နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (15Feb)

ဆာအူးလ်ကို လက်လွှတ်မယ့် ချဲလ်ဆီး

စပိန်သတင်းစာ Sport ရဲ့အဆိုအရ  ချဲလ်ဆီးအသင်းဟာ  အက်သလက်တီကိုကနေ အငှားနဲ့ခေါ်ယူထားတဲ့ ဆာအူးလ်ကို  အပြီးသတ်ခေါ်ယူတော့မှာ မဟုတ်ဘူးလို့သိရပါတယ်။  စပိန်သားဟာ အသင်းကို မျှော်လင့်ချက်ကြီးကြီးနဲ့ရောက်ရှိလာခဲ့ပေမယ့် အခုအချိန်ထိ ပွဲပေါင်း ၁၆ ပွဲမှာ ၇၆၀ မိနစ်သာပါဝင်ကစားထားနိုင်သလို ခြေစွမ်းလဲ မပြနိုင်သေးတာဖြစ်ပါတယ်။  အကယ်၍ ဆာအူးလ်ကို အပြီးသတ်ခေါ်ယူမယ်ဆိုပါက ပေါင်သန်း ၄၀ နဲ့ ၅၀ ကြားမှာရှိမှာဖြစ်ပါတယ်။

လန်ဒန်ပြန်မရောက်ကြသေးတဲ့ အပြာရောင်များ

CWC မှာ အနိုင်ရရှိပြီးနောက် ချဲလ်ဆီးကစားသမားအချို့ဟာ လန်ဒန်ကိုမပြန်သေးပဲမိမိအစီအစဥ်နဲ့ မိမိ အချိန်ကုန်ဆုံးခဲ့ကြကြောင်း The Chelsea Chronicle က ဖော်ပြလာခဲ့ပါတယ်။  ဂိုးသမားမန်ဒီနဲ့ ဝါရင့်နောက်ခံလူ သီယာဂိုဆေးဗားလ်တို့ဟာ သူတို့မိသားစုများနဲ့အတူ အဘူဒါဘီမှာပဲဆက်ရှိနေခဲ့ကြပြီး   တောင်ပံလူ ဟာကင်ဇီယက်ချ်ကတော့ အသင်းဟောင်း အေဂျက်စ်ဆီကို ပြန်လည် အလည်သွားရောက်နေခဲ့တာဖြစ်ပါတယ်။

ခန့်မှန်းရခက်နေသေးတဲ့ ဘရိုဂျာရဲ့ အနာဂတ်

Express UK ရဲ့ဖော်ပြချက်အရ  အာဆင်နယ်အသင်းအပါအဝင် အသင်းအချို့ရဲ့စိတ်ဝင်စားမှုကိုရရှိနေတဲ့  လူငယ်တိုက်စစ်မှုးဘရိုဂျာဟာ ဖြစ်နိုင်ချေအားလုံးကိုလမ်းဖွင့်ထားတယ်လို့  သိရပါတယ်။ အဆိုပါတိုက်စစ်မှုးလေးဟာ လတ်တလောမှာ ကွင်းတွင်းကိစ္စရပ်များကိုသာ အာရုံစိုက်လျှက်ရှိပြီး  ရာသီကုန်မှသာ ဆက်လက်လုပ်ဆောင်စရာတွေအတွက်စဥ်စားမှာဖြစ်တယ်လို့ဆိုပါတယ်။

ချန်ပီယံလိဂ်မှာရေပန်းမစားတဲ့ ချဲလ်ဆီး

 ချန်ပီယံလိဂ် ဗိုလ်စွဲနိုင်ခြေအတွက် Bookie တွေရဲ့ ခန့်မှန်းချက်မှာ  လက်ရှိချန်ပီယံချဲလ်ဆီးအသင်းဟာ နံပါတ် ၅ နေရာမှာသာရှိနေခဲ့ကြောင်း  သိရပါတယ်။  အေဂျက်စ်အသင်းကတော့ ချဲလ်ဆီးထက်ပိုအလေးပေးခံနေရပြီး  ၁၃% နဲ့  အဆင့်  ၄ နေရာမှာရှိနေခဲ့ပါတယ်။  ဗိုလ်စွဲနိုင်ချေအများဆုံးအသင်းတွေကတော့  မန်စီးတီး  ၂၅% ၊  ဘိုင်ယန် ၂၀%    ၊ လီဗာပူး ၁၄ %  ၊ အေဂျက် ၁၃% နဲ့  ချဲလ်ဆီး  ၁၀ % တို့ဖြစ်ပြီး  ရီးရဲမက်ဒရစ် ၊ ပီအက်စ်ဂျီ ၊ အက်သလက်တီကိုမက်ဒရစ် ၊ ဗီလာရီးရဲ နဲ့ အင်တာမီလန်တို့က အသီးသီးနောက်မှာရှိနေကြပါတယ်။

မန်စီးတီးကို ချီးကျူးသွားတဲ့ ရူဒီဂါ

ချဲလ်ဆီးအသင်းနောက်ခံလူ ရူဒီဂါက  မန်စီးတီးအသင်းပြသနေတဲ့အဆင့်အတန်းဟာ အလွန်မြင့်မားကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

“  ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ တကယ့်ကို ခက်ခဲလွန်းလှပါတယ်။ ဒါကလည်း မန်စီးတီးအသင်းရဲ့ အံ့အားသင့်စရာစွမ်းဆောင်ရည်တွေကြောင့်လည်းဖြစ်ပါတယ်။   မန်စီးတီးအသင်းကစားပြနေတဲ့အဆင့်အတန်းဟာ သိပ်ကိုမြင့်မားပြီး ၊ ဘယ်လိုကစားသည်ဖြစ်စေ ပွဲပြီးရင်နိုင်ပွဲတစ်ပွဲက အသင့်ရှိနေတာမျိုးဖြစ်ပါတယ်။ သူ့တို့ကို အနိုင်ရဖို့ဆိုတာ အချိန်ပြည့်နိုင်နေမှပဲရပါလိမ့်မယ်  “ လို့ ပြောဆိုသွားခဲ့တာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: