ဆာဂျီရို ရော်ဘတ်တို …. နျူးကမ်းမှသည် အမ်းမရိတ်သို့လော? 

ဒီရက်ပိုင်းထဲမှာ ထွက်လာခဲ့တဲ့ အပြောင်းအရွှေ့ သတင်းတွေကတော့ အများကြီးပါပဲ။ အာဆင်နယ်ကလည်း နွေရာသီမှာ ငွေထုပ်ပိုက်ပြီး တိုက်စစ်မှူးနဲ့ကွင်းလယ်လူရှာပုံတော်ဖွင့်ဖို့ကလည်း သေချာသလောက်ဆိုတော့ ဟိုကစားသမားကိုတော့ ခေါ်တော့မယ်၊ ဒီကစားသမားကိုတော့ စိတ်၀င်စားနေပါတယ်ဆိုတဲ့ ကောလဟာလသတင်းတွေက ပွက်လောရိုက်နေတာက မထူးဆန်းပါဘူး။ 

စပိန်ကလာတဲ့ သတင်းတွေအရ ဘာစီလိုနာကွင်းလယ်လူ ဆာဂျီယိုရောဘတ်တိုကို ခေါ်ယူဖို့ အာဆင်နယ်က စိတ်၀င်စားနေတယ်လို့ သိရပါတယ်။ နွေရာသီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ရောဘတ်တိုဟာ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းမတိုးတော့ဘူးဆိုတဲ့ သတင်းတွေထွက်နေတာကြောင့် လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အ‌ရေးရှိနေတာဖြစ်ပါတယ်။ 

အသက်၂၉နှစ်အရွယ် စပိန်ကွင်းလယ်လူကို‌ ခေါ်ယူဖို့အသင်းအများအပြားက စိတ်၀င်စားနေကြပြီး ဒီထဲမှာ ရော်ဘတ်တိုကို စိတ်အ၀င်စားဆုံးအသင်းက အာဆင်နယ်ဖြစ်တယ်လို့ စပိန်သတင်းတွေမှာ ရေးသားဖော်ပြနေကြပါတယ်။ ဘာစီလိုနာအတွက်ပွဲ‌၃၀၀ ကျော်ကစားထားတဲ့ ရော်ဘတ်တိုဟာ လက်ရှိအချိန်အထိ ကစားသမားဘ၀တစ်လျှောက် ဘာစီလိုနာအသင်းအတွက်သာ ကစားခဲ့တာဖြစ်ပြီး ၂၀၁၀-၁၁မှာ နူးကမ့်ကိုစတင်အခြေချခဲ့တာ ဖြစ်ပါတယ်။ လက်ရှိရာသီမှာတော့ ဒဏ်ရာပြဿနာတွေနဲ့အတူ ရော်ဘတ်တိုဟာ ရုန်းကန်နေရပြီး လာလီဂါ ၁၁ပွဲကစားကာ ၂ဂိုးသွင်း၊ တစ်ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ 

ရော်ဘတ်တိုဟာ ကွင်းလယ်မှာသာမက ညာခြမ်းခံစစ်မှာလည်း ကစားနိုင်သူဖြစ်ပါတယ်။ လာမယ့်နွေရာသီမှာ အသင်းရဲ့ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ရှာခါကလည် မော်ရင်ဟိုရဲ့ရိုးမားအသင်းနဲ့ သတင်းကျယ်ကျယ်လောင်လောင်ထွက်နေတာကြောင့် အာတီတာအနေနဲ့ ဆွစ်ဇာလန်သားကြီးကို ဆုံးရှုံးခဲ့ရမယ်ဆိုရင် ကွင်းလယ်အထိုင်အတွက် ကစားသမားတစ်ဦးကို မဖြစ်မနေ ရှာဖွေဖို့ လိုအပ်နေပါတယ်။ 

ဘာစီလိုနာအသင်းကတော့ ရော်ဘတ်တိုနဲ့စာချုပ်သစ်ဆွေးနွေးမှု အဆင်မပြေတဲ့အတွက် ချဲလ်ဆီးအသင်းရဲ့နောက်ခံလူ အက်ဇ်ပလီကျူတာကိုခေါ်ယူမယ်ဆိုတဲ့ သတင်းတွေလည်းထွက်ထားပါတယ်။ အာဆင်နယ်အနေနဲ့ ရော်ဘတ်တိုကို ခေါ်ယူဖို့အတွက် အဓိက ယှဉ်ပြိုင်ရနိုင်ချေရှိတဲ့ အသင်းက ရော်ဘတ်တိုရဲ့ ဆရာဟောင်း ဂွာဒီယိုလာရှိတဲ့ မန်စီးတီးကိုပဲ ဖြစ်ပါတယ်။မန်စီးတီးသာ ရော်ဘတ်တိုကို ခေါ်ယူဖို့ ကြိုးစားလာရင်တော့ အာဆင်နယ်အတွက် မလွယ်ကူဖို့ ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: