လီယာအိုနဲ့ခပ်စိပ်စိပ်သတင်းထွက်လာတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လီယာအိုကို စိတ်ဝင်စားနေကြောင်း စပိန်သတင်းဌာနတစ်ခုက စတင်ဖော်ပြလိုက်တဲ့နောက်မှာတော့  ကစားသမားအကြောင်းဟာ ချက်ချင်းဆိုသလို အားကစားမီဒီယာတွေမှာ သတင်းခေါင်းစဥ်ဖြစ်သွားခဲ့ပါတယ်။ အခုတော့အီတလီသတင်းတွေမှာပါတွေ့နေရပါပြီ။ The Sun ရဲ့အဆိုအရတော့ နယူးကာဆယ်အသင်းကလဲ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

တကယ်တော့ သူက အာဆင်နယ်  နဲ့သတင်းထွက်မှ လူသိလာတာတော့မဟုတ်။ ထွန်းတောက်လာမယ့်လူငယ်တစ်ယောက်အဖြစ် စီးရီးအေမှာ တောက်လျှောက်ခြေစွမ်းပြနေခဲ့တာဖြစ်ပြီး ဇယားထိပ်ပိုင်းမှာဦးဆောင်နေတဲ့ အေစီမီလန်အတွက်အရေးပါတဲ့ကစားသမားတစ်ယောက်လဲဖြစ်ပါတယ်။  မီလန်နဲ့အတူ ၃ ရာသီမြောက်ကိုဖြတ်သန်းနေတဲ့ ပေါ်တူဂီသားဟာ ဒီရာသီမှာ ၁၀ ဂိုးသွင်းယူပေးထားခဲ့ပြီး အသင်းကိုများစွာအကြိုးပြုထားပါတယ်။ သူနဲ့ မီလန်ကြားက စာချုပ်က ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

သူကဘယ်လိုကစားသမားမျိုးလဲ။ အာဆင်နယ်အသင်းအတွက် အံဝင်နိုင်မယ့်သူမျိုးလား။ ခေါ်ယူစာချုပ်မယ်ဆိုရင်ရောလွယ်ကူနိုင်ပါသလား။

ကစားပုံအရတော့  အာဆင်နယ်လိုအပ်နေတဲ့ပုံစံမျိုးလို့ အကြမ်းဖျင်းပြောလို့ရပါတယ်

အသက် ၂၂ နှစ်အရွယ်ကစားသမားရဲ့အရည်အသွေးဟာ အငြင်းပွားစရာမရှိသလို လက်ရှိကစားနေတဲ့ အသင်းအတွက်လည်း အရေးကြီးတဲ့တိုက်စစ်လက်နက်တစ်ခုပါပဲ။ ဒါပေမယ့်ပြသနာက ကောင်းကွက်နဲ့ဆိုးကွက်တွေ ရောနေတာပါ။ ။ ဘောလုံးကိုင်ပြီးအလိမ်အလှဲ့တွေနဲ့ ကစားလေ့ရှိတာကြောင့် နေရာလွတ်တွေဖန်တီးပေးနိုင်မှာဖြစ်သလို  ပရီးမီးယားလိဂ်ရဲ့  အမြန်နှုန်းမြှင့်ကစားပုံမှာ အံဝင်နိုင်ပါ့မလားဆိုတဲ့အချက်ကတော့ သေသေချာချာသုံးသပ်ရမှာဖြစ်ပါတယ်။

စပို့တင်း CP ရဲ့လူငယ်တစ်ယောက်ဖြစ်ဖူးတဲ့ လီယာအိုနဲ့ပတ်သတ်ပြီး သူ့ကိုလူငယ်ဘဝမှာ နည်းပြပေးဖူးသူ လူးဝစ်စ်မာတင်က အခုလိုပြန်ပြောင်းပြောပြပါတယ်။

သူ့ကိုပထမဆုံးစပြီးသတိထားမိတုန်းကကျွန်တော်နည်းစနစ်ဒါရိုက်တာအဖြစ်လုပ်ကိုင်နေချိန်မှာပေါ့။သူကလူငယ်အသင်းမှာကစားနေချိန်မှာပဲအခြားသော ပလေယာတွေနဲ့ ကွဲပြားမှုကိုမြင်နေရပါတယ်။ကျွန်တော်တို့မှာရိုနယ်ဒိုဖီဂိုတို့လိုကစားသမားတွေကိုမွေးထုတ်ပေးထားတဲ့အတွေ့အကြုံအရလီအိုကိုမြင်တာနဲ့သူ့ရဲ့အလားအလာကိုခန့်မှန်းမိပါတယ်။ဒီကောင်လေးက ပုံစံမတူကွဲပြားတဲ့ကစားသမားတစ်ယောက်ပါ    လို့မှတ်ချက်ပြုခဲ့ဖူးပါတယ်။

ငြင်းမရတာကတော့ အရည်အသွေးမြင့်ကစားသမားတစ်ယောက်​၊ အလားအလာကောင်းတွေ အပြည့်နဲ့လူငယ်တစ်ယောက်ဆိုတာပါပဲ။  လီယာအိုဟာ မီလန်မရောက်ခင်  အာဆင်နယ် နဲ့ရေစက်မကြာခနဆုံတတ်တဲ့ လိုင်လီအသင်းမှာကစားခဲ့ပါသေးတယ်။ လိုင်လီအတွက် တစ်ရာသီထဲမှာ ၈ ဂိုးသွင်း၊  ၂ ကြိမ်ဖန်တီးပေးပြီးတဲ့နောက် လီယာအိုဟာ သန်း ၃၀ နဲ့ စီးရီးအေကိုရောက်ခဲ့တာပါ။ လက်ရှိအေစီအတွက်တောင်ပံမှာရော ၊ နောက်ချန်တိုက်စစ်မှုးအဖြစ်ပါ ကစားနေတာကလဲ အာဆင်နယ်အသင်းကိုဆွဲဆောင်နေတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ကူလူဆက်စကီကို ခေါ်ယူတော့မလိုလိုအသံတွေ အကြီးအကျယ်ထွက်ခဲ့ပြီးမှ  ဘာမှဆက်ဖြစ်မလာတော့တဲ့အပြင် ၊ ဆောင်းရာသီလဲရောက်ရော ကစားသမားက စပါးအသင်းကိုပါအငှားနဲ့ပြောင်းရွေ့သွားတာမျိုးကလဲ လောလောလတ်လတ်ရှိထားတာကြောင့်  လီယာအိုနဲ့သတင်းကလဲ ပရိတ်သတ်တွေအဖို့ သံသယတော့ဖြစ်စရာကောင်းပါတယ်။ ဒါပေမယ့် အာတီတာနဲ့အီဒူးတို့ တကယ်လူခေါ်မယ့် အချိန်ဖြစ်တာကြောင့် ဖြစ်နိုင်ဖွယ် စာရင်းထဲ ထည့်ထားတာတော့ မမှားဘူးလို့ဆိုရပါမယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: