ဘာပေကို မကျေမနပ်ဖြစ်နေတဲ့ရီးရဲ
အမ်ဘာပေ ဟာအသင်း ပြောင်းရွှေ့ဖို့ အဆင်သင့်ရှိနေပေမယ့် ပီအက်ဂျီမှာ ဆက်နေဖို့ကိုလည်း ငြင်းဆန်ထားခြင်းမရှိဘူးလို့ စပိန်သတင်းတွေအရ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းပြီးရင် ပြောင်းရွေ့ နိုင်ခြေရှိတဲ့အသင်းက လီဗာပူးလ်အသင်းဖြစ်တယ်လို့ယင်းသတင်းကဆက်လက်ဖော်ပြထားပါတယ်။ လီဗာပူးလ်အသင်းဖက်ကလဲ လက်ရှိသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်တစုံတရာမပေးသေးသည့်အပြင် ရီးရဲလ်မက်ဒရစ်အသင်းကလဲ အမ်ဘာပေရဲ့အနိုင်ဂိုးသွင်းယူပြီးအလွန်အကျွံအောင်ပွဲခံခဲ့ခြင်းနဲ့ ပွဲအပြီးမှတ်ချက်ထဲတွင် ကမ္ဘာ့အကောင်းဆုံးအသင်းအတွက်ကစားပေးနေရတယ်ဆိုပြီး ပြောဆိုခဲ့ခြင်းအပေါ်ကျေနပ်မှုမရှိဘူးလို့သိရပါတယ်။
အသက် ၁၇ နှစ်အရွယ်ကစားသမားလေးကိုခေါ်ယူမယ့် မန်စီးတီး
မန်စီးတီးအသင်းဟာ ဘရာဇီးသား လူငယ်တောင်ပံကစားသမား ဆဗင်ညိုအား ခေါ်ယူရန် အက်သလက်တီကို မီနီရိုကို တရားဝင်ကမ်းလှမ်းလိုက်ပြီး သဘောတူညီမူရရှိရန်နီးစပ် နေပြီဖြစ် ကြောင်းသိရပါတယ်။ ယင်းကမ်းလှမ်းချက်တွင် ပြောင်းရွေ့ကြေး ယူရို ၆.၅သန်း နှင့် အပိုဆုကြေးငွေများပါဝင်ပြီး မကြာခင်မှာ စာရွက်စာတမ်းကိစ္စကိုအပြီး သတ်နိုင်တော့မှာဖြစ်တယ်လို့လဲဆိုပါတယ်။ အဆိုပါ ၁၇ နှစ်သားလေးကို အာဆင်နယ်အသင်းနဲ့အပြိုင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။
ဂါဘီကို စာချုပ်သစ်ချုပ်တော့မယ့် ဘာကာ
လူငယ်ကြယ်ပွင့်ဂါဗီက်ို ယခုရာသီကုန်တွင် ချဲလ်ဆီးအသင်းကခေါ်ယူမယ်ဆိုတဲ့ ကောလဟာလ သတင်းနဲ့ပတ်သက်လို့ ဘာစီလိုနာအသင်းဖက်က စိုးရိမ်မူမရှိသည့်အပြင်စာချုပ်သစ်တွက်စတင်ဆွေး နွေးလျှက်ရှိတယ်လို့ ဆိုပါတယ်။ စာချုပ်သစ်တွင်ယင်းအသက်(၁၈)နှစ်အရွယ်အကယ်ဒမီ လူငယ်ကစားသမားအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း(၅၀)ပါဝင်မည် ဖြစ်တယ်လို့ သိရပါတယ်။ ဂါဗီဟာ ဘာစီလိုနာအသင်းအတွက် (၂၇)ပွဲပါဝင်ကစားပေးထားပြီး (၂)ဂိုးသွင်း၊ ဂိုးဖန်တီးမူ (၃)ကြိမ်ပြုလုပ်ထားနိုင်သော ကစားသမားလဲ ဖြစ်ပါတယ်။
ရာသီကုန်မှာအသင်းကထွက်ခွာတော့မယ့် ဘိုင်ယန်လူငယ်
ဘိုင်ယန်မြူးနစ် လူငယ် ကွင်းလယ်ကစားသမား မာဆဲလ်ဗီးနန့် ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးတော့မှာ မဟုတ်ဘဲ အလွတ်နဲ့ ရာသီကုန်မှာ ထွက်ခွာတော့မှာဖြစ်ကြောင်းသတင်းများကဖော်ပြလာပါတယ်။ ယင်းအကယ်ဒမီကစားသမားရဲ့ စာချုပ်ဟာလည်း ယခုရာသီအပြီးမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ သူ့အနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရနိုင်မယ့် အ သင်းတသင်းကိုပြောင်းရွေ့လိုနေပြီး ဘွန်ဒစ်လီဂါ ကလပ်ဖရန့်ဖတ် အသင်းကခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့လည်းသိရပါတယ်။
FA ကစွဲချက်တင်လိုက်တဲ့ယူနိုက်တက်အသင်းပြဿနာ
ဘရိုက်တန်အသင်းနဲ့ကစားခဲ့တဲ့ပွဲစဥ်မှာယူနိုက်တက်အသင်းကစားသမားတွေအနေနဲ့ ဘရိုက်တန်နောက်ခံလူ ဒရန့်ကိုကွင်းလယ်ဒိုင်ကအနီကဒ်မပေးဘဲ အဝါကဒ်ပြားဘဲပြသတဲ့ အပေါ်မှာ ကိုယ်ထိလက်ရောက်ပုံစံမျိုးစောဒကတက်ခဲ့ကြပါတယ်။ ယင်းဖြစ်ရပ်ဟာ ပွဲတပွဲအတွက်သရုပ်ပျက်စေခဲ့မူ၊ ဒိုင်အပေါ်အတင်းဖိအားပေးမူစတာတွေကြောင့် FA ကစွဲချက်တင်ခဲ့တယ်လို့သိရပါတယ်။ ယူနိုက်တက်အသင်းအနေနဲ့ ဖြေရှင်းချက်ပေးရမယ့်ရက်ကိုတော့တနလ်ာနေ့ထိအချိန်ပေးထားပါတယ်။
ဂျက်စပန့်ကို ခေါ်ယူဖို့ အာဆင်နယ်အသင်းပစ်မှတ်ထား
အာဆင်နယ်အသင်းဟာ မစ်ဒယ်ဘရော့ကစားသမား (လက်ရှိနော်တင်ဟမ်မှာအငှားကစားနေတဲ့) စပန့်စ် ကိုနွေရာသီမှာခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ သတင်းထောက်ချားလ်ဝက် ကပြောကြားလာပါတယ်။ “ အာဆင်နယ်ဖက်က ကစားသမားကို သဘောကျနေပါတယ်။ လက်ရှိမှာတော့ နော်တင်ဟမ်မှာ အငှားနဲ့သွားကစားနေပါတယ်။ ဒီနှစ်နွေမှာ အာဆင်နယ်ရဲ့ ခေါ်ယူမှုစာရင်းထဲမှာ သူလဲ ပါဝင်နေပါတယ် “ လို့ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ အဆိုပါနောက်ခံလူဟာ အာဆင်နယ်အသင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲမှာ မာတင်နယ်လီကို အကောင်းဆုံးထိမ်းချုပ်သွားနိုင်ခဲ့သူဖြစ်ပါတယ်။
Leave a Reply