အသင်းဟောင်းနဲ့ပွဲလွဲမယ့် ကစားသမား
ပီအက်စ်ဂျီကစားသမား ရာမို့စ်ဟာ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်နဲ့ ယှဥ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ရှံးထွက်ပွဲစဥ်ကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာကနေပြန်လည်သက်သက်လာပြီလို့ ထင်ရသော်လည်း လက်တွေ့အခြေအနေမှာ ပွဲကစားရန် မဖြစ်နိုင်သေးကြောင်း အသင်းကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ရာမို့စ်ဟာ ပီအက်စ်ဂျီ အသင်းအတွက် (၅)ပွဲမှာ (၃)ပွဲပွဲထွက်ကစားထားပြီး သွင်းဂိုး(၁)ဂိုးရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။
ဒဏ်ကြေးတွေထိခဲ့ကြတဲ့ ဘရာဇိးနဲ့ အာဂျင်တီးနား
ကိုဗစ်စည်းမျဥ်းချိုးဖောက်ခဲ့လို့ ရပ်နားလိုက်ရတဲ့ အာဂျင်တီးနား နဲ့ ဘရာဇီး အသင်းရဲ့ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ဖီဖာက ပြန်လည်ကျင်းပရန်ထုတ်ပြန် လိုက်ပါတယ်။ ဒဏ်ကြေးအဖြစ် ဘရာဇီးအသင်းကို ယူရို(၄)သန်း နှင့် ဧည့်သည် အာဂျင်တီးနားအသင်းကို ယူရို(၁)သန်း ဝန်းကျင်ခန့်ပြစ်ဒဏ်ချလိုက်တယ်လို့လဲ တရားဝင်ထုတ်ပြန်လာပါတယ်။
ခြေထောက်ကျိုးသွားခဲ့တဲ့ နယူးကာဆယ်အသင်းရဲ ညာနောက်ခံလူ ထရစ်ပီယာ
နယူးကာဆယ်လ် နောက်ခံလူ ထရစ်ပီယာဟာ တနင်္ဂနွေနေ့က အက်စတွန်ဗီလာကို အနိုင်ရရှိခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခြေထောက် ကျိုးသွားခဲ့ ကြောင်းသိရပါတယ်။
အသက် ၃၁ နှစ်အရွယ် ထရစ်ပီယာ ဟာ အဲဗာတန်နှင့် ဗီလာအသင်းတို့ကို အနိုင်ရခဲ့သောပွဲများတွင် ဖရီးကစ်ဂိုးများသွင်းယူထားနိုင်ပြီး အက်သလက်တီအသင်းမှ ပြောင်းရွှေ့လာချိန်မှစ၍ နယူးကာဆယ်အသင်းမှာအကောင်းဆုံးစွမ်းဆောင်ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်းတွင်ထရစ်ပီယာပါဝင်ကစား ခဲ့သည့်လိဂ်ပွဲလေးပွဲမှ ၁၀ မှတ်အထိရရှိထားပြီး တန်းဆင်းဇုန်အသင်းများနှင့် (၄)မှတ်ထိဖြတ်ထားနိုင်ပါတယ်။
ပိုချက်တီနိုနေရာကို ဇီဒန်းရောက်လာဖွယ်ရှိ
ရီးရဲနည်းပြဟောင်း ဇီဒန်းဟာ ပီအက်စ်ဂျီ နည်းပြရာထူးအတွက် ထင်ကြေးပေးခံနေရပြီး လက်ရှိမန်နေဂျာ ပိုချက်တီနို ဟာ အနှေးနဲ့အမြန် အသင်းကနေထွက်ခွာဖို့ ရှိနေတယ်လို့ သတင်းများ ကဖော်ပြနေပါတယ်။ ပိုချက်တီနိုကလည်း မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ စီစဉ်နေကြောင်းလဲသိရပါတယ်။ နည်းပြပိုချက်တီနို အထုတ်ခံရရင်ပဲ ဖြစ်ဖြစ် မန်ချက်စတာယူနိုက်တက်အသင်းက တရားဝင်ကမ်းလှမ်းလာတာပဲဖြစ်ဖြစ် နည်းပြဇီဒန်းမှာ ပီအက်စ်ဂျီ အသင်းအတွက် နံပါတ်(၁)ပစ်မှတ်ဖြစ်ကြောင်း သတင်းများကရေးသား နေကြပါတယ်။ El Nacional ရဲ့ ဖော်ပြချက်အရတော့ မက်ဆီဟာ ပိုချက်တီနို ရဲ့နေရာမှာ ဇီဒန်းကိုအစားထိုး ခန့်အပ်ဖို့ သဘောမတူကြောင်းကိုလည်း ဖော်ပြခဲ့ပါတယ်။
နောက်ရာသီ တစ်သင်းထဲမှာ မြင်တွေ့ရဖို့ရှိနေတဲ့ မက်ဆီနဲ့ ရိုနယ်ဒို
ပီအက်စ်ဂျီဟာ ရာသီကုန်မှာ ရီးယဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေသော ပြင်သစ်တိုက်စစ်မှူးအမ်ဘတ်ပီကိုပြောင်းရွေ့ကြေး အလွတ်ဖြင့် ဆုံးရှုံးရတော့မှာဖြစ်ပါတယ်။ ဒီအတွက်ယူနိုက်တက်ရဲ့ ရော်နယ်ဒိုကို ယင်းကစားသမားရဲ့ နေရာတွင် အစားထိုးရန် ပစ်မှတ်ထားလာနိုင်ပါတယ်။ ရော်နယ်ဒိုဟာ ၎င်း၏ အေးဂျင့် ဂျော့ဂ်ျမန်ဒက်စ်အား အသင်းအသစ် ရှာဖွေရန် တောင်းဆိုခဲ့ကြောင်း သတင်းများက ဖော်ပြနေကြပါယ် ။ ပီအက်စ်ဂျီအသင်းဟာ ရိုနယ်ဒိုရဲ့ လုပ်ခလစာကို ပေးချေနိုင်မယ့် တခုတည်းသောအသင်းဖြစ်ကြောင်းသိရပါတယ်။
ယူနိုက်တက်အသင်းခေါ်ယူသင့်တဲ့ ကစားသမားအတွဲကိုထုတ်ဖော်ပြောလာတဲ့ ကီဗင်ကမ်းဘဲလ်
ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်တဲ့ အဲဗာတန်၊ အာဆင်နယ် တို့မှာကစားခဲ့တဲ့ အသက် (၅၂) နှစ်အရွယ် တိုက်စစ်မှူးဟောင်း ကမ်းဘဲလ် က မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့်ကွင်းလယ် ကစားသမားသစ်ခေါ်ယူ အားဖြည့်မည်ဆိုပါက အင်္ဂလန်လက်ရွေးစင်အသင်းဖော်နှစ်ဦးဖြစ်တဲ့ ဒီကလန်ရိုက်စ် နှင့် ကီဗင်ဖီလစ် ကိုခေါ်ယူအားဖြည့်သင့်ကြောင်းအကြုံပြုစကားဆိုခဲ့ပါတယ်။ ကွင်းလယ်လူအားဖြည့်ရေးဟာ ယူနိုက်တက်အတွက် ဦးစားပေးကိစ္စရပ်တစ်ခုဖြစ်သော်လည်း တိုက်စစ်မှုးများကိုသာ အသားပေးခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။
Leave a Reply