ ဒီဖလားအပေါ်ခံစားချက်ကြီးကြီးမားမားရှိကြပါတယ်။ ဒီကိုထွက်မလာခင်တုန်းက နည်းပြက ပါမီးရပ်စ်အသင်းရဲ့ ဘတ်စ်ကားကို အရူးအမူးအားပေးနေကြတာကိုပြပြီး “ အဘူဒါဘီမှာဒါကိုရင်ဆိုင်ရမှာကွ”  ဆိုပြီး အသိပေးခဲ့ပါတယ်”  ဆိုပြီး ခက်ခဲတဲ့ပြိုင်ပွဲအကြောင်းကို ပြန်ပြောပြသွားခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: