နံနက်ခင်းချဲလ်ဆီးသတင်းမှတ်စု (17Feb)

ဘရိုဂျာကို  ဂျာမန်ကလပ်တွေကလည်း စိတ်ဝင်စားလာကြ

ဂျာမန်ထိပ်သီးအသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့ဟာ  အာမန်ဒိုဘရိုဂျာကိုစောင့်ကြည့်နေကြတယ်လို့ The Sun သတင်းစာကဖော်ပြလာပါတယ်။  ဘရိုဂျာနဲ့ပတ်သတ်တဲ့သတင်းတွေဟာ အခုရက်ပိုင်းမှာဆက်တိုက်ထွက်လာနေပြီး လက်ရှိအငှားနဲ့ကစားနေတဲ့စိန့်အသင်းပါအဝင်   အသင်းကြီးများစွာကစောင့်ကြည့်နေကြပြီဖြစ်ပါတယ်။ ကစားသမားကလည်း  ခြေမှန်နေတဲ့အပြင် နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာလည်းအကောင်းဆုံးစွမ်းဆောင်ထားနိုင်ပါတယ်။

အသင်းဟောင်းနဲ့လက်ရှိအသင်းကွာခြားကြောင်း ဆာရီပြောဆို

ချဲလ်ဆီးနည်းပြဟောင်းဆာရီကလက်ရှိသူနည်းပြနေတဲ့လာဇီယိုနဲ့ အသင်းဟောင်းအကြားကွာခြားမှုတွေကို ထုတ်ပြောလာကြောင်း Football Italia ကဖော်ပြလာပါတယ်။  ဆာရီက  ချဲလ်ဆီးလိုမျိုး ဥရောပအဆင့်အတွက် ပြင်ဆင်ထားနိုင်တဲ့အခြေအနေ လာဇီယိုမှာမရှိကြောင်း ၊ လက်ရှိကစားသမားအင်အားလောက်နဲ့အဆင်မပြေကြောင်း ၊ ကစားသမားတွေရဲ့ တိုက်ပွဲဝင်စိတ်ကိုရယူဖို့ကလဲခက်ခဲကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။  ဆာရီဟာ အသင်းက ကစားသမားတွေရဲ့ အနေအထားကိုလဲ တော်တော်လေးဒေါသထွက်နေကြောင်းအဆိုပါသတင်းမှာဖော်ပြသွားပါတယ်။

လိုတပ်ဖ်ချိ လေ့ကျင့်ရေးပြန်ဆင်းပြီ

ပြီးခဲ့တဲ့ ၂ ပတ်လောက်မှာ ဖနောင့်ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ လိုဖ်တပ်ချိတစ်ယောက် အသင်းနဲ့အတူတူလေ့ကျင့်ရေးပြန်ဆင်းနေပြီဖြစ်ကြောင်း Football London ကဖော်ပြလာပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ မြင်တွေ့ခဲ့ရခြင်းမရှိပဲ  ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအတွက်ပြင်ဆင်နေကြချိန်မှာတော့ အသင်းနဲ့အတူပြန်လည်ပါဝင်လာတာဖြစ်ပါတယ်။

ရာဖင်ဟာကို ကြိုးစားမယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ လိဒ်ယူနိုက်တက်ကစားသမားရာဖင်ဟာကို ခေါ်ယူဖို့အသင့်ရှိနေပြီဖြစ်ကြောင်း Football London ကဖော်ပြသွားခဲ့ပါတယ်။ အဆိုပါကစားသမားဟာ ရာသီကုန်မှာ လက်ရှိအသင်းနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်တယ်လို့လည်းသိရပါတယ်။  အသက် ၂၅ နှစ်အရွယ်တောင်ပံလူကို ချဲလ်ဆီးအသင်းက စောင့်ကြည့်နေခဲ့တာ ၂ ရာသီလောက်ရှိပြီလို့လည်း အဆိုပါသတင်းမှာဖော်ပြထားပါတယ်။

CWC ဖလားရပေမယ့် ဘောနပ်စ်မရခဲ့ကြတဲ့ အသင်းသားများ

ချဲလ်ဆီးအသင်းသားတွေဟာ CWC ဖလားရရှိခဲ့ခြင်းအတွက်အပိုဆုကြေးတွေမရရှိခဲ့ကြဘူးလို့ Mail ကဖော်ပြသွားပါတယ်။  ကစားသမားတွေဟာ ရာသီမစခင် ခံစားခွင့်အတွက် ညှိနှိုင်းခဲ့ကြစဥ်က ပရီးမီးယားလိဂ်ဖလား ၊ ချန်ပီယံလိဂ်ဖလား စသည်ဖြင့် ဆုကြေးခံစားခွင့်တွေကိုထည့်သွင်းခဲ့ကြပေမယ့်  CWC နဲ့ ဥရောပစူပါဖလားလိုမျိုး ပြိုင်ပွဲတွေအတွက်တော့တောင်းဆိုခဲ့ခြင်းမရှိတာကြောင့်အသင်းဖက်က အသားတင်အမြတ်ထွက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: