နံနက်ခင်း ချဲလ်ဆီး သတင်းမှတ်စု (9Feb)

နိုင်ငံအသင်းမှ​အပြီးအနားယူသွားတဲ့ ဇီယက်ချ်

ချဲလ်ဆီးအသင်းရဲ့မော်ရိုကိုတောင်ပံကစားသမား ဟာကင်ဇီယက်ချ်ဟာ နိုင်ငံလက်ရွေးစင်အသင်းကနေ အနားယူပြီဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ နည်းပြဖြစ်သူနဲ့အဆင်မပြေခဲ့တာကြောင့် AFCON လူစာရင်းမှာ ချန်လှပ်ခံခဲ့ပြီးတဲ့နောက်မှာ အခုလိုမျိုးကြေငြာသွားခဲ့တာဖြစ်ပါတယ်။ သူ့အနေနဲ့ ပရိတ်သတ်တွေရဲ့ ခံစားချက်ကို နားလည်ပေမယ့် “ နောက်ဆုံး ဆုံးဖြတ်ချက် “ ကို ချခဲ့ပြီဖြစ်ကြောင်းပြောဆိုသွားခဲ့တာဖြစ်ပါတယ်။​ရှေ့ဆက်ပြီး ကလပ်အသင်းကိုသာ အာရုံစိုက်သွားမှာဖြစ်ကြောင်းလိုလဲပြောသွားခဲ့ပါတယ်။

မန်ဒီကိုလေးလေးနက်နက်ချီးကျူးရင်း အကောင်းဆုံးဂိုးသမားတစ်ယောက်အဖြစ်ရွေးချယ်လိုက်တဲ့ ဖာဒီနန်

ဂန္တဝင်ကစားသမား ရီယိုဖာဒီနန်က သူ့ရဲ့ Five Youtube Channel မှတစ်ဆင့် လက်ရှိဘောလုံးလောကရဲ့အကောင်းဆုံးဂိုးသမား ၃ ဦးကိုရွေးချယ်ပေးခဲ့ရာမှာ  ပူပူနွေးနွေး AFCON Winner မန်ဒီလဲ ပါဝင်လာခဲ့ပါတယ်။  “ ဒီနေ့ခေတ်ဘောလုံးလောကရဲ့ အကောင်းဆုံးဂိုးသမားတွေကိုရွေးရရင်တော့ ၃ ယောက်ရှိပါတယ်။  သူတီု့တွေအားလုံးက ပရီးမီးယားလိဂ်ကဖြစ်နေတော့ ဘက်လိုက်တယ်လို့ တောင်ပြောကြမလားပဲ။ ဒါပေမယ့်  မန်ဒီ ၊ အီဒါဆင်နဲ့ ဒီဂီယာတို့ကိုပဲ ကျွန်တော်ကတော့ရွေးပါတယ်  “  လို့ပြောသွားခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးမန်ဒီနဲ့ပတ်သတ်လို့ “  မန်ဒီကတော့ ကျွန်တော်သိပ်ကြိုက်တဲ့သူပါပဲ၊ အထူးသဖြင့် ပြီးခဲ့တဲ့ရာသီမှာ သူလုပ်ဆောင်သွားတာတွေက ထူးခြားလွန်းပါတယ်  “ ဆိုပြီးချီးကျူးသွားခဲ့ပါတယ်။

တူချယ်ရဲ့ Covid အခြေအနေကြောင့်  ပီတာချက် လဲ နည်းပြအဖွဲ့ထဲပါဝင်လာ

Covid 19 ကြောင့်ကာတာနိုင်ငံခရီးစဥ်ကိုလိုက်ပါနိုင်ခြင်းမရှိတဲ့  နည်းပြတူချယ်ကြောင့်  အမှုဆောင်တစ်ဦးလဲဖြစ် ၊ ဂန္တဝင်လဲဖြစ်တဲ့ ပီတာချက်ဟာ နည်းပြအဖွဲ့ထဲမှာပါဝင်လာပြီဖြစ်ပါတယ်။  လက်ထောက်နည်းပြဖြစ်သူ ဇိုလ်လိုး ကနည်းပြအဖြစ်တာဝန်ယူမယ်လို့ ခန့်မှန်းရပြီး  ပီတာချက်ကတော့ လေ့ကျင့်ရေးနဲ့ အစည်းအဝေးတွေမှာ ဝင်ရောက်တာဝန်ယူပေးမှာဖြစ်တယ်လို့သိရပါတယ်။ လက်ထောက်နည်းပြ လိုးက “ အသင်းမှာ ကေင်းမွန်တဲ့ စနစ်တွေရှိတာကြောင့် ဒီစိန်ခေါ်မှုကိုကောင်းကောင်းကျော်ဖြတ်နိုင်မှာပါ။ ပီတာကလည်းလိုအပ်တဲ့ထောက်ပံမှုတွေအကုန်လုပ်ပေးမှာဖြစ်ပါတယ် “ လို့ပြောခဲ့ပါတယ်။

ချန်ပီယံလိဂ် လူစာရင်းမှာ ကနေဒီပါဝင်လာ

ချဲလ်ဆီးအသင်းဟာ   စတုတ်စီးတီးအသင်းကိုပြောင်းရွေ့သွားတဲ့ကစားသမား လူးဝစ်ဘိတ်ကာ အစား  ဘရာဇီးတောင်ပံလူကနေဒီကို အသင်းရဲ့  ချန်ပီယံလိဂ် လူစာရင်းမှာထည့်သွင်းခဲ့တယ်လို့  UEFA Website မှာဖော်ပြလာပါတယ်။  ကနေဒီဟာ ယခုရာသီဝက်မှာ အငှားကနေပြန်ရောက်လာသူဖြစ်ပြီး နောက်ခံလူနေရာမှာလည်း အစားထိုးကစားပေးနိုင်မယ့်သူဖြစ်ပါတယ်။

စာချုပ်သစ်အတွက်သဘောတူညီမှုရသွားခဲ့တဲ့ ချဲလ်ဆီးပစ်မှတ်

ချဲလ်ဆီးအသင်းရဲ့ပစ်မှတ်ကစားသမားတစ်ဦးဖြစ်တဲ့သီအိုဟာနန်ဒက်စ်ဟာ  မကြာခင်အချိန်မှာပဲ  အေစီမီလန်အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုတော့မှာဖြစ်တယ်လို့  Calciomercato Web ကဖော်ပြလာပါတယ်။ အဆိုပါစာချုပ်ဟာ  ၅နှစ်သက်တမ်းရှိမှာဖြစ်ပြီး စုစုပေါင်းတန်ဖိုး သန်း၂၀ ခန့်ရှိမယ်လို့ ခန့်မှန်းရပါတယ်။  ချဲလ်ဆီးအသင်းဟာ နောက်ခံလူတွေကို ဆက်လက်ထိမ်းသိမ်းထားဖို့ကြိုးစားနေရဆဲဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: