နောက်ဆုံးရဘောလုံးသတင်းများ (16Feb)

အီတလီစီးရီးအေမှာနည်းပြဖို့ စိတ်ပျက်လျှက်ရှိနေတဲ့ ပီယာလို

ဂျူဗင်တပ်ကစားသမားဟောင်းတဖြစ်လဲနည်းပြဟောင်း ပီယာလိုဟာ လက်ရှိမှာအသင်းလက်မဲ့အ ဖြစ်ရှိနေသေးပြီး အခုလောလောဆယ်မှာ သင့်တော်တဲ့ကမ်းလှမ်းမူမရသေးတာကြောင်း နည်းပြလောကကိုပြန်ဝင်လာဖို့နှောင့်နည်းနေတာလို့သိရပါတယ်။

ပီယာလိုကိုနည်းပြသစ်အဖြစ် စီးရီးအေကလပ် ဆာလန်နီတနာအသင်းကကမ်းလှမ်းခဲ့တယ်လို့သိရပါ တယ်။ ဒါပေမယ့် ပီယာလိုကိုယ်တိုင်က ဥရောပအ သင်းကြီးတသင်းမှာနည်းပြလုပ်လိုတာကတကြောင်း၊ စီးရီးအေမှာပြန်ပြီးအခြေချဖို့သူ့အနေနဲ့ စိတ်ပျက်နေတာကတကြောင်း ယင်းကမ်းလှမ်းမူကို ချက်ချင်းပယ်ချခဲ့တယ်လို့သိရပါတယ်။ ယင်းအသင်းကလဲ နည်းပြပီယာလိုကိုခေါ်ယူဖို့မဖြစ်နိုင်တဲ့အဆုံးမှာ တိုရီနိုနည်းပြဟောင်း နီကိုလာကို ခေါ်ယူခဲ့တယ်လို့သိရပါတယ်။ ယခုလက်ရှိမှာ ဆာလန်နီတနာအသင်းက စီးရီးအေရဲ့ဇယားအောက်ဆုံးမှာရောက်ရှိနေတဲ့အသင်းတသင်းလဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ချန်ပီယံလိဂ်စံချိန်သစ်များ

မန်စီးတီးအသင်းဟာ စပို့တင်းအသင်းကို အဝေးကွင်းမှာဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းမှာ သွင်းဂိုး (၂၀၀)ပြည့်တဲ့ (၁၄) သင်းမြောက်ကလပ်အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါ တယ်။ ယင်းသွင်းဂိုး(၂၀၀)ရရှိဖို့အတွက် မန်စီးတီးအသင်းဟာ ပွဲပေါင်း(၉၇)ပွဲဖြင့် အနည်းဆုံးကစားကစားထားတဲ့အသင်းတွေထဲကတသင်းအဖြစ်လဲ မှတ်တမ်းဝင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ရှုံးထွက်အဆင့်ပွဲစဥ် ပထမပိုင်းမှာ (၄)ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးအသင်းဖြစ်လဲ မှတ်တမ်းဝင်ခဲ့ပါတယ်။

လီယာအိုကို စိတ်ဝင်စားနေကြတဲ့ အာဆင်နယ်နဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းနဲ့ အာဆင်နယ်တို့ရဲ့ နွေရာသီ ပစ်မှတ်ထဲမှာ အေစီမီလန်အသင်းရဲ့ အသက် ၂၃နှစ်အရွယ် ကစားသမားလီယာအိုလဲပါဝင်နေတယ်လို့ The Sun သတင်းဌာနကဖော်ပြလာပါတယ်။ အီတလီမရောက်ခင်တုန်းက ပြင်သစ်ကလပ် လိုင်လီမှာလည်း ကစားဖူးတဲ့လက်ရှိစီးရီအေ တောင်ပံလူဟာ အေစီအတွက် ပွဲ ၁၀၀ ကစားပေးထားပြီး ၂၃ ဂိုးထိသွင်းယူပေးထားနိုင်တဲ့မှတ်တမ်းကိုရရှိထားပါတယ်။ ဒီရာသီမှာ ၁၀ ဂိုးအထိစွမ်းဆောင်ပေးထားနိုင်တဲ့ လီယာအိုဟာ အေစီအတွက်အဓိက ကျတဲ့ကစားသမားဖြစ်ပြီး ၊ တောင်ပံမှာသာမက နောက်ချန်တိုက်စစ်မှုးအဖြစ်လဲကစားနိုင်သူဖြစ်ပါတယ်။

အနိုင်ဂိုးရှင် အမ်ဘာပေ ကို ချီးကျူးသွားခဲ့တဲ့ ဂိုးသမား ဒွန်ဒရာမား

မနေ့က ရီးရဲလ်မက်ဒရက်အသင်းဖက်ကိုအနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အမ်ဘာပေနဲ့ပတ်သက်ပြီး ဂိုးသမားဒွန်ဒမ်ရာမားက အခုလိုပဲ ချီးကျူးစကားဆိုခဲ့ပါတယ်။

“ အမ်ဘာပေက ALIEN (ဂြိုလ်သား) တယောက်ပါ။ သူ့မှာ အားလုံးအတွက်မယုံကြည်နိုင်စရာကောင်း တဲ့ စွမ်းဆောင်ရည်ကိုပိုင်ဆိုင်ထားပါတယ်။ ကွင်းထဲမှာရော ကွင်းပြင်ပမှာပါ ပရိုပီသတဲ့ကစားသမား တယောက်ဆိုလဲမမှားပါဘူး။သူက PSG မှာဆက် နေ ချင်သလား၊မကစားဘူးလားဆိုတာသူရဲ့ဆုံး ဖြတ် ချက်အပေါ်မှာဘဲ မူတည်ပါတယ်။ ကျနော်တို့ အတွက်ကတော့ အခုချိန်မှာရော၊ နောက်အနာဂတ်မှာ ရော ကီလီယန်ကအကောင်းဆုံးကစားသမား ဖြစ်နေမှာပါ “  လို့ဆိုခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: