ဇီယက်ကိုပြန်လည်အားဖြည့်ခေါ်ယူမှာမဟုတ်ကြောင်း ပြောလာတဲ့ မော်ရိုကိုအသင်းနည်းပြ

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင်မော်ရိုကိုအသင်း ကွာတားဖိုင်နယ်မှထွက်ခဲ့ရသော်လည်း လက်ရွေးစင်နည်းပြက ဇီယက်ခ်ျအား အသင်းတွင်ပြန်လည်ခေါ်ယူမှာ မဟုတ်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။ အကြောင်းပြချက်ခိုင်ခိုင်မာမာမဖော်ပြထား ပေမယ့်သူ့အနေနဲ့ ဇီယက်ချ်ဟာလေ့ကျင့်ရေးကွင်း မှာအာရုံစူးစိုက်မူအားနည်းခြင်း၊ ပျင်းရိတဲ့ပုံစံတွေကိုမြင်တွေ့ရတာကြောင်း ဆက်လက်ထိန်းထားဖို့ စိတ်ပျက်သွားကြောင်းကိုလဲ ထပ်လောင်းပြောကြား ထားပါတယ်။

ဒါပေမယ့်မီဒီယာတွေအနေနဲ့ဖော်ပြခဲ့ကြတာကတော့ ဇီယက်ချ်ဟာ ဒဏ်ရာပြဿနာကြောင့်သာ အသင်းကထွက်ခွာသွားတာဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါသေးတယ်။ မော်ရိုကိုအသင်းဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်မှာ အီဂျစ်အသင်းကို ၂ – ၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။ ယင်းအပေါ်မှာ ပရိတ်သတ်များက ဇီယက်ချ်လို ကစားသမားမျိုးကို လိုအပ်ကြောင်း၊​ သူနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အတွက် အသင်းနည်းပြဖြစ်သူ ဟလိုဟိုဂျချ်ကိုဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

ဇီယက်ချ်ဟာ နိုင်ငံအသင်းတွက် ပွဲ ၄၀ မှာ ၁၇ ဂိုး သွင်းယူ​ပေးထားတဲ့ ကစားသမားတယောက် ဖြစ်ပြီးအသင်းရဲ့အဓိကကစားသမားဆိုလဲမမှားပါဘူး။ ဒါပေမယ့် အခုလိုကစားသမားတယောက်ကို ထုတ်ပယ်လိုက်ရတာကသူ့အတွက်နောင်တရစရာကိစ္စမဟုတ်ကြောင်းကိုလဲပြောကြားခဲ့ပါတယ်။

နည်းပြက

“ သူဟာဘယ်လိုကစားသမားတယောက်လဲဆိုတာ အကုန်လုံးကသိကြမယ်ထင်ပါတယ်။ ကောင်းတဲ့အရည် ချင်းတွေရှိပေမယ့် အသင်းကိုဟန်ချက်ညီအောင် မစွမ်းဆောင်ပေးနိုင်ရင်အလကားပါပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော့်အနေနဲ့ သူ့ကို လွန်ခဲ့တဲ့နှစ်တွေကလဲ သတိပေးခဲ့ပါသေးတယ်။

မကစားချင်ဘူး၊ မလေ့ကျင့်ချင်ဘူး၊ အလေးအနက်မထားချင်ဘူးဆိုရင် အဲ့ကစားသမားကို ဘာလုပ်ရမလဲပေါ့။ ကျွန်တော်ရွေးချယ်ထားတဲ့ ကစားသမားတွေက နိုင်ငံအတွက် အကောင်းဆုံးတွေပါ “

ဇီယက်ချ် အတွက် နိုင်ငံတကာဘောလုံးလောကသို့ ပြန်လည်ရွေးချယ်ခံရဖို့ နည်းလမ်းမရှိသေးပေမယ့်လည်း နည်းပြအ​နေနဲ့ ပြိုင်ပွဲအတွင်း အခွင့်အရေးများကို ဂိုးအဖြစ် ပြောင်းလဲရန်အတွက်တိုက်စစ်အားသန်ကစားသမားလိုအပ်ကြောင်းကိုလဲဝန်ခံခဲ့ပါတယ်။

“ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ရုန်းကန်နေရတဲ့နိုင်ငံအသင်းထဲက ကစားသမားတစ်ယောက်လို မဟုတ်ဘဲ ပြုမူနေတဲ့ပုံစံတွေကို ကျွန်တော့်ရဲ့ နည်းပြဘ၀မှာ ပထမဆုံးအကြိမ်အဖြစ်မြင်တွေ့ခဲ့ရပါတယ်။ သူ့ကိုသတိပေးထားခဲ့တဲ့အရာတွေကိုတော့ မမေ့သင့်ပါဘူး။ သူ့နေရာမှာ မက်ဆီ ဆိုရင်တောင်မှ အဲ့ဒီလိုအပြုမူနဲ့ကစားသမားမျိုးဆိုရင် ရွေးချယ်နိုင်စရာအကြောင်းမရှိပါဘူး “

မော်ရိုကိုအသင်းဟာ မတ်လကုန်တွင် ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားသို့ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရဖို့ ခြေစစ်ပွဲ play-off ပွဲစဥ်အဖြစ်  ကွန်ဂိုနဲ့ ကစားရမှာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခြေအနေအတိုင်းသာဆိုပါက ဇီယက်ချ်ရဲ့ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်ချက်ကတော့ အလှမ်းဝေးနေအုံးမှာ ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

Website Powered by WordPress.com.

Up ↑

%d bloggers like this: