အလွန်အကျူးအောင်ပွဲခံလို့ ဝေဖန်ခံရတဲ့ချဲလ်ဆီး
ချဲလ်ဆီးကစားသမားဟောင်းလဲဖြစ် ESPN ရဲ့တင်ဆက်သူလည်းဖြစ်တဲ့ ခရေ့ဂျ်ဘာလေက Club World Cup ရရှိတဲ့အပေါ်ချဲလ်ဆီးကစားသမားတွေရဲ့အောင်ပွဲခံမှုကို ဝေဖန်သွားခဲ့ပါတယ်။
“ သူတို့ကြည့်ရတာ ကမ္ဘာ့ဖလားရတာကျနေတာပဲဗျာ .. တကယ့်ပြသနာက မန်စီးတီးနောက်မှာ ၁၆ မှတ်ပြတ်နေတယ် .. ဒါကမှတကယ့်ကိစ္စဗျ .. ကျွန်တော်သာဆို ဒီဖလားလောက်ရဖို့အတွက် သန်း ၁၀၀ တန်တိုက်စစ်မှုးဝယ်မနေပါဘူးဗျာ “ ဆိုပြီးအသင်းဟောင်းကိုဝေဖန်သွားခဲ့တာဖြစ်ပါတယ်။
အန်ကန်ကူကို စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး
စပိန်သတင်းစာ Fichajes ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ လိုက်ဇစ်တိုက်စစ်မှုး အန်ကန်ကူကိုစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသင်းရဲ့အင်အားနဲနေတဲ့တိုက်စစ်ကို အင်အားဖြည့်ဖို့အတွက် ကစားသမားရှာဖွေနေတဲ့တူချယ်ဟာ ၂၄ နှစ်သားကိုအကြိုက်တွေ့နေတာဖြစ်ပြီး ၊ ကစားသမားကလည်း တိုက်စစ်မှာနေရာစုံကစားနိုင်သူဖြစ်ပါတယ်။ အန်ကန်ကူဟာ ဒီရာသီမှာ ၃၁ ပွဲကစားပြီး ၃၅ ဂိုးထိသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။
ဘရိုဂျာကိုပစ်မှတ်ထားလာတဲ့ အာဆင်နယ်
စိန့်အသင်းမှာ အငှားသွားရောက်ကစားနေတဲ့ ချဲလ်ဆီးတိုက်စစ်မှုးအာမန်ဒိုဘရိုဂျာကို အာဆင်နယ်အသင်းက သူတို့ရဲ့ နွေရာသီတိုက်စစ်ပစ်မှတ်ထဲမှာ ထည့်သွင်းထားတယ်လို့ Football London ကဖော်ပြလာပါတယ်။ ဘရိုဂျာကို လိုချင်နေတဲ့အသင်းတွေအများကြီးရှိနေပြီဖြစ်ကြောင်းလဲသတင်းများကရေးသားနေကြပါတယ်။
ပြီးခဲ့တဲ့လ သတင်းစာရှင်းလင်းပွဲတွေမှာတော့ တူချယ်က ဘရိုဂျာဟာတိုးတက်လာနေကြောင်း ၊ လက်ရှိအချိန်ဟာ နွေရာသီအတွက်ဆွေးနွေးရမယ့်အချိန်မဟုတ်သေးကြောင်းတုန့်ပြန်ပြောဆိုဖူးပါတယ်။
အသင်းမပြောင်းဖြစ်တာမှန်တယ်လို့ ပြောလာတဲ့ အိုဒွိုင်း
လူငယ်တောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းက ချဲလ်ဆီးအသင်းမှာ ကစားရတာပျော်ရွင်ကြောင်းနဲ့ နွေရာသီတုန်းက အသင်းမပြောင်းဖြစ်တာမှန်ကန်ခဲ့ကြောင်းကို အခုလိုပြောဆိုသွားခဲ့ပါတယ်။
“ နွေရာသီတုန်းကသာ အသင်းကနေထွက်သွားခဲ့ရင် အခုလိုမျိုး ကစားဖို့တွေ ၊ ဖလားတွေရနေဖို့တွေမှန်းလို့ရမှာမဟုတ်ပါဘူး.. ကျွန်တော် တော်တော်လေးပျော်ရွင်နေပါတယ် .. ဒီမှာဆက်နေဖြစ်ခဲ့လို့ အခုလိုအခွင့်အရေးတွေရနေတာပါ “ ဆိုပြီးပြောဆိုသွားခဲ့တာပါ။
တူချယ်ကို ငွေထုတ်ပေးမယ့် ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ ဆောင်းရာသီမှာ လူခေါ်ဖို့အတင်းမတိုက်တွန်းခဲ့တဲ့အတွက် တူချယ်ကိုသဘောကျနေပြီး လာမယ့်နွေမှာ လိုအပ်တဲ့ပံ့ပိုးမှုတွေပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ The Telegraph က ဖော်ပြသွားပါတယ်။ တူချယ်အတွက်အလိုအပ်ဆုံးက နောက်ခံ နဲ့ကွင်းလယ်လူဖြစ်နေပြီး လက်ရှိအချိန်မှာ ကွန်ဒီ ၊ ရိုက်စ်နဲ့ ချူမန်နီကတို့ကို လျာထားတယ်လို့သိရပါတယ်။
Leave a Reply