ယူနိုက်တက်အသင်းဘာမှားနေလဲ

ပြီးခဲ့တဲ့အပတ်က မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ရက်ဂ်ရင်းနစ်က ရော်နယ်ဒိုအနေနဲ့ ဒီထက် ဂိုးတွေ ပိုသွင်းခဲ့သင့်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပြီး အသင်းရဲ့ အ၀တ်လဲခန်းအတွင်း မတည်ငြိမ်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းကိုတော့ ငြင်းဆန်ခဲ့ပါတယ်။  ဒါတွေက ဆောက်သမ်တန်နဲ့ပွဲမတိုင်ခင်ကဖြစ်ပါတယ်။ နောက်ဆုံးပွဲမှာသာအနိုင်ရခဲ့ရင်တော့ သူပြောတာကိုလက်ခံမယ့်သူများပါတယ်။ ဒါပေမယ့် အခုတော့မေးခွန်းဆက်ထုတ်မယ့်သူတွေတန်းစီနေပါပြီ။

ရော်နယ်ဒိုဟာ မန်ယူအတွက် ၂၆ ပွဲကစား၊ ၁၄ဂိုးသွင်းယူထားပြီး မန်ယူမှာ ရှိတဲ့ ဘယ်ကစားသမားထက်မဆို ဂိုးပိုသွင်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် စိန့်နဲ့ပွဲမတိုင်ခင် သတင်းစားရှင်းလင်းပွဲမှာတော့ ရော်နယ်ဒိုရဲ့ လက်ရှိသွင်းဂိုးအရေအတွက်ဟာ မလုံလောက်သေးဘူးလို့ ရင်းနစ်က ဆိုခဲ့ပါတယ်။ 

ရော်နယ်ဒိုဟာ မန်ယူအတွက် နောက်ဆုံး ခြောက်ပွဲဆက် ဂိုးမသွင်းယူထားနိုင်ခဲ့ပါဘူး။ ဒါဟာ သူ့ရဲ့ ကစားသမားဘ၀မှာ ၂၀၁၀နောက်ပိုင်း အရှည်ကြာဆုံး ဂိုးပေါက်ပျောက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဘန်လေကို သရေကျခဲ့တဲ့ ပွဲစဉ်မှာ ရော်နယ်ဒိုဟာ အရန်ခုံထိုင်ခဲ့ရပြီး ဒုတိယပိုင်းမှာ လူစား၀င်ကစားခွင့်ရခဲ့‌ ပေမယ့် လိုအပ်နေတဲ့ အနိုင်ရလဒ်ကိုတော့ မဆောင်ကျဥ်းနိုင်ခဲ့ပါဘူး။ ရင်းနစ်ခ်က အသင်းရဲ့ သွင်းဂိုးရှားပါးမှုနဲ့ ပတ်သက်ပြီး ရော်နယ်ဒိုတစ်ယောက်တည်းကိုသာ ဝေဖန်ခဲ့တာ မဟုတ်ပဲ အခြား အသင်းသားတွေကိုပါ သတိပေးခဲ့တာ ဖြစ်ပါတယ်။ 

ရော်နယ်ဒိုတစ်ယောက်တည်းကို ကျွန်တော် ပြောချင်တာတော့ မဟုတ်ပါဘူး။ သူ့အနေနဲ့ ဂိုးတွေ ပိုသွင်းခဲ့သင့်ပါတယ်။ဒါ အသိသာကြီးပါပဲ။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းဟာ လုံလောက်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။ ဒါက ရော်နယ်ဒိုတစ်ယောက်တည်းရဲ့ ကိစ္စမဟုတ်ပါဘူး။အခြားကစားသမားတွေနဲ့လည်း သက်ဆိုင်ပါတယ်၊ အထူးသဖြင့် တိုက်စစ်သမားတွေနဲ့ပေါ့” 

ငါတို့တွေ အခွင့်အရေးတွေ ဘယ်လောက်တောင် ဖန်တီးနိုင်ခဲ့လဲဆိုတာ တွေးမိရင် နောက်လာမယ့် အပတ်တွေမှာ ဘယ်လောက်ထိ ဂိုးသွင်းမယ်ဆိုတာလည်း စိတ်ထဲ ပုံဖော်ထားရပါမယ်” 

ဘန်လေရဲ့ ပွဲစဉ်မှာ ပွဲချိန် မိနစ်၉၀အတွင်း မိနစ်၇၀လောက်ကတော့ ပွဲမတိုင်မီ ကျွန်တော်တို့ ပြောခဲ့တဲ့အတိုင်း(အနိုင်ရဖို့) အတော်လေး နီးစပ်ခဲ့ပါတယ်။ဒါပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ ရလဒ်ကိုပဲ ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။” 

ဆောက်သမ်တန်နဲ့ ပွဲစဉ်မတိုင်မီမှာတော့ အသင်းရဲ့ အ၀တ်လဲခန်းအတွင်း မတည်ငြိမ်မှုတွေ ဖြစ်နေတယ်ဆိုတဲ့ သတင်းကိုလည်း ရင်းနစ်က ငြင်းဆိုခဲ့ပါတယ်။ 

“မရိုးသားစရာ ဘာမှ မရှိပါဘူး။ ဆောင်းပါးတွေ ၊သတင်းတွေထဲက ဟာတွေကို ကျွန်တော်ကတော့ တစ်ပုဒ်မှကို မဖတ်ခဲ့ဘူး.. ကျွန်တော်တို့ ကစားကွင်းထဲ အလုပ်လုပ်ပုံတွေကို ဗီဒီယို‌လေ့လားဆန်းစစ်မှုနဲ့ ကြည့်ရင် ကျွန်တော်တို့ တိုးတက်လာတယ်ဆိုတာ အသိသာကြီးပါ” 

ဘန်လေနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂျေးရိုဒရီဂွက်ဇ်ရဲ့ ချေပဂိုးကို ခွင့်ပြုလိုက်ရတဲ့အပေါ် မက်ဂွိုင်းယားကို ဝေဖန်ခဲ့ကြပေမယ့် ရင်းနစ်က‌တော့ သူ့ရဲ့ ကစားသမားကို ကာကွယ်သွားခဲ့ပါတယ်။ 

၀က်စ်ဟမ်းပွဲတုန်းကဆို သူတကယ်ကောင်းခဲ့ပါတယ်။ဘန်လေနဲ့ပွဲမှာ သာမန် ထိုးဖောက်မှုလေးကို ကျွန်တော်တို့ တားဆီးနိုင်ခဲ့သင့်ပါတယ်။ဒါပေမယ့် ခံစစ်မှာ ကျန်တဲ့သူတွေကလည်း မကောင်းခဲ့ပါဘူး။ဒီလို တန်ပြန်တိုက်စစ်မျိုးကို ကျွန်တော်တို့ ခွင့်မပြုခဲ့သင့်ပါဘူး။” 

မက်ဂွိုင်းယားဟာ ဒဏ်ရာကနေ ပြန်လာပြီး ၀က်စ်ဟမ်းနဲ့ ပွဲမှာ ကော‌င်းကောင်းကစားနိုင်ခဲ့တယ်။နောက်နေ့တွေမှာလည်း ဒီလိုပဲ စွမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်

ဒါပေမယ့်  ရင်းနစ်ရဲ့ပြောဆိုမှုတွေအကုန်လုံးက စိန့်နဲ့ပွဲအပြီးမှာတော့ အဟောသိကံဖြစ်ခဲ့ရပါပြီ။  မက်ဂွိင်းယားဟာ ရီစရာကောင်းနေဆဲဖြစ်သလို ၊ ရိုနယ်ဒိုကလဲ ဆိုးရွားတဲ့လွဲချော်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ အသင်းမှာလဲ သူတလူငါတမင်းကိစ္စရပ်တွေ အသံထွက်နေပြီး  နည်းပြအဖွဲ့ထဲကသူတွေကို နာမည်ပြောင်ပေးတာမျိုးအထိ မကြားဖူးတာတွေကြားနေရပါတယ်။

ဒီတော့ အမြဲတန်းဝေဖန်ပြောဆိုလေ့ရှိတဲ့  ဂန္တဝင်ကြီးတွေ ဘာပြောကြပါသလဲ။

ပေါလ်စခိုးလ်ဟာယူနိုက်တက်အသင်းရဲ့သရေရလဒ်နဲ့ပတ်သက်ပြီး နည်းပြ ရင်းနစ်ခ်ကိုဝေဖန်ထောက်ပြခဲ့ပါတယ်။  ” နည်းပြဟောင်းဆိုးလ်ရှားတုန်းကလဲအခုလိုဘဲမလား၊ ဘယ်မှာလဲအစီအစဥ်သစ်” ဆိုပြီး BT  Sports မှာ မေးခွန်းထုတ်ခဲ့ပါတယ်။

” ယူနိုက်တက်အသင်းကအခြေနေအားလုံးကို ပြောင်းလဲနိုင်ဖို့ အသင်းရဲ့အဓိကအားနည်းချက်လို့ ထင်ရတဲ့ နည်းပြနေရာကိုအပြောင်းလဲလုပ်လိုက်ပါတယ်။ ဒါပေမယ့်ကျွန်တော် ထင်တယ်ဗျ  ..  (၁၀)နှစ်လောက်နည်းပြအငွေ့အသက်နဲ့ဝေးပြီး အားကစားဒါရိုက်တာအဖြစ်လုပ်ကိုင်နေသူကိုအစားထိုးတာက ကျတော့အဆင်မပြေပါဘူး။ ကျွန်တော့်ကို အထင်မလွဲကြပါနဲ့အုံး! နည်းပြရင်းနစ်ကိုသဘောကျပါတယ် ၊ သူကတကယ်ကောင်းတဲ့နည်းပြတယောက် ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူ့ကိုကြည့်ရတာ နည်းပြအတွေ့အကြုံနဲ့နည်းနည်းဝေးနေသလားလို့ပါ။

ယူနိုက်တက်အသင်းမှာ တဦးချင်းကောင်းပြီးအ သင်းလိုက်ကစားပုံ၊ နည်းစနစ်ကအစ ဆောက်သမ်တန်အသင်းနဲ့လုံးဝကွာခြားနေတာကိုတွေ့ရပါတယ်။ ဒါကအသိသာကြီးပါ။ ကျွန်တော့်အမြင်ကတော့ရှင်းပါ တယ်။ တစ်သင်းမှာတော့နည်းပြတစ်ဦးရှိနေပြီး တခြားတသင်းမှာတော့ အားကစားဒါရိုက်တာတစ်ဦးရှိ​နေတယ် လို့မြင်ပါတယ် “ ဆိုပြီးဝေဖန်သွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ ဘောလုံးကိစ္စကလွဲပြီးအခြားပြသနာမရှိဘူးလို့ပြောရင်တော့  ဒါဟာ အမှန်မဟုတ်ဘူးလို့ပဲယူဆရမှာဖြစ်ပါတယ်။ နည်းပြဟာ ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြောကြားခဲ့တယ်။ ပြီးတော့ စည်းလုံးညီညွှတ်မှုမရှိဘူးဆိုတာကိုတော့ငြင်းခဲ့တယ်။ တချိန်ထဲမှာပဲ ကစားသမားတွေရဲ့လေးစားမှုကိုမရရှိပြန်ပါဘူး။

ယူနိုက်တက်အသင်းဘာဖြစ်နေပါသလဲ။  ဒီမေးခွန်းအတွက်  လောလောဆယ်အဖြေမရှိသေးပါဘူး။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: