နံနက်ခင်းချဲလ်ဆီး သတင်းမှတ်စု (18Feb)

လက်မောင်းလှဲရာမှာ အနိုင်ရခဲ့တဲ့ မန်ဒီ

ချဲလ်ဆီးအသင်းဖော်နှစ်ဦးဖြစ်ကြတဲ့  ရူဒီဂါနဲ့ မန်ဒီတို့ရဲ့ လက်မောင်းလှဲပြိုင်ပွဲမှာ မန်ဒီက အနိုင်ရရှိသွားခဲ့တယ်လို့သိရပါတယ်။ မန်ဒီက “ သိပ်လွယ်တဲ့ပွဲတစ်ပွဲပါပဲဗျာ .. ဘယ်သူနိုင်လဲတော့မမေးပါနဲ့ .. ကျွန်တော်ပဲ “ လို့ပျော်ပျော်ရွင်ရွင်ပဲပြောသွားခဲ့ပါတယ်။ ရူဒီဂါဟာ စာချုပ်သစ်အတွက်ညှိနှိုင်းလို့မရသေးတာကြောင့်လာမယ့်ရာသီချဲလ်ဆီးမှာဆက်ရှိ ၊ မရှိ မသေချာသေးပါဘူး။

ဂယ်လက်ဂါကို လာမယ့်ရာသီမှာ နေရာပေးဖွယ်ရှိ

တူချယ်ဟာ ဂယ်လက်ဂါရဲ့ခြေစွမ်းကိုအလွန်သဘောကျနေပြီးလာမယ့်ရာသီ ချဲလ်ဆီးအသင်းကွင်းလယ်တစ်နေရာ အတွက် ယှဥ်ပြိုင်နိုင်မယ့်သူအဖြစ်ယူဆနေကြောင်း သတင်းများကဖော်ပြနေကြပါတယ်။  အသက် ၂၂ အရွယ်ကစားသမားလေးဟာ  ခရစ္စတယ်ပဲလေ့စ်နဲ့အတူ ခြေစွမ်းပြသလျှက်ရှိပြီး ဒီရာသီမှာ ၇ ဂိုးသွင်း ၃ ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်သူလည်းဖြစ်ပါတယ်။

ကနေဒီကိုစိတ်ဝင်စားနေတဲ့  ဗလင်စီယာ

စပိန်သတင်းစာ El Desmarque ရဲ့ဖော်ပြချက်အရ ဗလင်စီယာအသင်းဟာ  ချဲလ်ဆီးတောင်ပံလူကနေဒီကိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။  ကနေဒီဟာ အခုဆောင်းရာသီအပြောင်းအရွေ့ကာလမှာ စတန်းဖို့ဒ်ဘရစ်ချ်ကိုပြန်လည်ရောက်ရှိလာတဲ့ကစားသမားဖြစ်ပြီး  ဘန်ချေးဝဲလ်ရဲ့ ဒဏ်ရာအခြေအနေကြောင့် ညာနောက်ခံလူအဖြစ်ကစားဖို့လျာထားခြင်းခံနေရသူဖြစ်ပါတယ်။ လက်ရှိဗလင်စီယာနည်းပြ ဘော်ဒါလက်စ်နဲ့  ကနေဒီတို့ဟာ ဂီတာဖေးအသင်းမှာတုန်းက လက်တွဲဖူးကြသူများဖြစ်ကြပါတယ်။

ရူဒီဂါနဲ့ ချဲလ်ဆီး စာချုပ်သစ်ကိစ္စအဆင်မပြေသေး

Sport Mole ရဲ့ဖော်ပြချက်အရ ရူဒီဂါနဲ့ချဲလ်ဆီးအသင်းတို့ရဲ့စာချုပ်သစ်ညှိုနိုင်းမှုဟာလဲ အဆင်မပြေခဲ့ဘူးလို့သိရပြီး ကစားသမားဟာ အသင်းပြောင်းရွှေ့ဖို့များနေပြီဖြစ်ကြောင်း ရေးသားဖော်ပြလာပါတယ်။  အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ  ပီအက်စ်ဂျီ ၊ ရီးရဲတို့အပါအဝင် ပြည်တွင်းပြိုင်ဖက် မန်ချက်စတာယူနိုက်တက်ရဲ့စိတ်ဝင်စားမှုကိုပါရရှိနေတာဖြစ်ပါတယ်။ ရူဒီဂါအနေနဲ့စာချုပ်သစ်အရ  လစာအများဆုံးနောက်ခံလူတစ်ဦးဖြစ်လိုနေတယ်လို့ သိရပါတယ်။

လူငယ်ကစားသမားနှစ်ယောက်ကို အသင်းကြီးနဲ့လေ့ကျင့်ရေးဆင်းစေခဲ့တဲ့တူချယ်

လူငယ်ကစားသမားနှစ်ယောက်ဖြစ်ကြတဲ့ ဘဲလ် နဲ့  ချာလီဝက်ဘ်စတာကို အသင်းကြီးနဲ့အတူ လေ့ကျင့်ရေးဆင်းစေခဲ့တယ်လို့သိရပါတယ်။  ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့်ပွဲအတွက် မေဆင်မောင့်ဟာ ပါဝင်နိုင်ဖို့မရှိပဲ  ကာတာခရီးစဥ်နဲ့လွဲခဲ့တဲ့ လို့ဖ်တပ်ချိကတော့ အသင်းနဲ့အတူ လေ့ကျင့်ရေးပြန်ဆင်းနေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: