အသက် ၂၃ နှစ်အရွယ် လီဂူး–1 ဂိုးသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်း
ဘာစီလိုနာအသင်းဟာ လာမည့်နွေရာသီ အပြောင်း အရွှေ့ဈေးကွက်မှာ လီဂူး-1ကလပ် နန့်တက်စ်ဂိုးသမား အယ်လ်ဘန်လာဖောင့်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း စပိန်သတင်းစာ Deportivo က ဖော်ပြခဲ့ပါတယ်။ အသင်း နံပါတ်တစ်ဂိုးသမား တာစတီဂျန်ပြီးနောက်
အရံဂိုးသမား နက်တိုကလည်းအသင်းကနေ ယခုနွေရာသီ ထွက်ခွာဖို့ပြင် ဆင်နေတာကြောင့် ယင်းနေရာမှာအစားထိုးရန်အတွက် ခေါ်ယူဖို့ပြင်ဆင်နေတာဖြစ် ကြောင်းသိရပါတယ်။
အသက် ၂၃ နှစ်အရွယ်ယင်း ဂိုးသမားဟာ လက်ရှိအချိန်အထိ နန့်တက်စ် အသင်းအတွက် ပွဲပေါင်း 92 ပွဲ ကစားထားပြီး ပြိုင်ပွဲစုံ ၂၁ ပွဲမှာ ဂိုးပေးထားခြင်းမရှိသေးပါ။ Transfermarket မှ ယင်းလူငယ်ဂိုးသမားဟာ ယူရို ၁၀ သန်းသာ တန်ကြေးရှိသည်ဟုဖော်ပြ ထားသော်လည်း ဥရောပအသင်းကြီးတွေက စိတ်ဝင်စားလာမူကို အခြေခံပြီးတန်ကြေးမြင့်တက်လာနိုင်တယ်လို့လဲ သိရပါတယ်။
ဒုတိယအကြိမ် ၆ ပွဲဆက်ဂိုးပေါက် ပျောက်ဆုံးနေမူနဲ့ကြုံတွေ့နေတဲ့ ရိုနယ်ဒို
မန်ယူနိုက်တက်အသင်းတိုက်စစ်မူးရိုနယ်ဒိုဟာ (၂၀၂၂)မှာ အသင်းတွက်ဂိုးတဂိုးမှသွင်းယူထားနိုင်ခြင်းမရှိသေးပါဘူး။ မနေ့ကကစားခဲ့တဲ့ဆောက် သမ်တန်အသင်းနဲ့ပွဲစဥ်မှာလဲ ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာကြောင်း သူ့အနေနဲ့ ပရီးမီယားလိဂ်မှာ (၆) ပွဲဆက်ဂိုးပေါက်ပျောက်ဆုံးနေတဲ့မှတ်တမ်းကိုလဲပိုင်ဆိုင်ခဲ့ရပါတယ်။ ယခင် (၂၀၀၈-၀၉)ရာသီမှာလဲ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ (၇)ပွဲဆက်ဂိုးမသွင်း နိုင်တဲ့မှတ်တမ်းဆိုးကိုပိုင်ဆိုင်ခဲ့ဖူးပါတယ်။
PSG နဲ့ပွဲအတွက်ပြင်ဆင်နေတဲ့ ဘန်ဇီးမား
ဘန်ဇီးမား ဟာအသေးစားဒဏ်ရာကြောင်း ပွဲစဥ်တချို့လွဲချော်ထားပါတယ်။ ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဥ်အတွက် လေ့ကျင့်ရေးအစီစဥ်မှာပါဝင်ခဲ့သော် လည်း ဒဏ်ရာအခြေနေမသက်သာတာကြောင့် ယင်းပွဲစဥ်ကိုလွဲချော်ခဲ့ပါတယ်။ ဗီလာရီးရဲလ်ကိုသရေကျပြီးတဲ့နောက်မှာ တိုက်စစ်မူးဘန်ဇီးမားက ဗီဒီယိုဖိုင်တခုနဲ့အတူ PSG အသင်းနဲ့ ချန်ပီယံလိဂ်ရှံး ထွက်ပွဲစဥ်အတွက် အပြင်းအထန်လေ့ကျင့်နေကြောင်း မျှဝေခဲ့ပါတယ်။
ဘရိုက်တန်ကစားသမားကို ချိန်ရွယ်နေတဲ့ ချဲလ်ဆီး
ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းရဲ့ကစားသမား အဒမ်ဝက်ဘ်စတာကို ချိတ်ဆက်နေတယ် ဆိုပြီး ကောလာဟလ သတင်းတွေထွက်ပေါ်လာပါတယ်။ ဂရေဟမ်ပေါ်တာလက်အောက်မှာခြေစွမ်းပြနေတဲ့ အသက် ၂၇ နှစ်အရွယ်နောက်ခံလူကို ချဲလ်ဆီးအသင်းဟာ သူတို့ရဲ့ထိပ်တန်းပစ်မှတ်တွေဖြစ်တဲ့ ကွန်ဒီလိုကစားသမားမျိုးနဲ့အတူ ခေါ်ယူအားဖြည့်ဖို့ပစ်မှတ်ထားနေတယ်လို့ သတင်းများကဖော်ပြလာတာဖြစ်ပါတယ်။
အမ်းမရိတ်ပွဲစဥ်ဟာ ပွဲကောင်းတစ်ကောင်းဖြစ်လာမယ်လို့ ဝုဗ်အသင်းခေါင်းဆောင် ကိုအာဒီပြောဆို
ဝုဗ်အသင်းခေါင်းဆောင် ကိုအာဒီက အာဆင်နယ်အသင်းနဲ့ပြန်ဆုံမယ့် အမ်းမရိတ်ပွဲစဥ်ဟာ ပွဲကောင်းတစ်ပွဲဖြစ်လာလိမ့်မယ်ဆိုပြီး ကြုံးဝါးပြောဆိုခဲ့တယ်။
“ ကျွန်တော်တို့ဟာအိမ်ကွင်းမှာ ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်က ပိုပြီးအခွင့်အရေးတွေယူသွားနိုင်ခဲ့ပါတယ်။ သူတို့က အသင်းကြီးဆန်ဆန်ကစားခဲ့တယ်။ ဒီလိုအခြေအနေမျိုးမှာ သူတို့ရဲ့အောင်ပွဲခံပုံကိုမြင်ရတဲ့အခါ ကျွန်တော်တို့ကတော့သဘောမကျမိပါဘူး။ လာမယ်အပတ်တွေထဲမှာပဲ ကျွန်တော်တို့တွေအမ်းမရိတ်ကွင်းမှာပြန်ဆုံပါဦးမယ်။ ဒီပွဲဟာ ပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ “ ဆိုပြီး BBC Radio 5 နဲ့တွေဆုံစဥ်မှာ ပြောသွားခဲ့ပါတယ်။
Leave a Reply